မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ အမျိုးသမီးတွေရဲ့ ယေဘုယျ မျက်နှာအသွင်အပြင်များ

9e8c405b-bb09-49b2-81c6-9655fbb263ea.jpg

အထူးကွန်ပျူတာ ပရိုဂရမ်တစ်ခုကို အသုံးပြုပြီး သိပ္ပံပညာရှင်တွေက အမျိုးသမီးတွေရဲ့ မျက်နှာရုပ်ပုံ ရာချီ ထည့်ထားကာ နိုင်ငံအသီးသီးအတွက် ပျှမ်းမျှ မျက်နှာအသွင်သဏ္ဍာန် တစ်ခုစီ ဖန်တီးခဲ့ပါတယ်။  ဒီ ယေဘုယျ ရုပ်သွင်ရှာကိရိယာ face-averaging tool ကို University of Glasgow က စိတ်ပညာရှင်တွေက အလှအပ ထိုးထွင်း သိမြင်ဖို့အတွက် အသုံးပြုခဲ့ပါတယ်။

ဓာတ်ပုံမြောက်များစွာကို အထပ်လိုက်စီတဲ့ အဲဒီနည်းပညာကို Sir Francis Galton က ၁၈၈၀ နောင်ပိုင်းမှာ ပထမဆုံး တီထွင်ခဲ့တာပါ။ Composite portraiture လို့ခေါ်တဲ့ သူ့နည်းစနစ်က ရုပ်အသွင်တစ်ခု ဖန်တီးဖို့ မတူညီကွဲပြားတဲ့ ရုပ်ပုံတွေ အဖန်ဖန်စီထပ်ကာ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။  

ပျှမ်းမျှရုပ်သွင်အနေနဲ့ နိုင်ငံတိုင်း ရင်သပ်ရှုမောလောက်အောင် လှပနေကြပေမယ့် ဒါ အမျိုးသမီးများရဲ့ပျှမ်းမျှရုပ်အသွင်အစစ်အမှန်ကို ထင်ဟပ်စေတဲ့ မျက်နှာအသွင်ပြင် မဟုတ်ဘူးလို့ အငြင်းပွားမှု တချို့ရှိခဲ့ပါတယ်။

ယင်းပရိုဂရမ်က အမည်းကွက်၊ အပြစ်အနာဆာတွေ ထည့်မတွက်ဘဲ အဲဒီမျိုးသမီးအားလုံး တို့ကို အသက် ၂၀ ကျော်ကာလက ရုပ်ရည်အဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။

ပျှမ်းမျှမျက်နှာသွင်ပြင် ဖော်ထုတ်ခြင်းအတွက် prototyping နဲ့ transforming နည်းလမ်း (၂) ခု အသုံးပြုလျက် ထူးခြားလက္ခဏာ အမျိုးမျိုးအတွက် လူတွေရဲ့ စိတ်ဝင်စားမှုကို စမ်းသပ်ဖို့ ကျွန်ုပ်တို့ ခေတ်မီ ဆန်းပြားသော ကွန်ပျူတာ ဂရပ်ဖစ်ခ်တွေ အသုံးပြုပါတယ်လို့ Face Research Lab က ဆိုပါတယ်။

တောင်အာဖရိက ဓာတ်ပုံပညာရှင် Mike Mike ရဲ့ web project ဖြစ်တဲ့ The Face of Tomorrow က မျက်နှာအသွင်ပြင် လေ့လာမှု စိတ်ကူး ရစေတယ်လို့ ဆိုပါတယ်။ 

Ref: Yourtango

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.