လက်ဝတ်ရတနာပစ္စည်းတွေ အရောင်အသွေးတောက်ပစေမယ့် DIY cleaner

index.jpeg

မိမိအနှစ်သက်ဆုံး လက်ဝတ်ရတနာပစ္စည်းက ၀ယ်ခါစတုန်းကလို ကိုယ့်စိတ်တိုင်းကျ လက်လက်ထမနေတော့တဲ့အခါ တိုက်ချွတ်ပေးဖို့အတွက် ဈေးကြီးပေးရတဲ့ အရောင်ချွတ်ဆေးတွေ ဝယ်ခြင်း သို့မဟုတ် သက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီ သွားရောက်တိုက်ချွတ်ခိုင်းမယ့်အစား ကိုယ်ကိုယ်တိုင် ပြုလုပ်တဲ့ လက်ဝတ်ရတနာ သန့်စင်ဆေးကို စမ်းသုံးကြည့်ပါ။ သင့်မီးဖိုချောင်ထဲမှာတင် ရှိနေတဲ့ ပစ္စည်းတွေကို အသုံးပြုကာ အကုန်ကျ ဘယ်လောက်မှ မများဘဲ ပြင်းရှတဲ့ ဘာဓာတုပစ္စည်းမှ မပါတဲ့အတွက် စိတ်ပူစရာလည်း မလိုပါဘူး။  သိပ္ပံပညာရဲ့ အစွမ်းသာ ဖြစ်ပါတယ်။ သွားတိုက်တံအဟောင်းလေးတစ်ခုနဲ့ လက်ဝတ်ရတနာကို ညင်သာစွာ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ သင်သတိမမူမိခင် သင့်အဖိုးတန်ပစ္စည်းတွေ တလက်လက်တောက်နေပါလိမ့်မယ်။ ခုလို ဖြစ်လာစေဖို့ လိုအပ်မယ့် အရာတွေကတော့

ပန်းကန် အသေး

ဆား ထမင်းဆားဇွန်း (၁) ဇွန်း

မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း (၁) ဇွန်း

ပန်းကန်ဆေးဆပ်ပြာ လက်ဖက်ရည်ဇွန်း (၁) ဇွန်း

ရေနွေး (၁) ခွက်

အလူမီနီယမ်ချပ်ပြား

တစ်ရှူး

သွားပွတ်တံဟောင်း စတာတွေပဲ ဖြစ်ပါတယ်။

လမ်းညွှန်ချက်များ

၁။ လက်ဝတ်ရတနာ သန့်စင်ဆေး ပြုလုပ်ဖော်စပ်ဖို့အတွက် လိုအပ်တာတွေ လိုက်စုပါ။ မိမိအကြိုက်ဆုံး ပန်းကန်ဆေးဆပ်ပြာကို အသုံးပြုနိုင်ပါတယ်။ ဆား၊ မုန့်ဖုတ်ဆော်ဒါနဲ့ အလူမီနီယမ်ပြားတို့က သဘာဝအလျောက် သတ္တုတွေကို သန့်ရှင်းစေတဲ့ အိုင်းယွန်းပြောင်းခြင်း ion transfer ခေါ် ဓာတုဓာတ်ပြု ဖလှယ်မှုတစ်ခု ဖန်တီးပေးပါတယ်။

၂။ ပန်းကန်ကို စတုရန်းသဏ္ဍာန် အလူမီနီယူပြားတစ်ခုနဲ့ ခံ။ နောက်ပြီး ဆား၊ မုန့်ဖုတ်ဆော်ဒါနဲ့ ပန်းကန်ဆေးဆပ်ပြာကို အပေါ်မှာ ဖြုန်းပါ။ ရေနွေး ရောထည့်ပြီး ရေတွေ ရှူးခနဲ မြည်တာ စောင့်ကြည့်နေပါ။ မိမိလက်ဝတ်ရတနာကို ပစ်ချပြီး အထဲမှာ ၁၀ မိနစ်ကြာအောင် ထားရပါမယ်။

၃။ လက်ဝတ်ရတနာတွေ ပြန်ထုတ်ပြီး သွားပွတ်တံနဲ့ ညင်သာစွာ ပွတ်တိုက်ပေးရပါမယ်။ ဒီသန့်စင်ဆေးကို ရွှေ၊ ငွေ၊ စတာလင်၊ ပတ္တမြားနဲ့ တဖိတ်ဖိတ်တောက်ပတဲ့ တခြားလက်ဝတ်ရတနာ ပစ္စည်းများမှာ စမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်။ သန့်ရှင်းပြီးနောက် ရေဖြင့် ဆေးကြောပြီး ခြောက်အောင် လုပ်ပေးရပါမယ်။

၎။ ခဏလေး သန့်ရှင်းရေးလုပ်ပြီးနောက် မိမိလက်ဝတ်ရတနာ တလက်လက်တောက်ပြောင်နေတာကြည့်ပြီး သဘောကျနေပါလိမ့်မယ်။ ဒီနည်းက အကြိမ်ကြိမ်လုပ်လည်း ထိခိုက်မှုမရှိပါဘူး။

Ref:popsugar

 

214 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.