သက်သတ်လွတ် အသားရေထိန်းသိမ်းပစ္စည်း (vegan skincare) တွေမှာ လုံးဝ အသုံးမပြုတဲ့ အရာ (၅) မျိုး

index.jpeg

သင် ပုံမှန်သုံးနေတဲ့ အလှကုန်ပစ္စည်းတွေနဲ့ သက်သက်လွတ် အသားရေထိန်းသိမ်းပစ္စည်းတွေနဲ့ ဘာကွာသလဲဆိုပြီး သိချင်နေကြတာရှိပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ ပုံမှန်အလှကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ တစ်ချို့အရာတွေဟာ သက်သက်လွတ်အသားရေ ထိန်းသိမ်းပစ္စည်းတွေမှာ ထည့်ဝင်ဖော်စပ်ထားခြင်း မရှိပါဘူး။ အဲ့ဒီ မပါဝင်တဲ့ အရာတွေက ဘာတွေများလဲ။

Albumen

ကြက်ဥ၊ နို့၊ အသားမျှင်၊ သွေး နဲ့ ဟင်းသီးဟင်းရွက် တစ်ရှူးနဲ့ အရည်တို့မှာ တွေ့ရပါတယ်။ အလှကုန်ပစ္စည်းတွေမှာ albumen ကို ကြက်ဥ အကာတွေကနေ ရလေ့ရှိပြီး ခဲသွားစေတဲ့ ပစ္စည်းအနေဖြင့် အသုံးပြုပါတယ်။

Allantoin

ယူရစ်ခ်အက်ဆစ်ဖြစ်ပြီး နွားနဲ့ နို့တိုက် သတ္တဝါအများစုအပြင် အပင်အတော်များများမှာလည်း တွေ့ရပါတယ်။ အလှကုန် ထုတ်လုပ်သည့် စက်ရုံမှာ ကျိန်းစပ်မှု သက်သာစေဖို့ သို့မဟုတ် လျော့နည်းစေဖို့ ခရင်မ် နဲ့ လူးရှင်းပုံစံဖြင့် အသုံးများပါတယ်။

Alpha-Hydroxy Acids

ခုခေတ်မှာ တကယ် လူသိများတဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပြီး အသားရေထိန်းသိမ်းပစ္စည်း များစွာတို့မှာ အသုံးပြုထားပါတယ်။ အသားရေတွန့်ရှုံ့မှု ကာကွယ်တဲ့ ထုတ်ကုန်ပစ္စည်းတွေမှာ အတွေ့အများဆုံး ဖြစ်ပါတယ်။

Amino Acids

ဗီတာမင်ဖြည့်စွက် ဓာတ်စာနဲ့ အသားရေထိန်းသိမ်း ပစ္စည်းတွေမှာ တွေ့ရပါတယ်။ အရေပြားလိမ်းဖို့ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေမှာဆိုရင် ခဲစေသည့်အရာ အဖြစ် ဆောင်ရွက်ပြီး တခါတလေ အနာသက်သာစေသည့်အရာ antioxidant တွေ ပါဝင်ပါတယ်။

Fatty Acid

အလှကုန်တွေမှာ Stearic Acid၊ Lauric Acid၊ Myristic Acid၊ Oleic Acid နဲ့ Palmitic Acid ဆိုပြီး ပါဝင်လေ့ရှိကြပါတယ်။ အားလုံးကို သဘာဝအဆီ၊ ဆီတို့မှ ထုတ်လုပ်ပြီး ဆပ်ပြာ၊ အလှကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေမှာ ထည့်လေ့ရှိပါတယ်။ အများစုကိုတော့ အပင်မှ ရရှိတာဖြစ်ပေမယ့် သားသတ်ရုံကနေ စွန့်ပစ်ပစ္စည်းအဖြစ် မကြာခဏ ရရှိခဲ့ပါတယ်။ သံသယရှိနေပါက အလှကုန်ပစ္စည်း ဘူးခွံတွေပေါ် ရေးထားတဲ့ 'Vegan' သို့မဟုတ် 'V' ဆိုတဲ့ အမှတ်အသားကို သတိထားကြည့်ပါ။ Cruelty-free ဆိုပြီးလည်း ရှာကြည့်နိုင်ပါသေးတယ်။ သင်ဟာ မျက်နှာအလှပြင်ဆိုင်သွားပြီး သက်သတ်လွတ် အသားရေထိန်းသိမ်းမှု ပြုလုပ်လိုပါက အဲဒီအတွက် အဆင်ပြေမယ် ၊မပြေဘူးဆိုတာ အရင်မေးကြည့်တာ အကောင်းဆုံး ဖြစ်ပါတယ်။ သို့မဟုတ် vegan skincare product တွေသာ အသုံးပြုတဲ့ ဆိုင်ကို ရှာပါ။

Ref:femalefirst

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.