အပြေးလေ့ကျင့်ခန်း လုပ်ရင်း နားထောင်ဖို့ အကောင်းဆုံး သီချင်းများ

index.jpeg

၂၀၀၈ တွင် သုတေသနပညာရှင်တွေက သေချာစနစ်တကျ ရွေးချယ်ထားတဲ့ ဂီတတေးသွားတွေဟာ လူတစ်ယောက်ရဲ့ ခံနိုင်ရည် သက်လုံကို သိသိသာသာ တိုးမြင့်ပေးနိုင်ပြီး လေ့ကျင့်ပြုလုပ်ခြင်းကို တိုးတက်မှု ပိုမိုရရှိစေနိုင်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ယင်း သုတေသနကို ၂၀၁၂ ခုနှစ်မှာ ပြန်လည်ဝေဖန်သုံးသပ်မှုလုပ်ရာမှာ လန်ဒန်က Brunel University မှ Costas Karageorghis (လေ့ကျင့်ခန်းဂီတ ပညာရပ်ဆိုင်ရာ ကမ္ဘာ့အထင်ကရ ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ဦးဖြစ်သူ) က ဂီတကို စွမ်းဆောင်မှု ပိုမိုကောင်းမွန်စေတဲ့ တရားဝင်ဆေးဝါး တစ်မျိုးအဖြစ် လူတွေ သဘောထားနိုင်ကြောင်း ရေးသားခဲ့ပါတယ်။

ဒီတော့ မိမိတို့အနေနဲ့ ၂၀၁၆ ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း အကျိုးဖြစ်ထွန်းစေရန်အတွက် ဘယ်လို တီးလုံး၊ တေးသွားတွေ ဒေါင်းလုဒ်ဆွဲယူသင့်ပါသလဲ။ Spotify မှာ ၂၀၁၅ ရဲ့ ကမ္ဘာ့ နားထောင်မှုအများဆုံး အပြေးလေ့ကျင့်ခန်း သီချင်းတွေ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေ အဓိက လွှမ်းမိုးထားပါတယ်။ ထိပ်ဆုံး သီချင်း ၁၀ ပုဒ်အနက် ၇ ပုဒ်မှာ အမျိုးသမီး အဆိုတော်တွေရဲ့ သီချင်းတွေ ဖြစ်နေပါတယ်။ လက်ရှိ ထိပ်ဆုံးနေရာမှာ ရပ်တည်နေကြသူတွေဟာ Missy Elliott နဲ့ TLC. Run the World (Girls) by Beyonce ဖြစ်ပြီး Chandelier by Sia နဲ့ Uptown Funk by Mark Ronson တို့က နောက်ကနေ လိုက်ခဲ့ပါတယ်။
လူကြိုက်အများဆုံး အပြေးလေ့ကျင့်ခန်းလုပ်ခန်း သီချင်းတွေကတော့ အောက်ပါစာရင်းအတိုင်း ဖြစ်ပါတယ်။

1. Beyonce – “Run the World (Girls)”

2. Sia – “Chandelier”

3. Mark Ronson – “Uptown Funk”

4. Wiz Khalifa – “See You Again” (feat. Charlie Puth)

5. Beyonce – “7/11”

6. Kelly Clarkson – “Heartbeat Song”

7. Missy Elliott – “Work It”

8. TLC – “No Scrubs”

9. Rihanna – “Bitch Better Have My Money”

10. Calvin Harris – “Feel So Close”

ကဲ ခုလိုအေးချမ်းတဲ့ ရာသီလေးမှာ မနက်ခင်းစောစော အပြေးလေ့ကျင့်သူတွေ နားဆင်နိုင်ဖို့ ရွေးချယ်ပေးလိုက်ပြီနော်။

Ref:news.com.au, nydailynews

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.