တစ်ဦးတည်းသော သူငယ်ချင်း ကောင်မလေးနဲ့ နှစ်ယောက်တည်း အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့တဲ့ Justin Bieber

landscape-1451503036-justin-bieber-hailey-baldwin-vacation-123015.jpg

သူငယ်ချင်းကောင်လေးနဲ့ ကောင်မလေး ခရီးအတူထွက်တယ်ဆိုတာ သိပ်မထူးဆန်းပေမယ့် ဆွဲဆောင်မှုရှိတဲ့ လူနှစ်ယောက်ဖြစ်တဲ့ Justin Bieber နဲ့ Hailey Baldwin တို့နှစ်ယောက်အတူ အပန်းဖြေခရီးသွားကြတယ်ဆိုတာကတော့ နည်းနည်းထူးဆန်းသွားပါပြီ။

Justin Bieber က သူနဲ့ သူငယ်ချင်းမလေး Hailey Baldwin တို့နှစ်ဦး အပန်းဖြေခရီးကပုံတွေကို  Instagram မှာ တင်ထားသလို  ပုံတော်တော်များများမှာလည်း နှစ်ဦးသား ဖက်နေကြတာ၊ တစ်ယောက်နဲ့တစ်ယောက် စနောက်နေ ကြတာတွေကို တွေ့ရပါတယ်။ ပုံတစ်ပုံမှာဆိုရင် Justin Bieber ခေါင်းစည်းဖို့ Hailey Baldwin က လက်က ခေါင်းစည်းကြိုးပေးနေတာတောင် တွေ့ရပါတယ်။ ခုလို အဆင်တန်ဆာပစ္စည်းတွေကိုတောင် အတူမျှဝေသုံးစွဲနေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ နောက်ကွယ်က သံယောဇဉ်ကြိုးကတော့ မခန့်မှန်းနိုင်အောင်ပါပဲ။

ခုအားလုံးသိချင်နေကြတာကတော့ Justin Bieber ဟာ သူငယ်ချင်းမိန်းကလေး အားလုံးကို ဒီလိုပဲ ဆက်ဆံတာလား။ နောက်ထပ် သူငယ်ချင်းမိန်းကလေး တစ်ယောက်ထပ်ပေါ်လာခဲ့ရင် ဘယ်သူများ ဖြစ်ဦးမလဲ ဆိုတာပါပဲ။

Ref:cosmopolitan

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.