ဓာတ်ပုံရိုက်၊ အကပိုင်း နဲ့ အဆိုလိုင်းကို အဓိကဦးစားပေးသွားမှာပါလို့ဆိုတဲ့ မော်ဒယ်လ် မာရီနာ

543639_312512915543900_1303138749_n.jpg

ညှို့ချက်ပြင်းပြင်းနဲ့ ပုရိသယောင်္ကျားတွေ အပေါ်မှာဆွဲဆောင် နိုင်လှတဲ့ နာဂတိုင်းရင်းသူလေးမော်ဒယ်လ် မာရီနာကတော့ City Fm ရဲ့၎နှစ်ပြည့်ပွဲမှာ အဆိုကောင်းကောင်း ၊ ပါးဖောမန့်စ် အမိုက်စားတွေနဲ့       သီဆိုဖျော်ပြေနိုင်ခဲ့ပါတယ်။ အဲဒီလိုတင်ဆက်ပြသခဲ့တာတွေကို ပရိသတ် အားပေးမှု၊ ကြိုက်နှစ် သက်မှုအထူးပဲရရှိခဲ့ပါတယ်။ အဲဒါကြောင့် သူမအနေနဲ့  ရှေ့ဆက်ပြီး အနုပညာလမ်းကြောင်း ပေါ်မှာ ဘယ်အရာကိုဦးစားပေးပြီးလုပ်ဖြစ်သွားမယ်၊ ရွေးချယ်သွားမယ် ဆိုတာနဲ့ပတ်သက် ပြီးမေးမြန်းကြည့်လိုက်တော့ ‘မာရီနာ Lucky boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ဇာတ်ကားတွေ ရိုက်ကူးသွားဖို့ ရှိပါတယ်။  မာရီနာကဇာတ်ကားတွေ ကိုဒလဟော အများကြီးမရိုက်ချင်ပါဘူး။ တစ်ကားဆို တစ်ကားကောင်းကောင်းလေး ဖြစ်စေချင်တာလည်း ပါတယ်။ ပရိသတ်ကိုလည်းကောင်းတဲ့ message လေးတွေပဲ ချပြပေးချင်တာကြောင့် ဇာတ်လမ်းတွေကို တော့ရွေးချယ် ပြီးရိုက်ကူးဖြစ် သွားမယ်။နောက်ပိုင်းမှာပိုပြီးဦးစားပေးသွားမှာက ဓာတ်ပုံရိုက်တာ၊ အကပိုင်းရယ်၊ အဆိုပိုင်းရယ် ကိုပါ။ ဂီတနဲ့ ပတ်သက်လို့ တကိုယ်တော် တေးစီးရီးထုတ် သွားဖို့ရှိပါတယ်။ အဆိုနဲ့ အကကိုငယ်ငယ်ကတည်း က၀ါသနာပါခဲ့တာပါ။ အဆိုနဲ့ ပတ်သက်ပြီးအခြေခံကိုပဲသေချာစနစ်ကျကျ ဆိုတတ်နိုင် အောင်သင်ကြား၊ လေ့ကျင့်ပြီးမှပဲ တကိုယ်တော် အခွေအတွက် ပြင်ဆင်ဖြစ်မှာပါ။ အကပိုင်းနဲ့ပတ်သက်ပြီး ပါဖောင်းမန့်စ်တွေကိုလဲအမိုက်စားတွေတင်ဆက်ပြသသွားနိုင်အောင် ကြိုးစားသွားမှာပါ။  ပါဖောင်းမန့်စ် ကို ကိုရီးယား2NE1၊ Shakira ၊ Beyonce ၊ Rihanna တို့လိုအမာဘက် ပုံစံမျိုးတွေ ကိုကြိုက်တယ်။ သူ့တို့ကို ကြည့်ပြီးတော့ လည်းလေ့လာဖြစ်တယ်။  မာရီနာအသံက အသံလုံးကြီး ပြီး ရော့စ်ဆန်တယ်လို့  ထင်ပါတယ်။ဒါကြောင့် မာရီနာအကပါတဲ့ ဂီတအမျိုးအစားတွေ ၊ ပါးဖောမန့်စ် လုပ်လို့ကောင်းတဲ့  ElectroPop ၊ Slow Rock ၊ ပုံစံမျိုးနဲ့ လိုက်မယ်လို့ ထင်ပါတယ်။ ပရိသတ်ကြီးကိုလဲ ပါးဖောမန့်စ် အမိုက်စားတွေ တင်ဆက်နိုင် ဖို့ကြိုးစားသွားမှာပါ’ လို့သူကပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.