၂၀၁၆ ခုနှစ် Coachella ပွဲတော်မှာ Slash အပါအ၀င် မူရင်းအဖွဲ့ သားတွေနဲ့ Guns N Roses ဖျော်ဖြေသွားဖွယ်ရှိ

index.jpeg

Axl Rose နဲ့ Slash အပါအ၀င် မူရင်းအဖွဲ့ သားအစုံအလင်နဲ့ Guns N Roses အဖွဲ့ ဟာ  ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Coachella Music & Arts Festival မှာ အဓိကတီးဝိုင်းအဖြစ် ဖျော်ဖြေသွားဖို့ ရှိတယ်လို့  သတင်းရင်းမြစ်ပေါင်းစုံကနေ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Slash အပါအ၀င် အဖွဲ့ သားဟောင်းတွေ အကုန်နီးပါးပြန်ပေါင်းထုပ်ထားတဲ့ တီးဝိုင်းဟာ ၂၀၁၆ ခုနှစ်၊ နွေရာသီအတွင်း မြောက်အမေရိကမှာ ပွဲစဉ်တွေအများအပြား နယ်လှည့်ဖျော်ဖြေသွားဖို့ လည်း ရှိပြီး Guns N Roses တို့ ဟာ ရှိုး တစ်ပွဲကို ဒေါ်လာ ၃ သန်းလောက် တောင်းဆိုထားတယ်လို့  သတင်းတွေအရသိရပါတယ်။ ခေါင်းဆောင်အဆိုတော်အဖြစ် Axl Rose၊ လိဒ်ဂီတာသမားအဖြစ် Slash ၊ Bass ဂီတာသမားအဖြစ် Duff McKagan ပြန်ပါဝင်လာပြီး၊ မူရင်းဒရမ်သမား Steven Adler အစား ဒရမ်မာဟောင်း Matt Sorum က ဒရမ်တီးခတ်မှာဖြစ်ပါတယ်။ Izzy Stradlin ကတော့ ပြန်လည်ပါဝင်လာဖို့ မရှိဘူးလို့ လည်း သိရပါတယ်။

ဒီသတင်းတွေကို Billboard ကတည်းအတည်ပြုပေးထားပြီး တရားဝင်ကြေငြာချက်တော့ ယခုထက်တိုင် မထုတ်ပြန်ရသေးပါဘူး။ Guns N Roses တို့ ပြန်ပေါင်းထုပ်တော့မယ်ဆိုတဲ့ ခန့် မှန်းချက်တွေဟာ ယခုနှစ်အတွင်း စထွက်ပေါ်ခဲ့ တာ ဖြစ်ပြီး အဖွဲ့ သားတွေကလည်း သူတို့ တွေပြန်ပေါင်းထုပ်ချင်ကြတဲ့အကြောင်း အရိပ်အမြွက်တွေ ပြောကြားခဲ့ပါတယ်။

မကြာသေးမီကလည်း Guns N Roses ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ပွဲကြည့် ပရိတ်သတ်တွေပြည့်နှက်နေတဲ့ ဓာတ်ပုံတစ်ပုံ update လုပ်ခဲ့သလို၊ Star Wars: The Force Awakens ရုပ်ရှင်မပြသခင်မှာလည်း ‘Welcome to the Jungle” သီချင်းနဲ့ ခုန်ပေါက်နေတဲ့ ပရိသတ်တွေရဲ့ ဗီဒီယိုအပိုင်း လေးတစ်ခုကို ပြသ သွားခဲ့ပါတယ်။

Ref: Billboard, Independent
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.