အုတ်ခဲများဖြင့် ပြုလုပ်ဖန်တီးတဲ့ ပြောင်မြောက်တဲ့ အနုပညာလက်ရာများ

1170926_1106180072756145_4345911929506881942_n.jpg

အုတ်ခဲကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်တတ်သူ တစ်ဦးဖြစ်တဲ့ ဗြိသိသျှလူမျိုး Johnny Clasper ဆိုသူဟာ သာမန် အိမ်ဆောက်ပစ္စည်းများအသုံးပြုကာ သူ့နေ့စဉ်ပုံမှန်လုပ်ငန်းကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးထားပါတယ်။

အသက် ၃၈ နှစ်အရွယ်ဖြစ်တဲ့သူဟာ ငယ်ငယ်ကတည်းက လက်တွေ့ဆန် သဘာဝကျတဲ့ ပစ္စည်းကိရိယာများဆို စွဲစွဲလန်းလန်း ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ သူ့အနုပညာနယ်ပယ်အတွင်း သူဟာ ကောလိပ်ကျောင်းမှာ အုတ်အင်္ဂတေနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားမှု ပြုလုပ်ပြီးနောက် သတ်မှတ်ချက်ကနေ ဖောက်ထွက်ပြီး ဆန်းသစ်တီထွင်တဲ့ အင်္ဂတေလုပ်ငန်းများနဲ့ ကျောက်ဆစ်ရုပ် များစွာ ဖန်တီးခဲ့ပါတယ်။

"အလုပ်နဲ့ ပတ်သက်လို့ ဘောင်သတ်မှတ်ချက်တွေ ဘေးဖယ်ထားတာကြောင့် ကျောက်တုံးတွေ နှစ်သက်သဘောကျခြင်းက ကျွန်တော့်ကို လမ်းကြောင်းအမျိုးမျိုး ခေါ်ဆောင်ပေးပါတယ်။ လုပ်နေတဲ့ အလုပ်ကို စွဲစွဲလန်းလန်းဖြစ်နေတုန်းပါပဲ။ သင့်အတွက် ကျောက်တုံးကို ချောထည်အဖြစ်သို့ အပြီးအစီးထိ အပြောင်မြောက်ဆုံး ဒီဇိုင်းလက်ရာ ဖန်တီးပေးနိုင်မယ်ဖြစ်ကြောင်း" သူ့ဝက်ဘ်ဆိုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

သစ်သီးဝလံ ပန်းမန် ဥယျာဉ်စိုက်ပျိုးခြင်းအတတ် အားပေးမြင့်တင်ပေးဖို့ အင်္ဂလန်နိုင်ငံမြောက်ပိုင်းမှာ တစ်နှစ်  (၂) ကြိမ်ကျင်းပတဲ့ Harrogate Spring and Autumn Flower Shows မှာ Johnny ရွှေတံဆိပ်ဆုကြေးရရှိခဲ့ပါတယ်။ သူ့တီထွင်ဖန်တီးမှုများ စင်တင်ပြသဖို့ စတိုဒီယိုတစ်ခုကိုလည်း မကြာသေးခင်က သူ တည်ထောင်ခဲ့ပါတယ်။ 

Ref: CCTVNews 

 

413 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.