တစ်ကိုယ်တည်း အရက်သမားတွေ အတွက် သောက်ဖော် သောက်ဖက် ဖြစ်လာစေမယ့် အရက်သမားစက်ရုပ်

drinky3.jpg

အရက်သမားစက်ရုပ်ဟာ အထီးကျန် အရက်သမားတွေအတွက် သောက်ဖော်သောက်ဖက် ကောင်းတစ်ယောက်ရလာစေမယ့် အရက်သမား စက်ရုပ်ပဲ ဖြစ်ပါတယ်။ ဒီစက်ရုပ်ဟာ အရက်ပြင်းဖြစ်စေ ၊ ဘီယာဖြစ်စေ ၊ မည်သည့် ယမကာကို မဆို ဂါလံများစွာ သောက်သုံးနိုင်ပြီး မနက်ပိုင်းမှာလည်း ခေါင်းကိုက်ခြင်း မရှိလာတော့ပါဘူး။
 

တောင်ကိုရီးယား တီထွင်သူ တစ်ယောက်ဖြစ်တဲ့ Eunchan Park ဟာ Drinky ဆိုတဲ့ စက်ရုပ်ကို လူတွေ ဖန်တီးထားတဲ့ ဥာဏ်ရည်အတု(Artificial Intelligence) နဲ့ တည်ဆောက်ဖန်တီးထားတာဖြစ်ပြီး အရက်သမား စက်ရုပ်ဟာ အရက်မသောက်ခင်မှာလည်း ခွက်ကိုမြှောက်ပြီး ချီးယားစ် လုပ်နိုင်တဲ့ ဥာဏ်ရည်မျိုးလည်း ရှိပါတယ်။ ဒါ့အပြင် အရက်သမား စက်ရုပ်ဟာ သောက်တာများသွားရင်လည်း မူးတဲ့အနေနဲ့ မျက်နှာ က နီရဲ လာပါတယ်။
 

Mr Eunchan ဟာ လွန်ခဲ့တဲ့ ၃ နှစ်က ခရစ္စမတ်နေ့မှာ တစ်ယောက်တည်း အရက်သောက်ခဲ့ရ ပြီးတဲ့နောက်မှာ သူ့ရဲ့  ယမကာလုလင် Android ကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။  
 

"ဒီစက်ရုပ်က ကောင်းကောင်းသောက်နိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က ခရစ္စမတ်နေ့မှာ ငါဟာ ချစ်သူရည်းစား မရှိတဲ့အတွက် ဆိုဂျူးအရက်ကို တစ်ယောက်တည်းသောက်ခဲ့ရပါတယ်။ တစ်ကိုယ်တည်း အရက်သောက် ရတာဟာ ခြောက်ခြား စရာကောင်းပါတယ်။ အဲဒီတော့ ငါလည်း ဆက်မသောက်နိုင်တော့ပါဘူး။ နောက်ဆုံးမှာ ငါ့ရှေ့  ဖန်ခွက်တစ်ခွက် ထဲကိုပါ ဆိုဂျူးတွေ ထည့်လိုက်ပါတယ်။ ငါ့ရှေ့မှာ အဖော်တစ်ယောက်ရှိသလို ငါ ချီးယားစ်လုပ်လိုက်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် အရသာ ကပြောင်းလဲသွားပါတယ်။ အဲဒါနဲ့ပဲ အရက်ကို အရသာရှိစေတဲ့ လျှို့ဝှက်ချက်ဟာ သောက်ဖော်သောက်ဖက် တည်ရှိခြင်းအပေါ် မူတည်နေတယ်ဆိုတာကို ငါ ရှာတွေ့ခဲ့ပါတယ်။" လို့ Mr Eunchan က ဆိုပါတယ်။
 

ဒီလို တီထွင်မှုဟာ လိင်မှုသုံးစက်ရုပ်တွေဟာ ၂၀၁၅ ခုနှစ်ရဲ့  အကြီးမားဆုံးသော နည်းပညာ ရေပန်းစားမှု တစ်ခုဖြစ်ခဲ့တယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
 

Ref:mirror.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.