လေယာဉ်လက်မှတ်ကို ဓာတ်ပုံရိုက် ဖေ့စ်ဘွတ်ခ်ပေါ် လုံးဝ မတင်သင့်

mg_boardingpasses_comp.png

အားရက်တွေဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး ကျွန်ုပ်တို့သွားမယ့် ခရီးစဉ်တွေကို လူတွေဆီ ကြွားဝါကာ တစ်ပါးလူအားကျတာ ခံချင်ကြပါတယ်။ ဒါပေမယ့် မိမိ လေယာဉ်လက်မှတ်ကို ဓာတ်ပုံရိုက် ဖေ့စ်ဘွတ်ခ်ပေါ်မတင်ခင် ဒါလေးကို အရင် စဉ်းစားပါ။

မိမိတင်ထားတဲ့ လက်မှတ်ကို ဘယ်သူမဆို screenshot ရိုက်နိုင်ပါတယ်။ အဲ့ဒီနောက် barcode decoding program လို့ခေါ်တဲ့ မိမိနဲ့သက်ဆိုင်တဲ့ အချက်အလက်များကို ကွန်ပျူတာနဲ့ ဖတ်ရှုပြီး အဓိပ္ပါယ် ကောက်ယူနိုင်တဲ့ ပရိုဂရမ်သို့ upload ကာ လျိုဝှက်စာတွေ ဖော်ထုတ်နိုင်ပါတယ်။ ဒီကနေတဆင့် သင့်ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များနဲ့ ဖုန်းနံပါတ်ကို သူတို့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလူက  ဒေတာအချက်အလက်တွေကို သင့် airline account ကို ရယူဖို့ အသုံးပြုပြီး သင့်ထိုင်ခုံနေရာ အပြောင်းအလဲ လုပ်နိုင်ရုံတင်မက သင့်လေယာဉ်ခရီးစဉ်ကိုတောင် ပယ်ဖျက်နိုင်ပါတယ်။

လေယာဉ်လက်မှတ်ကို ကွန်ပျူတာစနစ်နဲ့ လျို့ဝှက်စာဖော်ထုတ် ရရှိတဲ့ အချက်အလက်က လေကြောင်းကုမ္ပဏီပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ လေယာဉ်လက်မှတ်တွေကို အသုံးပြုပြီးနောက် တစ်စစီဖြစ်အောင် ဖျက်စီးသင့်ကြောင်း ကျွမ်းကျင်ပညာရှင်တွေ အကြံပြုထားပါတယ်။ 

Ref: Metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.