အိမ်မက်ဆုံရာပွဲ ပြီးကတည်းက ပိုက်ဆံတွေ မတရားတောင်းတယ်ဆိုတာ မဟုတ်ပါဘူးလို့ဆိုတဲ့ ရဲသွေးနောင်

img_2334.jpg

ရဲသွေးနောင်ကို သူ့ရဲ့အနုပညာလှုပ်ရှာမှုတွေ နဲ့အတူ၊ သူ့ရဲ့စိတ်နေသဘောထား ၊စိတ်ခံစားချက် အမြင်လေးတွေကိုမေးမြန်း ဖြစ်ခဲ့တဲ့အခါ ‘အခုလတ်တလောမှာတော့ အိမ်မက်ဆုံရာမောင် နှမတွေဖြစ်တဲ့  ကျွန်တော်ရယ်၊ ရှိုင်းဝေယံ၊ စောဖြိုးဝေကျော်၊ ဝေယံကျော်၊ စုလှိုင်မျိုးသိန်း၊ အေးချမ်းမိုး၊ သူဇာလင်းတို့နဲ့ ခုနှစ်စင်ကြယ် ဆိုတဲ့ ဒီဗီဒီအခွေထွက်ဖို့ရှိပါတယ်။ ဒီခုနှစ်စင်ကြယ် အခွေထဲမှာ ပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂီတအမျိုးအစားတွေပဲ ပါဝင်ပါတယ်။ ကျွန်တော့်ရဲ့ သီချင်းတစ်ပုဒ်ကတော့ Reggae ဂီတပုံစံမျိုးထည့်ထားပါတယ်။  ခုနှစ်စင်ကြယ် ဒီဗီဒီ ကို၁၉ရက်နေ့ ကမ္ဘာအေးဂမုန်းပွင့် ညနေ၅နာရီမှာ promotion ပွဲလေး ပြုလုပ်သွားမှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော့်ရဲ့တစ်ကိုယ်တော် တေးစီးရီးအတွက် လုပ်နေပါတယ်။ မကြာခင် မှာပရိသတ် ဆီကိုရောက်ရှိတော့မှာပါ။ ဒီအခွေထဲမှာ POP ၊ R&B ဂီတအမျိုးအစားတွေပါမယ်။ တေးရေး မြင့်မိုးအောင်၊ ကေအေတီ၊  သောမတ်စ်၊ စောဖြိုးဝေကျော်နဲ့ တေးရေးဆရာအသစ် တွေရေးပေးထား ကြတယ်။’လို့ ပြောပါတယ်။ နောက်ပြီး သူ့ရဲ့ ဆံပင်ပုံစံပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီးမေးကြည့် လိုက်တော့ ‘ဆံပင်ပုံစံကိုအပြောင်းအလဲလေး ဖြစ်ချင်တာလည်းပါတယ်။ ပရိသတ် အမြင်မှာ ရိုးသွားမှာလည်း စိုးတယ်လေ။ အရင်တုန်းက ဆံပင်အထောင်လေးနဲ့ကျတော့ လူပုံစံနုနုလေးပေါ့။ အခုကျတော့ ကိုယ့်ကိုကိုယ် ရင့်ချင်တာလည်းပါတယ်။ နောက်ပြီးကိုယ့်ကိုကိုယ် ရင့်ကျက်လာတဲ့ ပုံပေါက်ချင် တာလည်းပါပါတယ်။ အ၀တ်အစားနဲ့ဆံပင်ပုံစံက လူကိုပြောင်းလဲစေတယ်လေ။’လို့လည်း သူက ပြောသွားပါသေးတယ်။

ဒါ့အပြင် ပရိသတ်အချို့က သူနဲ့ပတ်သက်ပြီး သတင်းမှားတွေသိထားတာနဲ့ ပတ်သက်ပြီးတော့လည်း ‘လူဆိုတာတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း မတူနိုင် ကြဘူးလေ။ ဒါနဲ့ပတ်သက်ပြီး သိပ်ပြီးပြောချင်တာတော့မရှိပါဘူး။ ကျွန်တော့်ဆိုရင် သူပုတ်လေလွင့် ပြောကြတယ်။ အိမ်မက်ဆုံရာ ပြိုင်ပွဲပြီးကတည်းက အရမ်းပိုက်ဆံတွေ မတရားတောင်းတယ် ဆိုပြီးပြောကြပါတယ်။ တစ်ချို့ ပွဲတွေမှာဆိုဖို့ ငြင်းလိုက်ရတဲ့ အတွက် ကိုယ့်ကိုပွဲခေါ်တဲ့အခါမှာ ခေါ်မရလို့ ဒီလိုပြောကြတာပါ။ ကျွန်တော် ခံခဲ့ရဖူးပါတယ်။ ကိုယ်ကိုယ်တိုင်သာအသိဆုံးပါ။ ဘုရားလဲသိပါတယ်။ ကျွန်တော့်ကိုပွဲစီစဉ်ဖူးတဲ့သူတိုင်းသိပါတယ်။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းထဲမှာမထည့်ထားချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းအာရုံနောက် ပြီး စိတ်ရှုပ်စရာကောင်းတဲ့ကိစ္စ ဖြစ်တယ်။ ပြီးတော့ အရမ်းလဲဝမ်း နည်းတယ်။ စိတ်မကောင်းလဲ ဖြစ်မိပါတယ်။  ကျွန်တော့် အကြောင်းကိုသိတဲ့ တစ်ချို့အဆိုတော်ဆို နားလည်ပါတယ်။ မသိတဲ့ အဆိုတော် တစ်ချို့တွေကသာပြော ကြတာဖြစ်မှာပါ။ ကျွန်တော့် ဘ၀မှာ အကြောက် ဆုံး နှစ်ခုရှိပါတယ်။ ပရိသတ် မုန်းမှာကြောက် တာရယ်၊ ကိုယ့်ရဲ့ဂီတသား အချင်းချင်းမုန်းမှာကို အရမ်းကြောက်ပါတယ်။ အဲဒါကြောင့် ဘာမှ ပြောချင်စိတ်ကိုမရှိတော့ပါဘူးလို့’ သူက ပြောပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.