Mac အတွက် Messenger app ကို ဖေ့စ်ဘွတ်ခ် စီစဉ်ဆောင်ရွက်လျက်ရှိ

capture.png

Apple သုံးစွဲသူများအဖို့ အဆင်ပြေစေရန် Mac အတွက် Facebook Messenger app ကို ဖေ့စ်ဘွတ်ခ်မှ ဖန်တီးလျက်ရှိတယ်လို့ သတင်းမီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

ကိုယ့် friend တွေဆီ စာတိုပေးပို့ဖို့ Browser tab မြောက်များစွာကြား လိုက်ရှာနေစရာမလိုတော့ဘဲ သီးခြား Messenger desktop app မကြာမီ ရရှိနိုင်တော့မယ်လို့ Tech Crunch က ဖော်ပြထားပါတယ်။

Mac အတွက် ဖေ့စ်ဘွတ်ခ်ဝန်ထမ်းများမှ Facebook Messenger ပြုလုပ်နေကြကြောင်း ဓာတ်ပုံအထောက်အထားနဲ့ မျက်မြင်သတင်းသက်သေရှိတယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။

ယင်းမျက်မြင်သတင်းသက်သေနဲ့ ဓာတ်ပုံအရ ဝန်ထမ်းမှ အသုံးပြုနေတဲ့ app မှာ icon အနေနဲ့ Messenger logo ပါဝင်ပြီး menu bar မှာ Messenger လို့ နာမည်ပေးထားကြောင်း သိရပါတယ်။

ပုံထဲမှာ ဝန်ထမ်းမှ အောက်ဘက် ဘယ်ဘက်ခြမ်းမှာ navigation tab bar တစ်ခု ပါဝင်တဲ့ app ကို ပြုလုပ်နေတာ တွေ့နိုင်တယ်။ ၄င်းမှာ Recent, Groups, People နဲ့ Settings အပါအဝင် iOS mobile app အတွက် တရားဝင် Messenger ထဲက tab bar option တွေနဲ့ အံကိုက်ဖြစ်နေပါတယ်။ တရားဝင် မဟုတ်တဲ့ version တွေမှာ ဒီ tab bar မရှိဘူးကြောင်း သိရပါတယ်။

ဖေ့စ်ဘွတ်ခ်အနေနဲ့ တရားဝင် ထွက်မလာသေးတဲ့ Mac အတွက် Messenger app ကို တရားဝင် အတည်ပြုမပြောဆိုဖို့ တားမြစ်ထားကြောင်း သတင်းအရင်းများက အခိုင်အမာဆိုထားပါသေးတယ်။ 

Ref: Indiatimes

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.