သင့်အချစ်ရေးက ဘယ်ကိုမှမရောက်ပဲ ခုလက်ရှိအနေအထားမှာတင် အဆုံးသတ်သွားတော့မယ်ဆိုတာ ဒီအချက်တွေကိုကြည့်ပြီး သိနိုင်

going_nowhere.jpg

သင့်မှာချစ်သူရှိနေပေမယ့် သူနဲ့အတူ ဖန်တီးတည်ဆောက်ရမယ့် အနာဂတ်ပျောက်နေသလို ခံစားနေရပါသလား။ နှစ်ဦးသားခံစားချက်တွေ မရင်းနှီးတော့သလို နွေးထွေးမှုတွေလည်း ပျောက်ဆုံးနေပြီလို့ သင်ထင်မိနေပါသလား။ ဒီအချစ်ရေးကို သင်စိတ်မောနေရပြီမို့ ဘာဆက်လုပ်ရမှန်း မသိပဲ ဖြစ်နေတယ်ဆိုရင် ဒီအချက်လေးတွေကို ဖတ်ကြည့်ပြီး ရှေ့ဆက်သွားသင့်၊ မသွားသင့် ဆုံးဖြတ်လိုက်ပါ။

၁။သင့်ချစ်သူဟာ သင့်ကို message လေးပို့ဖို့တောင် မအားဘူးဖြစ်နေတယ်ဆိုရင် ဒါဟာ သံသယ၀င်စရာအချက်ပါပဲ။

သူ့မှာ သင့်ဆီကို ဖုန်းခေါ်ဖို့၊ message ပို့ဖို့တောင် မအားဘူးဆိုတာ ဆင်ခြေပါ။ တကယ်ချစ်သူတွေမှာ ဘယ်လောက်အလုပ်တွေ ရှုပ်နေပါစေ၊ ကိုယ့်ချစ်သူကို အချိန်လေးတော့ ပေးနိုင်ကြတာချည်းပါပဲ။

၂။သူလုပ်ဆောင်နေသမျှဟာ သူ့အတွက်ချည်းပါပဲ။

သူအလုပ်မှာ ရာထူးတိုးဖို့၊ သူ့အိမ်မှာ အဆင်ပြေဖို့ ၊ သူ့ဝင်ငွေတိုးဖို့၊ သူလိုချင်တာလေးတွေ ၀ယ်နိုင်ဖို့ စတာတွေချည်း လုပ်ဆောင်နေမယ်ဆိုရင် သူဟာ သူ့ဘ၀အတွက်သာ သူသိပြီး သင့်ကို လုံးဝအလေးမထားသူပါပဲ။

၃။သင့်ကိုအမြဲလိုလို အပြစ်တင်နေတတ်တယ်။

သင်ဘာလုပ်လိုက်လုပ်လိုက် သင့်အမြင်မှာ သင်အမှားတွေချည်း လုပ်နေတယ်လို့ ထင်နေတယ်။ သင့်ကိုလည်း အပြစ်တွေတင်တယ်။ သူလုပ်တာကမှအမှန် သင်လုပ်ဆောင်တာတွေက အသုံးမ၀င်သလို ပြောဆိုဆက်ဆံတတ်သူဆိုရင်လည်း ဒီလိုလူမျိုးနဲ့ ရှေ့ဆက်ဖို့ စဉ်းစားပါတော့။

၎။သင်သဘောကျ၊နှစ်သက်တဲ့ အရာတွေကို အလေးမထားသလို ဆက်ဆံပြုမူတတ်တယ်။

သင့်ဝါသနာ၊ သင်သဘောကျတဲ့အရာတွေ၊ သင်အလေးထားတဲ့အရာတွေကို သင့်ချစ်သူက အမြဲနှိမ့်ချပြောဆိုတယ်။ အလေးမထားဘူးဆိုရင် ဒီလိုအမူအကျင့်ရှိတဲ့ ချစ်သူကို ခေါက်လိုက်ပါတော့။

