ဖက်ရှင်နဲ့ ပတ်သက်ပြီး ကိုယ်မလိုအပ်တဲ့ အရာတွေ မ၀ယ်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်သင့်လဲ

o-shopping-bags-facebook.jpg_online_stores_for_plus_size_teenagers.jpg

ရှော့ပင်းစင်တာာ တစ်ခုသွားရင် ကိုယ်ဝယ်မှာက တစ်ခု၊ တကယ်ဝယ်လိုက်တာ တစ်ခု ဖြစ်တတ်သလို၊ တစ်ခါတစ်လေ သူငယ်ချင်းနဲ့ အဖော်လိုက်သွားပေးရင်း သူက မ၀ယ်ဖြစ်ပဲ သင်ကချည်း ၀ယ်ဖြစ်သွားတာမျိုး၊ ၀ယ်လိုက်မိတဲ့ အရာတွေကလည်း သင့်မှာရှိပြီးသားတွေချည်း ဖြစ်နေတာမျိုးတွေ ကြုံနေရတယ်ဆိုရင် ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်ပြီး ရှိပြီးသားအရာတွေ ထပ်မ၀ယ်ဖြစ်အောင် လုပ်ဆောင်ကြည့်ပါ။

၁။ပထမဆုံး သင့်အ၀တ်ဗီရိုကို သေချာစီစစ်ကြည့်ပါ။

ပထမဆုံးအနေနဲ့ သင့်အ၀တ်ဗီရိုထဲက အရာတွေကို နည်းနည်းစာရင်းလုပ်ကြည့်ဖို့ လိုပါတယ်။ ဒီတော့ စာရွက်လေးနဲ့ဖြစ်ဖြစ် သင်အမြဲတမ်း ပုံမှန်သုံးဖြစ်တဲ့ အရာတွေကို ရေးလိုက်ပါ။ သူတို့အားလုံးက အကောင်းအတိုင်း အမိုက်စား ရှိနေသေးရင် နောက်တစ်ခါ ဈေးဝယ်ထွက်တဲ့အခါ အဲ့ဒါမျိုးတွေ ထပ်မ၀ယ်ဖြစ်အောင် စိတ်ကို တင်းထားပါ။ ဒါ့အပြင် သင်လုံး၀၀တ်လို့ အဆင်မပြေတော့တဲ့ အရာတွေကိုလည်း စာရင်းလုပ်ထားပြီး ထပ်မ၀ယ်ဖြစ်အောင် ကြိုးစားပါ။

၂။သင့်အတွက် တကယ်လိုအပ်နေတာ ဘာတွေလဲဆိုတာ စာရင်းလုပ်ထားပါ။

တစ်ခါတစ်လေ သင့်ဆီမှာ အကျီအဖြူရောင် ဗြောင်တစ်ထည်သေချာလိုအပ်နေတာမျိုး ရှိတတ်ပါတယ်။ ရှိပြီးသားအကျီလေးက စွန်းသွားတာမျိုး ဖြစ်သွားလို့ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် အဲ့ဒီလိုမျိုး တကယ်လိုနေတာကို မ၀ယ်ဖြစ်ပဲ ဘေးချော်ပြီး အခြားသောအရာတွေကိုသာ ၀ယ်ဖြစ်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ရှိသင့်တဲ့အရာတွေကို စာရင်းလုပ်ထားလိုက်ပါ။ နောက်တစ်ခါ ဈေးဝယ်ထွက်တဲ့အခါ စာရင်းကို ယူသွားပြီး စာရင်းထဲက အရာတွေကို ၀ယ်ဖြစ်အောင် ၀ယ်လိုက်ပါ။

၃။မ၀ယ်ခင် ခဏရပ်ပြီး စဉ်းစားပါ။

ဟိုကြည့်ဒီကြည့်နဲ့ သင့်မျက်လုံးထဲ လိုချင်စရာလေးတစ်ခု တွေ့လာတယ်ဆိုရင် အချိန်ခဏလေးပေးပြီး ဒါကို ငါဝယ်သင့်သလား၊ ငါသုံးမယ့် ပိုက်ဆံအရေအတွက်ထက် ပိုများသွားပြီလား၊ ငါတကယ်ရော ၀တ်ဖြစ်မှာလား၊ အိမ်မှာ ရှိနေတဲ့ ဘယ်အရာမျိုးနဲ့ သွားတူနေသလဲ စတာတွေကို သေချာစဉ်းစားပြီးမှာ ဆုံးဖြတ်ပါ။

၎။လျှော့ဈေးနဲ့ရောင်းတိုင်း တန်တယ်ဆိုပြီး မ၀ယ်ပါနဲ့။

တစ်ခါတစ်လေ လျှော့ဈေးတွေ ပေးနေတာမို့ ၀ယ်ထားလိုက်မယ်၊ ဘာဖြစ်ဖြစ် တန်တယ်ဆိုပြီး မျက်လုံးမှိတ်ဝယ်ခြမ်းလိုက်တာဟာ တကယ့်လက်တွေ့မှာ ကိုယ့်အတွက်လည်း အသုံးမ၀င်၊ ၀တ်လည်းမ၀တ်ဖြစ်တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် လျှော့ဈေးပေးတိုင်း မ၀ယ်ပါနဲ့။

၅။ဈေးဝယ်ထွက်တော့မယ်ဆိုတိုင်း ငွေဘယ်လောက်ပဲ သုံးမယ်ဆိုတာမျိုး စိတ်ပိုင်းဖြတ်ထားပါ။

ဈေးဝယ်ထွက်ပြီး အိမ်ပြန်ရောက်မှ ငါဝယ်တာတွေ များသွားပြီ၊ ပိုက်ဆံတွေ ကုန်ပါပြီဆိုပြီး စိတ်ထဲဘ၀င်မကျ ဖြစ်နေမယ့်အစား ဈေးဝယ်မထွက်ခင်ကတည်းက ငါ ငွေဘယ်လောက်ပဲ သုံးမယ်၊ ဒီ့ထက်ပိုမသုံးဘူးဆိုပြီး စိတ်ကို ပိုင်းဖြတ်ထားဖို့ လိုပါတယ်။

၆။ငွေစုတဲ့ အကျင့်လေးကို စတင်လိုက်ပါ။

သင်ဟာ တစ်ခုခုအတွက် ငွေစုမယ်ဆိုရင် သင်ရှော့ပင်ထွက်ခါနီးတိုင်းမှာလည်း ငါ ဘယ်လောက်ပဲ သုံးမှ ဖြစ်မယ်ဆိုတဲ့စိတ်မျိုး ရှိနေပါလိမ့်မယ်။ တစ်ခုခုအတွက်ဆိုပြီး ငွေမစုဖြစ်ရင်တောင် သင့်ရှေ့ရေးအတွက် ငွေစုကို စုမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ စုဆောင်းဖို့ လိုပါတယ်။ ဒီတော့ တစ်ပတ်ကို ဘယ်လောက်မဖြစ်ဖြစ်အောင် စုမယ်ဆိုပြီး စိတိဆုံးဖြတ်ထားလိုက်ပါ။

 

Ref:herworldplus

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.