မြန်မာ့အလှကို စင်ကာပူကတစ်ဆင့် ကမ္ဘာကိုချပြနိုင်အောင် ရည်ရွယ်ကျင်းပသွားမယ့် Miss Myanmar Singapore International 2016

12539943_1694845670774344_1604518726_n.jpg

Queens Organization မှ ဟန်နီမင်းမင်းက ဦးဆောင်ပြီး စင်ကာပူနိုင်ငံ မတ်လ ( ၂၀ ) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Miss Myanmar Singapore International 2016 ပြိုင်ပွဲအကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကြီးကို ( ၉.၁.၁၆ ) ရက်နေ့ ညနေ ၃ နာရီက Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲနဲ့ပတ်သက်ပြီး ကြီးမှူးကျင်းပမယ့် ဟန်နီးမင်းမင်းက "ဒီပွဲလေးကိုလုပ်ဖို့စိတ်ကူးဖြစ်ခဲ့တာက ငယ်ငယ်လေးကတည်းကပါ။ ကိုယ်က Miss ကိုဝါသနာပါတယ်။ အလုပ်လုပ်နေတဲ့ အချိန်ကလဲ ပြိုင်ချင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်က မလှဘူး။ Miss ပြိုင်ပွဲတွေ တီဗီကလွှင့်ရင်လဲ ခွင့်ယူပြီးတော့ကိုကြည့်လေ့ရှိပါတယ်။ အဲ့ဒီလိုကြိုးစားရင်းနဲ့ပဲ Singapore 2015 Miss ပွဲမှာ Miss Global 2015 ဆုကို ရခဲ့ပါတယ်။ အဲ့ဒီလိုရပြီးတော့ ကိုယ့်နောက်မှာ ကိုယ့်လိုပဲ ၀ါသနာပါတဲ့ကလေးတွေရှိတယ်။ အဲ့ဒါကြောင့် အဲ့ဒီလိုကလေးတွေကို အောင်မြင်အောင် နေရာတစ်နေရာရအောင် ကျွန်မ လုပ်ပေးချင်တယ်။ ဖောင်တွေကို Free ပေးထားတယ်။ တကယ်လှတဲ့ သူတွေလဲ မြန်မာနိုင်ငံမှာ အများကြီးရှိတယ်။ အဲ့ဒီအလှအပတွေကို စင်ကာပူမှာချပြမယ်။ စင်ကာပူကတစ်ဆင့် International ရောက်အောင် ချပြမယ်ဆိုတဲ့စိတ်နဲ့ လုပ်ဖြစ်ခဲ့တာပါ။ ဖောင်တွေက page မှာရော Website မှာရော Free Download လုပ်လို့ရပါတယ်။ ကျွန်မတို့ ဇန်န၀ါရီ ၃၀ မှာ ဖောင်ပိတ်ပါမယ်။ ပြီးရင် အယောက် နှစ်ဆယ် ရွေးပြီး ဖေဖော်ဝါရီလလောက်ကတည်းကတင်၊ ရွေးပြီးသားသူတွေကို Training ပေးမယ်။ အဲ့ဒါပြီးမှ ပွဲကတော့ မတ်လ ၂၀ မှာ သတ်မှတ်ထားပါတယ်။ ပြိုင်ပွဲမရောက်ခင် တစ်ပတ်အလိုမှာ ရွေးပြီးသားလူတွေကို စင်ကာပူခေါ်သွားပြီး ဟိုကဆရာတွေနဲ့ထပ်ပြီး Training ထပ်ပေးပြီး ပြိုင်ပွဲကို ပေးပြိုင်မှာဖြစ်ကြောင်း"  ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.