၅။သူ့မိတ်ဆွေ၊ အသိတွေနဲ့ သင့်ကို ဘယ်တော့မှ မိတ်ဆက်မပေးဘူး။

ဒါဟာ စဉ်းစားစရာ အချက်တစ်ချက်ပါပဲ။ သင့်ကိုသူ အတည်ကြံတယ်၊ တကယ်အဆုံးထိချစ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် သူ့သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ ပေးသိပါလိမ့်မယ်။ မိတ်ဆက်ပေးထားပါလိမ့်မယ်။ မဟုတ်ရင်တော့ …..။

၆။ သင်ဖြစ်ချင်တာတွေကို ဘယ်တော့မှ ပေးမလုပ်ဘူး။

သင်ဖြစ်ချင်တဲ့ အရာမှန်သမျှကို မလုပ်ဖို့ အမြဲတားမယ်။ ဒါ့အပြင် သင့်ကို စိတ်ဓာတ်ခွန်အား ဘယ်တော့မှ မပေးသလို၊ အခြား ကူညီပေးတာမျိုးတွေလည်း မလုပ်တတ်ဘူး ဆိုရင် သင့်ချစ်သူဟာ စဉ်းစားစရာလူတစ်ယောက် ဖြစ်နေပါပြီ။

၇။အရာအားလုံးဟာ လိင်ကိစ္စတစ်ခုတည်းအတွက်လိုလို ဖြစ်နေပြီ။

သူနဲ့အတူနေပေးရုံသက်သက် သူကိုယ့်ကို ဆက်ဆံတယ်။ ကျန်တဲ့အချိန်တွေ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူးဆိုရင် သင်ဟာ ကိုယ့်အနေအထားကို ကိုယ်တိုင်ပြန်သုံးသပ်သင့်ပြီပေါ့။

၈။သူငယ်ချင်းတွေက သင့်ကို သူနဲ့ဆက်မတွဲစေချင်တော့ဘူး။

သင်နဲ့ သင့်ချစ်သူအကြောင်း သင့်သူငယ်ချင်းတွေ အကုန်သိနေပြီဆိုပါတော့။ သူတို့က သင့်ကို ဒီအချစ်ရေးကို စွန့်လွှတ်ဖို့တောင် ၀ိုင်းပြောနေကြပြီဆိုရင် ဒါသေချာစဉ်းစားကြည့်ပါတော့။ ကာယကံရှင်ထက် ဘေးလူတွေက တစ်ခါတစ်လေ ပိုမြင်နေတတ်တယ်ဆိုတာ မမေ့ပါနဲ့။

၉။သင်နဲ့ပတ်သက်ပြီး ဘာမှ မှတ်သားထားတာမျိုးမှ မရှိဘူး။

သင်ရဲ့မွေးနေ့၊ ဒါမှမဟုတ် သင်တို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့ စတာတွေကို ဘာမှ မှတ်သားထားမျိုး မရှိသလို သင်တို့နှစ်ယောက်အတွက် အရေးကြီးတဲ့ ရက်စွဲတွေကိုလည်း အမြဲမေ့နေတယ်ဆိုရင် သူက တစ်ခုခုတော့ တစ်ခုခုပါပဲ။

၁၀။သင်ကို တစ်လမှာ အခါပေါင်းများစွာ ငိုအောင် လုပ်တတ်တယ်။

နှစ်ယောက်သား ချစ်သူစဖြစ်ကတည်းက သင်အမြဲတမ်း သူနဲ့ပတ်သက်ပြီး ငိုနေရတယ်ဆိုရင် ဒါဘာ့ကြောင့်များလဲဆိုတဲ့ အကြောင်းအရင်းကို ပြန်တွေးဖို့ လိုပါပြီ။

 

Ref:yourtango

 

 

 

 

 

432 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.