သင် သဘောကျနှစ်သက်တဲ့ အလှကုန်တွေကို နောက်ထပ် အသုံးပြုနိုင်မယ့် နည်းလမ်းသစ်များ

drugstore-beauty-product-hacks.jpg

သင့်အိမ်မှာ နေ့စဉ်နေ့တိုင်း အသုံးပြုနေတဲ့ တစ်ချို့သောအလှကုန်တွေကို အခြားသောနည်းတွေနဲ့လည်း ထပ်မံအသုံးပြုနိုင်တယ်ဆိုတာ သင်သိပါသလား။ တစ်ချို့သောအလှကုန်တွေမှာ သင့်အသားအရေအတွက် တစ်ခုထက်မက ကောင်းကျိုးတွေ ပေးနိုင်သလို သူတို့မှာ အစွမ်းသတ္တိတစ်ခုထက် မက ပိုမိုပါဝင်နေတတ်ကြပါတယ်။

၁။ Vaseline ဂျယ်လီ

အမျိုးသမီးတွေရဲ့ မှန်တင်ခုံမှာ အမြဲလိုလို ရှိနေတတ်တဲ့ Vaseline အလှကုန်ဗူးလေးဟာ သင်တို့သိထားတဲ့ အသားအရေခြောက်သွေ့တာကို ကာကွယ်ဖို့၊ နှုတ်ခမ်းသားတွေ ပိုမိုနူးညံ့အောင် သုတ်လိမ်းထားဖို့အတွက်တင် မကပဲ သူ့ကိုအသုံးပြုနိုင်တဲ့ အခြားသောနည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒါကတော့ သူဟာ ရေမွှေးရနံ့ကို ပိုသင်းပျံ့စွဲကျန်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်နေပါတယ်။ သင်ရေမွှေးစွတ်မယ့် လက်ကောက်ဝတ်၊ ဒါမှမဟုတ် နားအောက်ဘက်နား လည်ပင်းပေါ် စတဲ့ နေရာတွေကို Vaseline ဂျယ်လ်လီ နည်းနည်းသုတ်လိမ်းပြီး အပေါ်က ရေမွှေးစွတ်ပေးလိုက်ပါ။  ဒါဟာ ရေမွှေးရနံ့ပိုမိုကြာရှည်စွာခံပြီး သင်းပျံ့နေပါလိမ့်မယ်။

၂။Rosehip အဆီ

cleansing အဖြစ်အသုံးပြုနိုင်တဲ့ Rosehip အဆီဟာ အသားထဲ လျှင်မြန်စွာ စုပ်ယူသွားနိုင်တာမို့ ပျိုမေတွေ နှစ်ခြိုက်ကြပါတယ်။ တစ်နည်းအားးဖြင့် ဒီ cleansing ကို သုံးပြီး ရေပြန်ဆေးချနေစရာ မလိုတော့ပါဘူး။ သူ့ကိုနောက်တစ်မျိုး သုံးနိုင်တာကတော့ moisturizer အဖြစ်ပါ။ သူ့မှာ fatty အက်ဆစ်တွေ ပါဝင်သလို အန်တီအောက်ဆီးဒန့်လည်း ပါတာမို့ သင့်အသားအရေကို အားဖြည့်ပေးမယ့် moisturizer အနေနဲ့လည်း အသုံးပြုနိုင်ပါ တယ်။

၃။Baby Oil

ကလေးတွေအတွက် အထူးထုတ်ထားတဲ့ ဒီ baby oil မှာ သင်းပျံ့တဲ့ ရနံ့သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။  ဒါ့အပြင်သူ့မှာ သံလွင်ဆီနဲ့ အုန်းဆီလည်း ရောစပ်ပါဝင်နေပါသေးတယ်။ သူ့ကိုအခြားဘယ်လို သုံးနိုင်သလဲဆိုတော့ သင့်မိတ်ကပ်ဘရက်ရှပ်တွေကို ဆေးကြောသန့်စင်တဲ့အခါ သုံးနိုင်ပါတယ်။

၎။Baby ပေါင်ဒါ

Baby Oil က သင့်အတွက် အသုံးဝင်တဲ့ စာရင်းထဲ ထည့်ပြီးပြီဆိုတော့ Baby ပေါင်ဒါကိုလည်း စာရင်းထဲ ထပ်ထည့်ဖို့ လိုလာပါပြီ။ ဘာလို့လဲဆိုတော့ ဘေဘီပေါင်ဒါကို ခေါင်းအခြောက်လျှော်တဲ့အခါ အသုံးပြုနိုင်လို့ပါပဲ။ ဒါမှမဟုတ် အနံဆိုးထွက်နေတဲ့ ဖိနပ်ထဲကို ဖြူးပြီးတော့လည်း အနံ့တွေပျောက်သွားအောင် လုပ်နိုင်ပါသေးတယ်။ နောက်တစ်နည်းကတော့ ကိုယ့်အသားအပေါ် လိမ်းပေးလို့ရပါတယ်။

၅။ရှားစောင်းလက်ပတ် ဂျယ်လ်

အိမ်မှာ Aloe Vera Gel ရှိရင် ဒါဟာ နေလောင်တာတွေကို ပြန်လည်ကုစားပေးဖို့ အကောင်းဆုံးအရာလို့ သင်သိပြီးသား ဖြစ်မှာပေါ့။ ဒါပေမယ့် သူ့ကို နောက်တစ်နည်း ဘယ်လိုသုံးနိုင်သလဲဆိုတော့ သင့်အသားအရေအတွက် တိုနာအဖြစ်လည်း သုံးနိုင်ပါသေးတယ်။ 

Ref:popsugar

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.