ဆံပင်အလှဆင်ရတာ နှစ်ခြိုက်သူတွေအတွက် အပြောင်အလက်လေးတွေနဲ့ ဆံပင်ဆက်ကာ အလှဆင်ကြမယ်

icicle-hair-trend.jpg

အားလပ်ရက်တွေ ပြီးဆုံးသွားပေမယ့် ကျန်ရှိနေသေးတဲ့ ဆောင်းရာသီလေးကို သစ်လွင်စွာ ခပ်တောက်တောက် အရောင်လေးတွေ၊ အပြောင်အလက်လေးတွေနဲ့ ဆက်လက်အလှဆင်ကြရအောင်နော်။ ဒီရာသီဟာ အပြောင်းအလက်လေးတွေနဲ့ အမိုက်စား ပြင်ဆင်ဖန်တီးဖို့ အကောင်းဆုံးရာသီပါပဲ။ သင့်ဖက်ရှင်အတွက်သာမက သင့်ဆံပင်အတွက်ပါ ဘယ်လိုပြင်ဆင်နိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အရင်ကလို အရောင်တွေနဲ့ highlight သဘော ဆံပင်ကို ဆက်ပြီး အလှဆင်မယ့်အစား ရွှေရောင်၊ ငွေရောင်အပြောင်လေးတွေနဲ့ ဆံပင်ဆက်ကြည့်လိုက်ပါ။ ဒါဟာ နောက်ဆုံးခေတ်စားနေတဲ့ hair icicles ဆံပင်အလှဆင်နည်းပါပဲ။ ခုလတ်တလော မြန်မာနိုင်ငံရဲ့ဈေးကွက်ထဲ ရောက်မရောက် မသေချာပေမယ့် မကြာခင်အချိန်အတွင်း ရောက်လာမှာပါ။ ဒီတော့ ပါတီ၊ ဒင်နာအတွက်ပဲဖြစ်ဖြစ်၊ ဒိတ်လုပ်တဲ့အခါ၊ ထသွားထလာတွေမှာတောင်  ဒီအပြင်အဆင်က အထာကျနေမှာပါနော်။

Ref:popsugar

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.