အချိန်မရွေး ကြုံရာ ဝင်အိပ်လို့ ရစေနိုင်မယ့် Hoodie အနွေးထည်

hoodie-pillow.jpg

ငွေကြေးနဲ့ ပစ္စည်းဥစ္စာတွေ မလိုအပ်ခဲ့ရင်တောင် မအိပ်ဘဲနဲ့တော့ ဘယ်လိုမှ နေလို့မရနိုင်ပါ။

အခွန်အခတွေ ပေးဆောင်ရမှာမို့ မသွားချင်လည်း နေ့တိုင်း အလုပ်ဆီ ဦးတည် သွားနေရမှာပဲ ဖြစ်တယ်။ ဒါ့ကြောင့် သွားလာလှုပ်ရှားရင်း ရရင်ရသလို တစ်မှေးအိပ်ဖို့ ဘယ်လိုမှ မလွယ်ကူ အဆင်မပြေလှပါ။

ကံအားလျှော်စွာနဲ့ တစ်စုံတစ်ဦးမှ အဲဒီပြသနာ ဖြေရှင်းပေးမယ့် စိတ်ကူးတစ်ခု ရလာပါတယ်။

အဲဒါကတော့ Hypnos Hoodie ကို မိတ်ဆက်ပေးလိုက်ခြင်းပါပဲ။ ကမ္ဘာ့အကောင်းဆုံး လေထိုးနိုင်တဲ့ ခေါင်းစွပ်ပါ ညအိပ်အနွေးထည် ဖြစ်ပါတယ်။

ဖျတ်ခနဲကြည့်လိုက်ရင် သာမန် ခေါင်းစွပ်ပါ အနွေးထည်တစ်ခုနဲ့ တူပါတယ်။ အနက်ရောင်၊ အဖြူရောင်၊ ညိုမည်းရောင်နဲ့ မီးခိုးရောင်တို့နဲ့ ရှိပါတယ်။

ယင်း အနွေးထည်ဝတ်ပြီး ကွေးလိုက်တာ အံ့သြဖွယ်ကောင်းလွန်းပါတယ်။ ဘယ်ချိန်မဆို အိပ်ချင်တဲ့အချိန် အဆို့ကနေ လျင်မြန်စွာ လေမှုတ်သွင်းနိုင်တဲ့ ပူပေါင်းတစ်ခု ပါဝင်တဲ့အချက်က သူ့ရဲ့အားသာချက်တစ်ခု ဖြစ်ပါတယ်။

ပြောထားသလိုပဲ ခေါင်းချမှေးစက်နိုင်ဖို့ အချိန် ၃ စက္ကန့်လိုပါတယ်။

ပစ္စည်းဈေးနှုန်းက ဒေါ်လာ ၄၉ (၃၃ ယူရို) သာရှိပြီး ဘယ်ချိန်၊ ဘယ်နေရာမဆို ဝင်အိပ်ဖို့ အဆင်ပြေစေကြောင်း သိရပါတယ်။ 

Ref: Metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.