ပြည့်စုံကောင်းမွန်တဲ့ ချစ်သူစုံတွဲဘဝမှာ နံပါတ် ( ၁ )အရေးကြီးဆုံးအချက်

divorce_45.jpg

သုတေသနသစ်တစ်ခုမှ ပျော်ရွှင်သော ချစ်သူစုံတွဲတွေရဲ့ လျို့ဝှက်ချက်အစစ်အမှန်ကို ဖော်ထုတ်လိုက်ပါတယ်။

အချစ်ရေးချစ်ရာတွေမှာ အဆင်ပြေပြေနေထိုင်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ နှစ်ဦးနှစ်ဖက် လေးစားမှုနဲ့ ယုံကြည်မှု၊ ချစ်တင်းနှီးနှောခြင်း၊ ဝေမျှခံစားခြင်း စတာတွေပေါ့။ ဒါပေမယ့် လေ့လာမှုသစ်တစ်ခုကတော့ မိမိရဲ့တစ်ယောက်သောသူနဲ့ သူငယ်ချင်းလို နေထိုင်းခြင်းက အခရာကျတဲ့ အချက်တစ်ခုလို့ ဆိုပါတယ်။

လက်တွဲဖော်နဲ့ မိတ်ဆွေဖွဲ့ ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားတဲ့ ချစ်သူစုံတွဲတွေဟာ လက်တွဲဖော်နဲ့ မိတ်ဆွေသူငယ်ချင်းလို မနေတတ်တဲ့ သူတွေထက် ပိုမိုခိုင်မြဲကြတယ်၊ ပိုချစ်ခင်ကြပြီး အိမ်ထောင်ရေး သုခကိုလည်း ပိုမိုခံစားကြပါတယ်။

ပထမလေ့လာချက်ကတော့ Purdue University မှ သုတေသီများက ပျှမ်းမျှ ၁၈ လ ကြာ ချစ်သူရည်းစားဘဝ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသား/သူ ၁၉၀ ကို သူတို့ အချစ်ရေးမှ ဘယ်လောက်စိတ်ရှည်ကြလဲ၊ ဘယ်လောက်ထိ အလေးထားမှုရှိကြလဲ၊ နောက်ပြီး ဘယ်ကို ဦးတည် သွားဖို့ မျှော်လင့်ထားလဲ ဆိုတာ တွက်ချက်ခန့်မှန်းဖို့ စစ်တမ်းမှာ ထည့်သွင်းပါဝင်စေခဲ့ပါတယ်။

သုတေသနပညာရှင်တွေက အဲဒီနောက် ၄ လ အတွင်းမှာ လေ့လာမှုကို ဆက်လက်ဆောင်ရွက်ပြီး ၂၇% က အရင်လူနဲ့ လက်မတွဲတော့တာ တွေ့ရှိခဲ့ပါတယ်။ သိပ္ပံရှင်တွေ စစ်တမ်းရလဒ်ကို သေချာ စစ်ကြည့်တဲ့အခါ အရင်လူနဲ့ ပဲ ဆက်ပြီး လက်တွဲနေကြသေးသူတွေဟာ ခင်မင်ရင်းနှီးမှု၊ ရိုမန်းတစ်ဆန်ဆန် လက်တွဲနေထိုင်ခြင်း၊ ချစ်ခြင်းမေတ္တာနဲ့ ဖိုမကိစ္စသာယာမှု စတဲ့ချက်တွေကို အလေးထားတဲ့ သူတွေဆိုတာ တွေ့ရပါတယ်။

ဒုတိယလေ့လာမှုကတော့ သုတေသီတွေက အနည်းဆုံး ချစ်သူဘဝသက်တမ်း ၁၆ လ ရှိသူ ကျောင်းသား/သူ ၁၈၄ ယောက်ကို မိတ်ဆွေ အပေါင်းအသင်းဖွဲ့ခြင်း၊ ဖိုမကိစ္စ၊ ဘဝလုံခြုံမှု၊ မိမိကိုယ်မိမိ တိုးတက်အောင်လုပ်ခြင်း၊ မိမိလက်တွဲဖော်နဲ့ အတွေ့အကြုံသစ်တွေ ရယူခြင်းကို ဘယ်လောက် အလေးထားကြောင်း တိုင်းတာဖို့ မေးခွန်းမေးခဲ့ပါတယ်။ အချစ်ရေးမှာ အပေါင်းအသင်း မိတ်ဆွေဖွဲ့ခြင်းက မရှိမဖြစ်အရေးကြီးတယ်လို့ ဖြေကြားသူတွေဟာ ရိုမန်းတစ်ဆန်ဆန် လက်တွဲနေထိုင်ခြင်းနဲ့ ဖိုမကိစ္စကျပ်နပ်ရောင့်ရဲမှု ပိုမိုရရှိသူတွေ ဖြစ်ကြပါတယ်။

အချစ်ရေးမှာ ဆွဲဆောင်မှုရှိခြင်းက အရေးကြီးပေမယ့်လို့ မိမိလက်တွဲဖော်နဲ့ အဓွန့်ရှည် တကယ် လက်တွဲချင်ရင်တော့ အမြဲတမ်း ခင်ခင်မင်မင် ပေါင်းသင်းနေထိုင်တတ်တဲ့ သူတစ်ယောက်ကို ချိတ်ဖို့ အရေးကြီးတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။

Ref: womenshealthmag

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.