ဘ၀မှာ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ မူကြိုကျောင်းက လေ့ကျင့် သင်ကြားပေးလိုက်တဲ့ အရာများ

stocksy_txpc17c0258nox000_small_769321.jpg

သင်ဟာ အခုချိန်မှာ အောင်မြင်တဲ့ စီးပွားရေးသမား တစ်ယောက် ၊ လုပ်ငန်းရှင်တစ်ယောက် ၊ ၀န်ထမ်းတစ်ယောက် ၊ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်နေပြီဆိုရင် သင့်မှာ ဘာကိုမှ ဂရုမစိုက်ပဲ ပြေးလွှားဆော့ကစားခဲ့တဲ့ မူကြိုကျောင်းသား ဘ၀လေးကို ပိုင်ဆိုင်ခဲ့ဖူးမှာပါ။ အဲဒီလို ကျောင်းသွားရမှာ ဘယ်တော့မှာ ပျင်းစရာမကောင်းခဲ့တဲ့ မူကြိုကျောင်းဟာ သင့်ကို အခုလို လက်တွေ့ ဘ၀မှာ အောင်မြင်စွာ ရပ်တည်နိုင်စေမယ့် အခြေခံ အရည်အချင်းတွေကို သင်ပြပေးခဲ့ဖူးပါတယ်။ အဲဒါတွေကတော့  
 

၁။ အသင်းအဖွဲ့စိတ်ဓါတ်
 

မူကြိုကျောင်းဟာ သင့်ကို အသင်းအဖွဲ့ စိတ်ဓါတ် ကို အပြည့်အ၀ ရိုက်သွင်းပေးခဲ့တာပါ။ သင်ဟာ အသင်းအဖွဲ့နဲ့ညီညီညွတ်ညွတ် မဆောင်ရွက်ပဲ တစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်စွာ လုပ်ဆောင်ခဲ့မှုကြောင့် မူကြိုကကျွေးတဲ့ နေ့လည်စာ ကို အားလုံးထက်နောက်ကျပြီးမှ စားခဲ့ရတဲ့ အတွေ့အကြုံတွေ လည်း ပိုင်ဆိုင်ခဲ့ဖူးမှာပါ။
 

၂။ သမရိုးကျ မဟုတ်တဲ့ ဖန်တီးမှုများ
 

မူကြိုကျောင်းဟာ သင့်ကို အရာရာ ကို လွတ်လပ်စွာ ဖန်တီးခွင့်ပေးတဲ့နေရာပဲဖြစ်ပါတယ်။ သင်ဟာ မူလတန်း စတက်ပြီဆိုတာနဲ့ စာ တွေကို စသင်ရပါပြီ။ ဒါပေမယ့် ကမ္ဘာကြီးမှာ တစ်ကယ်လိုအပ်နေတက ဖန်တီးနိုင်စွမ်းတွေပါ။ မူကြိုကျောင်းမှာ လွတ်လပ်စွာ ဖန်တီးခဲ့တဲ့အမှတ်တရ တွေဟာ အသက်ကြီးလာတာနဲ့ အမျှ သင့်ရဲ့  ၀ါသနာတွေဖြစ်လာသလို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုလည်း ပြန်ဖြစ်လာနိုင်ပါတယ်။  
 

၃။ ကိုယ်ကကောင်းမှ သူပြန်ကောင်းမယ်ဆိုတာကို နားလည်ခြင်း
 

မူကြိုကျောင်း တတ်တဲ့အရွယ်ဟာ ဟန်ဆောင်မှုတွေမပါပဲ ရိုးသားတဲ့ စိတ်ဓါတ်ရှိတဲ့ သက်တူရွယ်တူ ကလေးတွေဆုံဆည်းတဲ့နေရာပါ။ အဲဒီအချိန်မှာ သူငယ်ချင်း ဆိုတာဘာလဲ ကောင်းကောင်းသိစေခဲ့ပါတယ်။ သေချာတာကတော့ အဲဒီအချိန်မှာ အခြား ကလေးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ချင်တဲ့အခါ ကိုယ်ကကောင်းကောင်းမွန်မွန်ဆက်ဆံ ရင် အဲဒီကလေးကလည်း ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံမယ်ဆိုတာကို ကောင်းကောင်းကြီးနားလည်ခဲ့ရပါတယ်။
 
 

၎။ စိတ်ဖိစီးမှုတွေ ပြေပျောက်စေမယ့်နည်းလမ်းများ
 

သင်ဟာ မူကြိုကျောင်းမှာ အပျော်ဆုံးအချိန်ရှိခဲ့ပါတယ်။ အဲဒါကတော့ ဆော့ တဲ့အချိန်ပါ။ ကစားကွင်းထဲမှာ ပြေးလွှားခုန်ပေါက်ပြီး ဆော့ကစားခဲ့တဲ့အချိန်တွေဟာ အမြဲတမ်းအတွက် စိတ်ချမ်းသာစရာ အရာတွေပါ။ တစ်ကယ့်လက်တွေ့ဘ၀မှာလည်း စိတ်ဖိစီးမှု တွေကြုံတဲ့အခါ အဲဒီလို အမှတ်တရတွေကို တွေးရင်းနဲ့ ပြေပျောက်စေတာတွေရှိသလို မူကြိုကျောင်းတုန်းကလည်း စိတ်လွတ်ကိုယ်လွတ် ဆော့ကစားလိုက်ခြင်းဟာလည်း ကြုံတွေ့နေရတဲ့ သောကတွေလျော့နည်းစေပါတယ်။
 

၅။ ပြောဆိုဆက်ဆံရေး
 

စကားပြောခြင်းဟာ ဆက်ဆံရေးတိုင်းမှာ အဓိက သော့ချက်ပဲဖြစ်ပါတယ်။ မူကြိုကျောင်းဟာ သင့်ကို စာမရေးခိုင်းခဲ့ပါဘူး။ စကားပဲ ပြောခိုင်းခဲ့တာပါ။ ကျောင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရတယ်။ ဆရာမ နဲ့ စကားပြောရတယ်။ ကိုယ့်အကြောင်းကိုပြောပြရတယ်။ အဲဒီ စကားပြောရဲလာစေတဲ့ အတွေ့အကြုံတွေကိုလည်း သင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သင်ဟာ မူကြိုမှာ ရွယ်တူ ကောင်မလေးတစ်ယောက်ကို နင်အရမ်းရုပ်ဆိုးတယ်လို့ ခဏခဏပြောခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ အဲဒီလို ပြောလိုက်ခြင်းရဲ့  တန်ပြန်သက်ရောက်မှုတွေကို နားလည်ဘောပေါက်တာကြောင့် ပြောဖြစ်တော့မှာမဟုတ်ပါဘူး။
 

၆။ အချိန်တိုင်း ၊ နေရာတိုင်းမှာ တစ်ရေးတစ်မော အိပ်တတ်သွားခြင်း
 

မူကြိုကျောင်းမှာတုန်းက လူတိုင်း အိပ်ကို အိပ်ခဲ့ရပါတယ်။ မူကြိုကျောင်းမှာပဲ ပါဝင်ခဲ့တဲ့ သင်ခန်းစာလည်းဖြစ်ပါတယ်။ အဲဒီလို မူကြိုမှာ အိပ်ခဲ့ရတဲ့အတွေ့အကြုံတွေက သင့်ရဲ့ လက်တွေ့ဘ၀ မှာ အောင်မြင်ဖို့ ရုန်းကန်နေချိန် မှာလည်း ပြန်အသုံးဝင်စေတာတွေ ရှိလာမှာပါ။
 

Ref:elitedaily

3 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.