ကိုယ့်ခန္ဓာကိုယ် ကို ကိုယ်ကြိုက်တာ လုပ်ခွင့်ရှိတယ်ဆိုတဲ့ Jennifer Lawrence

elite-daily-jlaw-800x400.jpg

ဟောလီးဝုဒ် မင်းသမီးလေး Jennifer Lawrence ဟာ Glamour မဂ္ဂဇင်း ရဲ့  ဖေဖော်ဝါရီထုတ် စာအုပ်အတွက် ကာဗာ မော်ဒယ်လ် အဖြစ်ပါဝင်လာပါတယ်။ မဂ္ဂဇင်း ရဲ့ အယ်ဒီတာ ချုပ်ဖြစ်တဲ့ Cindi Leive ဟာ အသက် ၂၅ နှစ်အရွယ် မင်းသမီးနဲ့ အင်တာဗျူးအစီအစဉ် ပြုလုပ်ခဲ့တဲ့အခါမှာတော့ J.Lawrence ဟာ သူမအတွက် အရေးပါတဲ့ အရာတွေကို ပြောပြလာခဲ့ပါတယ်။
 

အင်တာဗျူးထဲမှာ Lawrence ရဲ့  ၂၀၁၄ ခုနှစ်က ခိုးယူခံလိုက်ရတဲ့ အဖော်အချွတ် ဓါတ်ပုံ တွေအကြောင်းကို ပြောဖြစ်ခဲ့ကြပါတယ်။ Leive ဟာ သူတို့ရဲ့  အမေးအဖြေကို Vanity Fair မဂ္ဂဇင်းမှာ Jennfier Lawrence ပြောခဲ့ဖူးတဲ့ "မနာလိုမုန်းတီးမှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု တစ်ခုကို ဖြစ်ပေါ်စေတယ်" ဆိုတဲ့ စကားနဲ့ ပြန်လည်စတင်ခဲ့ပါတယ်။ "အကယ်၍ ကျွန်မသာ အသံတိတ်နေခဲ့မယ်ဆိုရင် ကျွန်မဟာ ရှက်နေခဲ့တဲ့ ပုံမျိုးဖြစ်နေပါလိမ့်မယ်။ ပြီးတော့ ကျွန်မ မရှက်ခဲ့ပါဘူး။ ကျွန်မ ဒေါသတော့ ထွက်ခဲ့ပါတယ်။ သင်ခန်းစာ တစ်ခုရခဲ့တယ်လို့ ခံစားခဲ့ရတာ ဟာ တစ်ကြိမ်တစ်ခါ မကတော့ပါဘူး။ ကျွန်မ မှားယွင်းတာတွေ ဘာမှ မလုပ်ခဲ့ဖူးပါဘူး" လို့ Jennifer Lawrence ကို ပြောပြခဲ့ပါတယ်။ နောက်ထပ်လည်း Jennier Lawrence က အခုလို ဆက်ပြောခဲ့ပြန်ပါတယ်။
 

"ကျွန်မဟာ ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်နဲ့ ၅ နှစ်လောက် တွဲခဲ့ဖူးတယ်လို့ ပြောရင်း ကိုယ့်ကိုကိုယ် ကာကွယ်ခဲ့ဖူးတယ်ဆိုရင်တောင် ၊ ဒါမှမဟုတ် ကျွန်မဟာ ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့ခဲ့တယ်ဆိုရင်တောင် – အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ အရေးမကြီးပါဘူး။ အဲဒါ သင့်ရဲ့ ခန္ဓာကိုယ်ပါ။ သင်လုပ်ချင်တာ ဘာမဆို လုပ်ပိုင်ခွင့်ရှိပါတယ်"  လို့ သူက ဆိုသွားပါတယ်။
 

Ref:elitedaily

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.