တစ်ကိုယ်တော်ခွေမှာ သူများအကြောင်းတွေ တတ်နိုင်သလောက် လျှော့ထားတယ်လို့ ဆိုလာတဲ့ G- Fatt

12464021_1691036407821937_1599255821_n.jpg

Happy New Year နေ့မှာ ကျရောက်တဲ့ G – Fatt ရဲ့ ၂၃ နှစ်မြောက်မွေးနေ့ကို သူဖြတ်သန်းကြီးပြင်းတက်ရောက်ခဲ့တဲ့ သင်္ယန်းကျွန်း အ.ထ.က ၂ ကျောင်းမှာ သူ့ကို အပြည့်အ၀ အားပေးတဲ့ ပရိသတ် တွေနဲ့ပျော်ရွှင်စွာ ဂိမ်းကစားရင်း သီချင်းတွေ ဆိုပြရင်း ဖြတ်သန်းနေတဲ့ G –Fatt  ရဲ့ သူဖန်တီးနေတဲ့ ဂီတလှုပ်ရှားမှုများ၊ သူရိုက်မဲ့ ဗီဒီယိုကားအကြောင်းနဲ့ သူ့ကိုချစ်သောသူများနဲ့ ထူးခြားစွာဖြတ်သန်းဖြစ်တဲ့ မွေးနေ့ အကြောင်းကို ပြောပြလာတဲ့အခါ

"အခုမွေးနေ့က ကျွန်တော့ရဲ့ ၂၃ နှစ်မြောက်မွေးနေ့ပါ။ ကျွန်တော့် ပရိသတ်တွေနဲ့အတူတူလဲ မွေးနေ့ကို တစ်ခါမှ မကျင်းပဖြစ်ခဲ့ဘူး။ အခုက ပထမဆုံးလုပ်ဖြစ်တာပေါ့။ Fan တွေကတွေ့ဖို့ပြောထားတာကြာပြီ။ ဒါပေမဲ့ တွေ့ဖို့ အခွင့်အရေးက ဒီနေ့မှပဲရခဲ့တယ်။ ကျွန်တော်မွေးနေ့ကျရင်တွေ့ဆုံပွဲလေး လုပ်ပေးပါဆိုတော့ လူအယောက် ၇၀လောက်နဲ့ပဲ အကျဉ်းချုံးပြီးလုပ်ဖြစ်ခဲ့တယ်။ ဒီကျောင်းမှာ လုပ်ဖြစ်ခဲ့တာကတော့ ဒီကျောင်းမှာ သူငယ်တန်းကနေ ဆယ်တန်းထိ တက်ခဲ့တဲ့ကျောင်းပေါ့နော်။ ဒီကျောင်းမှာ အမှတ်တရတွေလဲ အများကြီးရှိတယ်။ အဲ့ဒါကြောင့် ဒီကျောင်းလေးမှာ လုပ်ဖြစ်တာပါ။ နောင်နှစ်တွေလဲ အချိန်ရရင် လုပ်ဖြစ်ဦးမှာပါ"လို့ သူက ပြောပါတယ်။

၂၀၁၆ မှာပရိသတ်တွေကို တင်ပြမယ့် သူ့ရဲ့ အနုပညာများနဲ့ပတ်သက်ပြီးတော့လဲ သူက "ကျွန်တော့ရဲ့ solo album ထွက်ဖို့ရှိတယ်။ ကျွန်တော့ solo album MTV ထွက်မယ်။ ပြီးတော့ ကျွန်တော်ကိုယုန်လေး တို့နဲ့လဲ ပလက်ဖောင်း ယဉ်ကျေးမှုဆိုတဲ့ လူငယ်ကားလေး ရိုက်ဖို့ရှိပါတယ်။ အဲ့ဒီကားက ကိုယုန်လေး စီစဉ်တာပေါ့။ လမ်းဘေးကကောင်တွေအကြောင်းကို ရိုက်ချင်တယ်ဆိုတော့ သူပြောတဲ့ပုံနဲ့ကျွန်တော်တို့နဲ့က အဆင်ပြေလို့ရိုက်ဖြစ်တာပါ။ ကျွန်တော်က အဲ့ဒီထဲမှာ underground ကကောင်လေးတစ်ယောက် ကျွန်တော့ကောင်မလေးက ကျွန်တော့ကိုထောက်ပံ့တယ်။ အဲ့ဒီလိုပုံစံလေးပေါ့။ အဲ့ဒီကားလေးကို တစ်လပိုင်း ၂ ရက်နေ့ ရှုတင်စတည်ပါမယ်။ သရုပ်ဆောင်က ကျွန်တော့ရဲ့ အခု အနေအထားနဲ့ဆို တော်တော်ကြီးကိုဝေးပါတယ်။ ဒါပေမဲ့ ကိုယုန်လေးက ကျတော့လဲ ကျွန်တော်တို့ကိုဖြစ်စေချင်တယ်။ မင်းတို့အပြင်က ကာရိုက်တာပဲ လုပ်ရမှာဆိုတော့ ကိုယ်ကလဲ အတတ်နိုင်ဆုံးကြိုးစားမယ် ဆိုပြီး လက်ခံဖြစ်ခဲ့တာပါ"တဲ့။

