၂၀၁၆ ထဲမှာ ဗီဒီယို ၅ ကား လက်ခံထားတဲ့ သူရိယက စင်ကာပူကို ဖျော်ဖြေရေးအနေနဲ့သွားဖို့ရှိတယ်လို့သိရ

12527589_1695216337403944_1213281831_n.jpg

လိမ္မာစမ်းပါ သားရယ်ဆိုတဲ့ ကားလေးကို ထွက်ရှိထားတဲ့ သူရိယက လက်ရှိမှာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာသလို ၂၀၁၆ ထဲမှာလဲ ဗီဒီယို ၅ကားလက်ခံထားပြီး ရှိုးအနည်းငယ်ပါဆိုဖြစ်နေတဲ့အတွက် သူရိယ လက်ရှိရိုက်ကူးနေတဲ့ ဆဲဗင်းကာလာဆိုတဲ့ ရုပ်ရှင်ကားကြီးအကြောင်း မေးမြန်းကြည့်တဲ့အခါ

"အခုလက်ရှိက ဒါရိုက်တာ ပြည်ဟိန်းသီဟနဲ့ ဆဲဗင်းကာလာ ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်နေတယ်။ မင်းသမီးက ရွှေမှုန်ရတီပါ။ မင်းသမီးက ၇လက်ပါတယ်။ အကြီးတန်းတွေရောပေါ့။ ပြီးတော့ လူရွှင်တော်တွေလဲ အများကြီးပါပါတယ်။ ဒီကားလေးထဲမှာ ကျွန်တော့ ကာရိုက်တာက အဒေါ်ခုနစ်ယောက်မှာ တူမလေးရှိတယ်။ အဲ့ဒီ့တူမလေးကိုကျတော့ ရည်းစားပေးမထားဘူး။ အဒေါ်ခုနစ်ယောက်က ရည်းစားကိုယ်စီရှိတယ်။ ရွှေမှုန်ရဲ့ ရည်းစားနေရာက ကျွန်တော်က ပါဝင်သရုပ်ဆောင်ထားပါတယ်"လို့ သူက ပြောပြပါတယ်။

လက်ရှိမှာ ထွက်ရှိထားတဲ့ လိမ္မာစမ်းပါသားရယ် ဗီဒီယိုကားလေးနဲ့ပတ်သက်ပြီးတော့လဲ သူက "ဖေ့စ်ဘုတ်ကနေ ဆက်သွယ်လာကြတယ်။ အဲ့ဒီကားလေးကတော်တော်လေးလဲ ပေါက်တယ်။ အရင်ကားတွေထက် ပိုပေါက်တယ်လို့ပြောလို့ ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဇာတ်ကားတွေ အထွက်ကျဲနေတဲ့အချိန်မှာ ထွက်လာတဲ့ကားလေးမို့လို့ကျေနပ်တယ်။ ပရိသတ်နဲ့အဆက်အသွယ်မပြတ်ဘူးလို့လဲခံစားရပါတယ်"တဲ့။

ဂျာကင်ဟောင်းလေးဇာတ်ကားမှာ ဒုတိယမင်းသားနေရာကနေ ပါဝင်ဖြစ်တဲ့ အကြောင်းကိုတော့ "အဲ့ဒီကားလေးထဲမှာ ကျောင်းရဲ့ ကင်းနေရာကနေသရုပ်ဆောင်ရတာပေါ့။ အဲ့ဒီကားလေးကတော့ ၂လပိုင်းလောက် ထွက်မယ်ထင်ပါတယ်။ ကျွန်တော်အဲ့ဒီကားလေးကို လက်ခံဖြစ်တာက အဲ့ဒီတုန်းက ကျွန်တော်ကလဲ အဆက်အသွယ်ပြတ်နေတယ်။ အပြိုင်ဇာတ်လေး လာပေးတယ်။ အဲ့ဒါနဲ့လွှမ်းပိုင်တို့နဲ့ ရိုက်ဖြစ်သွားတာပါ။ အဲ့ဒီတစ်ကားပဲ ။ ဒုတိယမင်းသားနေရာကပေါ့။ ကျန်တဲ့ကားတွေကတော့ ခေါင်းဆောင်အနေနဲ့ပဲ ထွက်လာဖို့ရှိပါတယ်။ ပရိသတ်နဲ့အဆက်အသွယ်ပြတ်သွားတဲ့အတွက် တခြားရိုက်ရက်တွေက လဲ ဝေးနေသေးတဲ့ အတွက် ဂျာကင်ဟောင်းလေးကားကို လက်ခံပြီးရိုက်ဖြစ်တာပါ။"လို့ သူက ဆိုသွားပါတယ်။

သူရိယရဲ့ ၂၀၁၅ သုံးသပ်ချက်နဲ့ ၂၀၁၆ အတွက် သူစိတ်ကူးထားတဲ့ အရာတွေကတော့ "ကိုယ့်ရဲ့ အနုပညာပိုင်းက အားနည်းတာတွေလဲရှိတယ်။ အားသာတာတွေလဲရှိတယ်။ ၂၀၁၆အတွက်ကိုတော့ အကောင်းဆုံးပြင်ဆင်ပြီးကြိုးစားသွားမယ်။ ၂၀၁၆ အတွက်က ဗီဒီယိုငါးကား လက်ခံထားတယ်။ အမြင်ဆန်းအောင်လို့အနုပညာတင်ပြပုံအသစ်တွေနဲ့ပဲ တင်ပြသွားမယ်။ စင်ကာပူကို ဖျော်ဖြေရေးအနေနဲ့သွားဖို့ရှိပါတယ်။  Miss ပွဲနဲ့အတူလဲ စင်ကာပူမှာ သီချင်းသွားဆိုဖို့ရှိပါတယ်။ သီချင်းဆိုတာကိုလဲ စိတ်ဝင်စားတယ်။ အခွေလုပ်ဖို့လဲ အစီအစဉ်ရှိတယ်။ ကားရိုက်တွေ အားတဲ့အခါမှာလဲ ဖြေးဖြေးချင်းဂီတဖက်ကို လုပ်သွားဖို့ရှိတယ်။ လေ့လာသွားဖို့ရှိပါတယ်"တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.