လော့အိန်ဂျလိစ်မြို့ မှာရှိတဲ့ ပလေးဘွိုင်း စံအိမ်ကြီးကို ရောင်းချတော့မည်

0108-playboy-mansion-getty-3.jpg

လော့အိန်ဂျလိစ် မြို့ ရဲ့  အရိုင်းဆုံး ပါတီ ပွဲများ ကျင်းပရာနေရာဖြစ်တဲ့ ပလေးဘွိုင်း စံအိမ် ကို ရောင်းချတော့မယ်လို့ သိရပါတယ်။ ၆ ဧက ကျယ်ဝန်းတဲ့ Holmby Hills ရပ်ကွက်ထဲက ထို နေအိမ်ခြံဝန်းဟာ ၁၉၂၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လမယ့်လအတွင်း ပိုင်ရှင် လွှဲပြောင်းပေးလိုက်တော့မှာပါ။ ထို စံအိမ်ရဲ့  ပိုင်ရှင်ဖြစ်တဲ့ Playboy လုပ်ငန်းကတော့ ဒေါ်လာ သန်း ၂၀၀ လောက် တန်ကြေးရှိတဲ့ အခြားတစ်နေရာ ကို ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။  
 

ထို နယ်မြေနဲ့ ပတ်သက်ပြီး အိမ်ခြံမြေ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ သတင်းအရင်းအမြစ်တွေရဲ့  ပြောပြချက်အရတော့ ထို စံအိမ်ကိုရောင်းချမယ့် ဈေးနှုန်းကြောင့် ၀ယ်လိုသူတွေများနေတာ မှန်ပေမယ့် တစ်ကယ်တမ်းမှာ ထိုအိမ်ဟာ ပျက်စီးယိုယွင်းမှုတွေ ရှိနေပြီး မြေနေရာသာ တန်ဖိုးရှိတော့တဲ့အတွက် ကာလပေါက်ဈေးအရ ဒေါ်လာ သန်း ၆၀ သာ တန်ကြေးရှိတော့ပါတယ်။ ဒါပေမယ့်လည်း ထို စံအိမ် ရဲ့  သမိုင်းအစဉ်အလာကြောင့် ဒေါ်လာ သန်း ၈၀ ကနေ သန်း၉၀ အထိ တန်ကြေးရလာနိုင်တယ်လို့လည်း သိရပါတယ်။
 

ထို ပလေးဘွိုင်းစံအိမ်ရောင်းချမှုမှာ ထူးဆန်းတဲ့ သဘောတူညီချက် တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ထို စံအိမ်ကို ၀ယ်ယူမယ့် သူတိုင်းဟာ ပလေးဘွိုင်း တည်ထောင်သူ Hugh Hefner ကို သူမသေခင်အထိ ထို စံအိမ်မှာ ဆက်လက်နေထိုင်ခွင့်ပေးရမှာပါ။ နောက်ထပ် သဘောတူညီချက်ကတော့ ဖြစ်နိုင်ချေရှိတဲ့ ၀ယ်သူတွေကို စံအိမ် အနှံ့လိုက်လံ ပြသပေးမှာဖြစ်ပေမယ့် Hugh Hefner ရဲ့  အိပ်ခန်းကိုတော့ ၀င်ကြည့်ခွင့် မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။
 

Ref:tmz

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.