၂လပိုင်းမှာထွက်ရှိမဲ့ solo Album နဲ့ပတ်သက်ပြီးတော့ "အဲ့ဒီအခွေလေးကို ကျွန်တော် ဂျင် ( သို့ မဟုတ် ) ငယ်အိပ်မက် တစ်ခုခုပေးဖြစ်မယ်။ တစ်လောကလုံးက အရမ်းလည်တယ်။ ကျွန်တော်က အဲ့ဒီအပေါ်က ထုံးဆိုတဲ့ အဓိပ္ပါယ်နဲ့ပေးဖြစ်ခဲ့တာပါ။ အဲ့ဒါမပေးဖြစ်ရင် ငယ်အိပ်မက်ပေါ့။ အခုလုပ်ထားတာက၁၈ ပုဒ်လောက်တော့ရှိတယ်။ ဒါပေမဲ့ ၁၂ ပုဒ်။ ၁၃ ပုဒ်၊ ၁၄ ပုဒ်အများဆုံးပဲ ထည့်ဖြစ်မယ်။ ပရိသတ်သိပြီးသား သီချင်းထဲကဆို လူသားသစ္စာ ၊ ပြည်ပသို့ပေးစာ ပါပါမယ်။ ကျန်တာကတော့ အသစ်တွေကြီးပါပဲ။ Featuring အနေနဲ့က Frenzo က ကိုစိုင်း၊ နေ၀င်း၊ G – Family အဲ့ဒီလောက်ပါပဲ။ မိန်းကလေးကတော့ မသိသေးပါဘူး။ ကျန်တဲ့ တစ်ခွေလုံးကို ကျွန်တော်တစ်ယောက်တည်းရေးထားတယ်။ သူတို့လုံးဝ ငိုသွားစေမဲ့ အချစ်သီချင်းတွေ ပါတယ်။ ပြီးရင် သူများအကြောင်းတွေကို တတ်နိုင်သလောက်လျှော့ထားတယ်။ ကျွန်တော့အကြောင်းတွေကို ဦးစားပေးရေးထားတယ်။ ကျွန်တော့်အကြောင်းကို စာအုပ်တစ်အုပ် ဖတ်နေရသလို သူတို့သိရမယ်။ ထုတ်ပေးတာက Frenzo ကပါ။ ကိုစိုင်းနဲ့လက်တွဲဖြစ်တာက ကိုစိုင်းက မင်းသီချင်းကိုကြိုက်တယ်။ မင်းလဲကြိုးစားတယ်။ ငါတို့အခွေလုပ်ရင်ကောင်းမယ် ဆိုပြီးလုပ်ဖြစ်ခဲ့တာပါ။ ညီအစ်ကိုလိုပဲသွားတာပေါ့။ အဲ့ဒီအခွေလေးကို ၂လပိုင်းမှာ ထွက်ဖို့ကြိုးစားနေတယ်။ အဲ့ဒီအခွေလေးထွက်လာရင်လဲ အားပေးကြပါ။ ခံစားချက်မျိုးစုံရနိုင်အောင် အဲ့ဒီအခွေလေးထဲမှာထည့်ပေးထားတယ်။" လို့ သူက ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.