စိတ်ခြောက်ခြားတုန်လှုပ်စရာ ဇာတ်ကားကောင်းကြိုက်သူတွေအတွက် ၂၀၁၆မှာ ထွက်ရှိမယ့် အမိုက်စားဇာတ်ကား (၆) ကား

horror-movies-2016.jpg

ရုပ်ရှင်ချစ်သူတွေထဲကမှ စိတ်ခြောက်ခြားတုန်လှုပ်ဖွယ် ဇာတ်ကားမျိုးတွေကို သဘောကျနှစ်ခြိုက်သူတွေအတွက် ၂၀၁၆အတွင်း ကြည့်ရှုနိုင်မယ့်ဇာတ်ကားကောင်း (၆)ကားကို ရွေးချယ်ပြီး ပြောပြပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ နှစ်သစ်မှာ ထွက်ရှိလာမယ့် ဇာတ်ကားတွေ ဖြစ်တာမို့ ဇာတ်ကား နာမည်တွေနဲ့အတူ ထွက်ရှိမယ့် ရက်စွဲကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

၁။ The Forest

ဒီဇာတ်ကားလေးထဲမှာတော့ Sara (Natalie Dormer) က သူမရဲ့ ပျောက်ဆုံးသွားတဲ့ အမြွှာညီမဖြစ်သူ ဂျပန်နိုင်ငံက နာမည်ကြီး တောအုပ်ကြီးတစ်ခုမှာ သွားရှာရင်း အန္တရာယ်မျိုးစုံ ကြုံရတဲ့ ဇာတ်လေးပါ။ တောအုပ်ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံမှုတွေ အဖြစ်ပွားဆုံး တောအုပ်ဖြစ်တာကြောင့် သူမရောက်ရှိသွားတဲ့အခါ ဘယ်လိုအဖြစ်မျိုးတွေ ကြုံရမလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။

ဇာတ်ကားထွက်ရှိမယ့် ဒိတ်ကတော့ ဇန်န၀ါရီလ ၈ရက်နေ့ ဖြစ်ပါတယ်။

၂။ Martyrs

ဒီဇာတ်ကားကတော့ ငယ်ရွယ်တဲ့ အမျိုးသမီးနှစ်ဦးဟာ သူတို့မိသားစုဝင်တွေကို ပြန်လည်ရှာဖွေတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားမှာလည်း စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွ၊ စိတ်ခြောက်ခြားစရာ ဇာတ်ကွက်တွေ ပါဝင်နေပါတယ်။

ဇာတ်ကားထွက်ရှိမယ့် ရက်စွဲကတော့ ဇန်န၀ါရီလ ၂၂ ရက်နေ့ ဖြစ်ပါတယ်။

၃။ The Boy

ဒီဇာတ်ကားမှာတော့ Greta ( Lauren Cohan) ဆိုတဲ့ ကောင်မလေးဟာ ကလေးထိန်းအလုပ်တစ်ခုကို လုပ်ဖို့ လက်ခံလိုက်ပါတယ်။ ကလေးနာမည်ကတော့ Brahms လို့ ခေါ်ပါတယ်။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပါပဲ။ တကယ့် Brahms က လွန်ခဲ့တဲ့ အနှစ် (၂၀)လောက်ကတည်းက သေဆုံးသွားခဲ့တာပါ။ ဒီအချိန်မှာ Greta ထိန်းရတာက နာမည်တူ အရုပ်ကြီးတစ်ရုပ် ဖြစ်နေပါတယ်။ တကယ်လို့ သူမဟာ ဒီအလုပ်ကို လက်ခံပြီးမှ မလုပ်တာ့ဘူးဆိုရင်၊ စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင် သူမဟာ အကျိုးဆက်ဆိုးတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဇာတ်ကားထွက်ရှိမယ့် ရက်စွဲကတော့ ဇန်န၀ါရီလ ၂၂ရက်နေ့ ဖြစ်ပါတယ်။

၎။Intruders

ဒီဇာတ်ကားကတော့ အပြင်ထွက်လို့မရတဲ့ ရောဂါသည် Anna ရဲ့ အိမ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ သူ သုံးဦးနဲ့ သူမရင်ဆိုင်ရတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ပြထားတာပါ။ 

ဇာတ်ကားထွက်ရှိမယ့် ရက်စွဲကတော့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ ဖြစ်ပါတယ်။

၅။The Witch

ဒီဇာတ်ကားကတော့ ၁၇ရာစုအချိန်အခါကို ရိုက်ကူးထားတာမျိုး ဖြစ်ပြီး စုန်းမတစ်ယောက်က မိသားစုတစ်စုကို ကျိန်စာတိုက်ခဲ့ရာကနေ ဖြစ်လာတဲ့အခြေအနေတွေကို ရိုက်ကူးထားတာပါ။

ဇာတ်ကားထွက်ရှိမယ့် ရက်စွဲကတော့ ဖေဖော်ဝါရီလ ၂၆ရက်နေ့ ဖြစ်ပါတယ်။

၆။Amityville: The Awakening

ဒီဇာတ်ကားမှာတော့ အမေနဲ့ သားသမီးသုံးယောက်ဟာ အိမ်တစ်အိမ်ကို စတင်ပြောင်းရွှေ့ရာကနေ နောက်ပိုင်း ကြောက်မက်ဖွယ် အခြေအနေတွေ ကြုံတွေ့ရတဲ့ ဇာတ်ကို ရိုက်ကူးထားတာပါ။

ဇာတ်ကားထွက်ရှိမယ့် ရက်စွဲကတော့ ဧပြီ ၁၅ ရက်နေ့ပါ။

Ref:popsugar

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.