၁၇ ရက်နေ့ရန်ကုန်မှာ စတင်ဖြန့်ချိမယ့် ဒိုးပတ်နဲ့စည်သူဝင်းတို့ရဲ့ အလင်းလက်ဆုံး တေးအယ်လ်ဘမ် မိတ်ဆက်

12527644_1694948140764097_96512359_n.jpg

တေးသံရှင် စည်သူဝင်းနဲ့ ဒိုးပတ်တို့ရဲ့ အလင်းလက်ဆုံး တေးအယ်လ်ဘမ် စာနယ်ဇင်း မိတ်ဆက်အခမ်းအနားကို ( ၁၁.၁.၁၆ ) ရက်နေ့ နေ့လည် တစ်နာရီက Orchid Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အလင်းလက်ဆုံး အခွေကို ၂၀၁၅ ခုနှစ် ၅လပိုင်းကတည်းက စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ သီချင်းရေးသည့်အပိုင်းမှာတော့ ဒိုးပတ်ကဦးဆောင်တယ်လို့ သိရကာ ကျန်တဲ့အပိုင်းတွေကိုတော့ စည်သူဝင်းက ဦးဆောင် နှစ်ဦးပေါင်းစပ် ဖန်တီးထားတဲ့ အယ်လ်ဘမ်ဖြစ်ပါတယ်။

အွန်လိုင်းမှာ ပေါက်ခဲ့တဲ့ အစေခံသီချင်း၊ Ancient Bagan စတဲ့ ပုဂံမြို့အတွက်ရေးသားခဲ့သော သီချင်းနဲ့ အခြားနာမည်ကြီး သီချင်းအချို့ကိုလဲ Version ပြောင်းပြီး အလင်းလက်ဆုံးအခွေထဲမှာ ပြန်ထည့်ထားတယ်လို့သိရပါတယ်။ အလင်းလက်ဆုံး တေးစီးရီးလေးဖြစ်မြောက်အောင် အဓိက ကူညီပံ့ပိုးပေးသူတွေကတော့ မစိုးပြည့်ပြည့်စံ ၊ Main Sponsor အဖြစ် GNG မှ ကိုဖိုးရှုပ်နဲ့ အခြားသော အဆိုတော်တွေက ၀ိုင်းဝန်းကူညီပေးခဲ့ပါတယ်။

Featuring အနေနဲ့တေဇ (MC) ၊ အာဒမ်၊ ကိုခန့်၊ ကိုလေး RnB ၊ ပိစိနဲ့ ရဲသူ ( H-town )၊ မစိုးပြည့်ပြည့်စံ၊ ရွယ်ရွယ်နဲ့ မေသင်ချိုဆွေ တို့ပဲဖြစ်ပါတယ်။ တေးရေးအနေနဲ့ကတော့ ဒိုးပတ် စည်သူဝင်း၊ တေဇ ( MC ) ၊ အာဒမ် ၊ ကိုခန့်၊ ကိုလေး RnB ၊ ပိစိ ၊ ရဲသူ ( H-town ) တို့က ရေးဖွဲ့ပေးခဲ့ကြပါတယ်။ သီချင်းအပုဒ်ရေက ဆယ့်လေးပုဒ်ဖြစ်ပြီး သီချင်း၁၂ ပုဒ် bonus က၂ပုဒ်ပါဝင်တယ်လို့သိရပါတယ်။ အွန်လိုင်းမှ ပေါက်ခဲ့တဲ့ ကြေကွဲ၊ မဆုံနိုင်ခင်၊ Come Back To Me နဲ့ a Little Girl သီချင်းလေးပုဒ်ကို ပြန်ထည့်ထားပြီး New Version ပြန်ဆိုထားတယ်လို့ပြောပါတယ်။ သီချင်းအမျိုးအစားတွေကတော့ အချစ်၊ အလွမ်း၊ အမုန်း၊ အဆွေးအားလုံး ပါပါတယ်။

ပရိုမိုးရှင်းအနေနဲ့က ၁၇ ရက်နေ့မှာ ရန်ကုန် ဟက်ပီးဝေါ တောင်ဖက်မုဒ်မှာ နေ့လည်၁ နာရီကနေ ၃ နာရီထိ ပွဲလုပ်သွားမှာဖြစ်ပြီး ပုဂံမှာတော့ ၁၉ ရက်နေ့ညနေ ၃ နာရီမှ ၆ နာရီခွဲကို Sancarlo စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုသိမ်မှာတော့ ၂၂ ရက်နေ့နေ့လည် ၂နာရီမှညနေ၆နာရီထိ Royal Lake Parkနဲ့  မန္တလေးမှာတော့ ၂၄ ရက်ညနေ ၅နာရီမှ ည၈နာရီထိ မနော်ရမံကစားကွင်းမှာ လက်မှတ်ရေးထိုးပြီး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.