အိုက်တင်ဆိုတာ ကွန်ပျူတာမှာလို Control C Control V နှိပ်ပြီး Copy ယူလို့မရပါဘူးလို့ဆိုလိုက်တဲ့ အလင်းရောင်

11291977_1616912978567614_1699595342_n.jpg

လက်ရှိမှာ ရုံတင်နေဆဲ ဖြစ်တဲ့ သရုပ်ဆောင် အလင်းရောင်ရဲ့ ရည်းစားဦးဇာတ်ကားနဲ့ပတ်သက်ပြီး First Time ကားကို ကော်ပီယူရိုက်ကူးထားတယ်ဆိုတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုများနဲ့ပတ်သက်ပြီး အလင်းရောင်နဲ့တွေ့ဆုံခိုက်မေးမြန်းကြည့်တဲ့အခါ

"ရန်ကုန်ပရိသတ်တွေကတော့ တော်တော်များများ အားပေးကြပါတယ်။ ကျွန်တော်တို့အသစ်တွေကြိုးစားထားတာကိုလဲ သူတို့အသိအမှတ်ပြုကြတယ်။ အဲ့ဒီကားကFirst Time ကားကို ကော်ပီယူ ရိုက်ကူးထားတာပါ။ First Time ကလဲ ပြင်သစ်ကား တစ်ကားကိုကော်ပီပြန်ယူထားတာပါ။ ကျွန်တော်တို့က တတိယမြောက်ကော်ပီဖြစ်သွားတာပေါ့။ တော်တော်များများ မြန်မာကားတွေကတော့ ကော်ပီတွေကြီးပါပဲ။ ဒါပေမဲ့ အခု ရည်းစားဦးမှာမှ ဖေ့စ်ဘုတ်မှာ ကော်ပီဆိုပြီးဖြန့်တာတွေ ပိုများလာတယ်။ ခေတ်အပြောင်းအလဲကြောင့်လဲ ပါမှာပေါ့။ လူတွေအမြင်ကျယ်လာတာကြောင့်လဲ ပါမှာပေါ့။"လို့ သူက ပြောပါတယ်။

ကော်ပီကားကို လက်ခံရိုက်ကူးဖြစ်သွားတဲ့ အကြောင်းကိုလည်း သူက "အသစ်တစ်ယောက်အနေနဲ့ ကိုယ့်ကို ကမ်းလှမ်းပြီးရိုက်တာနဲ့တင် ကျေးဇူးအများကြီး တင်နေရတာလေ။ ပြီးတော့ ဘာပဲပြောပြော လွန်ခဲ့တဲ့ သုံးနှစ်က ဘာအတွေ့အကြုံမှ မရှိသေးတဲ့ သူတစ်ယောက်ကို ကားကြီးရိုက်ပေးတယ်။ ဒါကလဲ ကျွန်တော့အတွက်ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်တဲ့အတွက် လက်ခံရိုက်ကူးဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ဒီကားကိုတစ်ခါပဲ မှတ်မှတ်ရရကြည့်ဖူးတယ်။ အဲ့ဒါကို တချို့က အိုက်တင်ကို ကော်ပီလုပ်တယ်ဆိုပြီးပြောကြတယ်။ အိုက်တင်ဆိုတာ ကွန်ပျူတာမှာလို control  C control V နှိပ်ပြီး ကော်ပီယူလို့ ရတာမဟုတ်ဘူးလေ။ ကျွန်တော်တို့ကထွက်လာတဲ့ ဒိုင်ယာလော့ခ်တိုင်း စကားပြောပြီး ကိုယ့်ခံစားချက်အတိုင်း သွားရတာပါ"တဲ့။

ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူ့ခံစားချက်ကိုတော့ "ပထမပိုင်းတော့ တစ်မျိုးပဲ။ စိတ်မကောင်းဘူး။ ကိုထက်ရော ကျွန်တော်ရောပေါ့။ ကိုယ်ပထမဆုံးကြိုးစားထားတဲ့ ကားကော်ပီအနေနဲ့ပရိသတ်တွေရဲ့ အထင်သေးမှု ၊ ဝေဖန်မှုကို ခံရတယ်။ အဓိကကတော့ ကိုထက်နဲ့ဇာတ်ညွှန်းကို အဓိကဝေဖန်ခံရတာပေါ့။ ကျွန်တော်တို့ကတော့ သိပ်မပါပါဘူး"လို့ သူက ပြောသွားပါတယ်။

နယူးရီးယားကို  ကိုဘိုစန်းတို့ဆီမှာ ရှိခဲ့တဲ့အကြောင်းပြောတဲ့ သူက ဒါပြီးရင် Skin Care ကြော်ငြာ တစ်ခုရိုက်ဖို့လက်ခံထားတာရှိသလို  ၂၀၁၆ ထဲမှာလဲ ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီးပြောထားတာတွေရှိတယ်လို့ ဆိုလာပါတယ်။ ၂၀၁၆ ငါးလပိုင်းမှာတော့ အလင်းရောင်ရဲ့ တစ်ကိုယ်တော်ခွေထွက်ဖို့ရှိသေးတာမို့ အလင်းရောင်ပရိသတ်တွေ စောင့်မျှော်လိုက်ကြပါဦးလို့။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.