ကိုယ့်ချစ်သူအပေါ် လိမ်ညာတတ်သူတွေ အလိမ်ပေါ်သွားတဲ့အခါ အမြဲ ပြောလေ့ရှိတဲ့ စကားများ

108115555.jpg

လိမ်ညာတတ်သူတွေဟာ သူတို့ လိမ်ညာပြီးသွားလို့ တစ်ဖက်လူက ဒါကို သိသွားပြီဆိုတာနဲ့ အမြဲပြောလေ့ရှိတဲ့ စကားတွေရှိပါတယ်။ သင်ဟာ သင့်လက်တွဲဖော်ရဲ့ အလိမ်ခံလိုက်ရပြီဆိုတာ သိလိုက်ပြီးနောက်ပိုင်း သူ့ဘက်က သင့်ကို ဒီလို အူကြောင်ကြောင်စကားတွေ ပြောလာပြီဆိုတာနဲ့ သင့်အနေနဲ့ ဘယ်လို ပြန်ပြောသင့်သလဲ ဆိုတာကို ပြောပြပေးပါရစေ။

၁။နင်ခံစားရအောင် ငါ တမင်သက်သက် လုပ်တာ မဟုတ်ပါဘူး။

လူတစ်ယောက်ကို လိမ်ပြီဆိုကတည်းက ရည်ရွယ်ချက်ရှိပြီးသားပါ။ ဒါကို တမင်သက်သက်လုပ်တာ မဟုတ်ဘူးဆိုပြီး သင့်ကိုလာပြောတာဟာ မျက်နှာပြောင်တိုက်ခြင်း တစ်မျိုးပေါ့။

ဒီလိုအချိန်မှာ သင်တုံပြန်ပြောဆိုရမှာက – နင်ရည်ရွယ်တာ မရည်ရွယ်တာကို ငါဂရုမစိုက်ဘူး။ ဒါကိုမလုပ်ခင်ကတည်းက လိမ်တာဟာ ငါ့ကို နာကျင်စေလိမ့်မယ်ဆိုတာ သိပြီးသားပဲ ဖြစ်လိမ့်မယ်။ ဒါရှင်းနေတာပဲလေ။

၂။ငါလိုချင်တဲ့ပုံစံ နင့်မှာ မရှိလို့ ခုလိုလုပ်ရတာ။

သင်မသိပဲ နောက်တစ်ယောက် အသစ်ရှာတာ၊ နောက်တစ်ယောက် ထပ်ထားတာမျိုး သင်သိသွားတဲ့အခါ သူ့ ဘက်က ငါလိုချင်တဲ့ပုံစံ နင့်မှာ မရှိလို့ ဆိုတဲ့ စကားမျိုး ပြောလာပြီဆိုရင် သင့်ဘက်က ပြန်လည် ပြောဆိုရမှာက – ခုလို လိမ်ညာတာကို ၀န်မခံချင်လည်း ရပါတယ်။ ဒါပေမယ့် နင်လည်း ငါလိုချင်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ငါမလိမ်ခဲ့ပါဘူး။ လုပ်ချင်တာလုပ်ပြီး သူတစ်ပါးကို အပြစ်ပုံတာမျိုး မလုပ်ရင် ကောင်းမယ်။

၃။ ဒါကိုဆုံးဖြတ်ဖို့ အချိန်လိုတယ်။

လိမ်ညာထားတဲ့သူက ခုလို ပြောလာတာဟာ ရုပ်တည်နဲ့ ထပ်ညာခြင်းတစ်မျိုးပါပဲ။ ဒါကို စဉ်းစားဆုံးဖြတ်ဖို့ လိုရအောင် ခုဟာက အလုပ်ကိစ္စတစ်ခုကို တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ခိုင်းနေတာလည်း မဟုတ်ဘူးလေ။ ဒီလိုအချိန်မှာ သင့်ဘက်က ပြောဆိုရမှာက – ငါနဲ့ရှိဖို့မရှိဖို့ နင်က ဆုံးဖြတ်မယ်လို့ ဆိုလိုတာလား။ ငါ့ကို ဒီလို လာဆုံးဖြတ်ရအောင်လည်း ငါက ရုပ်ဝတ္ထုတစ်ခု မဟုတ်ဘူး။ ငါက နင့်ရည်းစား။ ဒီတော့ နင်အဆုံးသတ်ချင်ရင် သေချာပြောပြအဆုံးသတ်သင့်တယ်။ တံခါးပေါက်တွေရှိနေတာ မြင်လား။ အဲ့ဒါ နင်မပါပဲ ငါ့ဘ၀ငါ စတင်တွန်းဖွင့်ပြီး လျှောက်လှမ်းသွားဖို့ပဲ။

၎။ဒါပေမယ့် နင့်ကိုငါ ချစ်ခဲ့ပါတယ်။

လူတစ်ယောက်ဟာ သူ့ရဲ့အပြစ်ကို အချစ်တွေနဲ့ ဖုံးကွယ်ချင်နေတာမျိုးပေါ့။ ကိုယ့်အပေါ် လိမ်ညာရက်တဲ့သူက ကိုယ့်ကို ချစ်နေတယ်ဆိုတာမျိုးက ယုံရခက်ခက်ပါ။ သစ္စာလည်းဖောက်သေး၊ နောက်ဆုံးကျ နင့်ကိုချစ်ခဲ့ပါတယ်လို့ ပြောသေး။ ဒါလည်း အူကြောင်ကြောင်ဖြစ်စရာပါပဲ။ ဒါကို ဘယ်လိုတုံ့ပြန်သင့်သလဲ ဆိုတော့ – နင်ငါ့ကို လိမ်ညာနေချိန်တွေမှာ နင်ငါ့ကို ချစ်နေခဲ့တယ်ဆိုတာ ငါမယုံနိုင်ပါဘူး။ အချစ်နဲ့ သစ္စာဖောက်ခြင်း ဟာ ဘယ်လိုမှ အတူမရှိနေနိုင်ဘူးလေ။ ဒီလိုအချစ်မျိုးနဲ့ ငါ မလုံခြုံတော့ဘူး။

၅။ငါ့အပြစ်ကို ၀န်ခံပြီး ပြင်ပါ့မယ်။ ဒါပေမယ့် မင်းကတော့ ငါ့ကို ခွင့်လွှတ်မှာ မဟုတ်တော့ဘူး။

သူပြောလိုက်တဲ့ပုံက ပြသနာကတော့ ငါလုပ်တာ ဟုတ်တယ်။ ဒါပေမယ့် ဘယ်လိုတုံ့ပြန်မလဲဆိုတာ မင်းကိစ္စဖြစ်သွားပြီဆိုတာမျိုးပေါ့။ တစ်ချို့ကျတော့လည်း ပြောသာပြောနေတာ ပြီးပြီးရော ပါပဲ။ မြန်မြန်ဝန်ခံလိုက်ရင် မြန်မြန်ပြီးရော ၊ ကိစ္စအေးသွားမယ်ဆိုတဲ့ သဘောနဲ့ပေါ့။ ဒီလိုအခြေအနေမျိုး ဖြစ်လာရင် သင့်ဘက်က ပြန်ပြောရမှာက – နင့်ကို ဘာအရာကြည့်ပြီး ခွင့်လွှတ်ခိုင်းနေတာလဲ ဆိုတဲ့ စကားတစ်ခွန်းပါပဲ။

Ref:yourtango

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.