ဒီဇိုင်နာ Jonathan Saunders နဲ့ သူရဲ့ဒီဇိုင်း

jonathan_saunders_in_singapore_at_club_21_decor.jpg

          British ဖက်ရှင်ဒီဇိုင်နာ Jonathan Saunders ဟာ သူရဲ့ spring summer 2014 collection ပြပွဲကို စင်္ကာပူနိုင်ငံမှာ ကျင်းပမယ်လို့ဆိုပါတယ်။ ဒီတော့ သူ့ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာနဲ့ အာရှဘက်မှာ တိုးချဲ့လာတဲ့ ဈေးကွက်စီးပွားရေး အကြောင်း အနည်းငယ်ကို အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။

          ဒီဇိုင်နာ Jonathan ဟာ အလွန်အလွန်ကို ချစ်ခင်နှစ်လိုဖွယ် ကောင်းသူတစ်ယောက်ပါ။ သူရဲ့ စင်္ကာပူခရီးစဉ်မှာ ပြသမယ့် Spring Summer 2014 collection ကို Club 21 မှာကျင်းပမှာ ဖြစ်ပြီး သူ့ရဲ့ အာရှဈေးကွက်အပေါ် တွေးထင်ယူဆပုံအချို့နဲ့ အခု collection အတွက် ဒီဇိုင်းဖန်တီးပုံ တစေ့တစောင်းကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး-    အာရှမှာ Jonathan Saunders တံဆိပ်ကို ရုတ်ချည်း စိတ်ဝင်စားလာကြတာကို တွေ့ရတယ်။ ဘာကြောင့်ဒီလိုဖြစ်သွားရတယ်လို့ ထင်လဲ ။

ဖြေ-    ကျွန်တော်ဒီဇိုင်နာအဖြစ် ရပ်တည်ကတည်းက အရောင်အသွေး၊ အဆင်နဲ့ ရက်လုပ်မှုတွေကို ဦးစားပေးခဲ့တယ်။ “ကျွန်တော်အလုပ်လုပ်တဲ့ နည်းလမ်းကတော့ အစကလည်းဒီပုံစံပဲ။ အခုလည်းဒီပုံပဲဆိုတော့ မပြောင်းလဲပါဘူး။ ဒါပေမယ့် ကျွန်တော်ထင်တာတော့ ကျွန်တော်က ပွဲတက်ဝတ်စုံတွေ၊ cocktail ၀တ်စုံတွေ လုပ်ရတာငြီးငွေ့လာတယ်။ အဲ့ဒီအတွက် နေ့ခင်းဘက် ပေါ့ပေါ့ပါးပါး ၀တ်နိုင်တဲ့ အ၀တ်မျိုးတွေကို အာရုံစိုက်ဖြစ်လာတယ်။ ဒါကြောင့် လူသိပိုများလာပြီး ကျွန်တော့်ရဲ့ ထုတ်ကုန်တွေကို ချည်းကပ်ရလွယ်ကူလာတာကြောင့် ဖြစ်မယ်။

မေး-    အခုပြမယ့် collection အတွက် ဒီဇိုင်းလုပ်ထားရာမှာ အာရှသားတွေအကြိုက်ကို အသားပေးထားတာလား။ ဈေးကွက်နဲ့ကိုက်ညီအောင် ဘယ်လိုစဉ်းစား ဖန်တီးထားလဲ။

ဖြေ-    ကောင်းပြီ။ ကျွန်တော်တို့တွေဟာ ဒီဇိုင်နာတွေဖြစ်တယ်။ အနုပညာရှင်တွေမဟုတ်ဘူး။ ဒီဇိုင်နာတစ်ယောက်ဟာ customer ရဲ့ အားပေးမှု၊ တုံ့ပြန်မှုကို လေ့လာနားထောင်နေရတယ်။ မင်းမှာ အလွန်အမင်းနှစ်သက်ပြီး ချပြချင်နေတဲ့ ဒီဇိုင်းတစ်ခုရှိခဲ့မယ်ဆိုရင်တောင် အဲ့ဒီ ဒီဇိုင်းကို လူတွေက ဘယ်လိုနေရာမှာ ၀တ်သွားဖို့အဆင်ပြေနိုင်မလဲဆိုတာကို စဉ်းစားရသေးတယ်။

          ကျွန်တော့်အနေနဲ့က ဘလောက်စ်ဂျာကင်နဲ့ မီနီစကတ်တစ်ထည် ၀တ်စရာအကြောင်း မရှိဘူး။ ဒီတော့ အမျိုးသမီးတွေ ဒါကိုဘာကြောင့်ဝတ်သလဲဆိုတာ ကျွန်တော့်အနေနဲ့ နားလည်ဖို့လိုတယ်။

မေး-    2013 ခုနှစ် Autumn Winter collection မှာတုန်းက အပွင့်ရိုက်ဒီဇိုင်းတွေမတွေ့ရဘူး။ အခု 2014 Spring Summer collection မှာတော့ အပွင့်ရိုက်ဒီဇိုင်းတွေကို အဓိကအနေနဲ့ ဖန်တီးထားတာ ပြန်တွေ့ရတယ်။ ဒီ collection နှစ်ခုကြား ကွာဟချက်အတွက် မင်းရဲ့အတွေးအချို့ကို ရှင်းပြနိုင်မလား။

ဖြေ-    Autumn Winter ကတော့ ရာသီဥတုနဲ့ ကိုက်ညီအောင် ဦးတည်လိုက်တာပါ။ ကျွန်တော့် အတွက်တော့ အဲ့ဒီ collectionဟာ ရက်လုပ်မှုအပိုင်းနဲ့ အရောင်အသွေးကို ဦးစားပေးထားတာ။ အဲ့ဒီမှာ အသုံးပြုထားတဲ့ပစ္စည်းအချို့က အမျိုးအစားအသစ်တွေပေါ့။ အခြားအရာတွေနဲ့ အလွန်အလွန်ကို ကွာခြားပါတယ်။

          Spring Summer 2014 မှာကျတော့ အပွင့်ရိုက်ဒီဇိုင်းဘက် ပြန်ဦးတည်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းအကုန်နွေအကူးရာသီနဲ့ ကိုက်ညီတယ်လေ။ ဒါပေမယ့် အပွင့်ရိုက်တွေချည်းပဲတော့လည်း မဟုတ်ပါဘူး။ ရာသီတလျောက်လုံး အဆင်ပြေအောင် အသားပေး ဖန်တီးထားတယ်။ ဆောင်းဦးရာသီကတော့ ကျွန်တော့်ကို ကာလာဗြောင်တွေ ဖန်တီးဖို့ အခွင့်အရေးပေးတယ်။

          Jonathan Saunders ရဲ့ နွေဦးရာသီ ၂၀၁၄ ဖန်တီးမှုတွေကို ကြည့်လိုက်ရင် စိတ်ကို လှည့်စားတတ်စေတဲ့ အဆင်အသွေးတွေကို တွေ့နိုင်သလို ၇၀ ခုနှစ်နှောင်းပိုင်းတွေလောက်က လိုမျိုး အကွက်ဆန်းလေးတွေ ဖန်တီးထားတာတွေ့ရတယ်။ ဥပမာ- နေ၀င်ချိန် အရောင်ပြေးကာလာစပ်မျိုး လေးတွေပေါ့။ အရောင်အတွဲအစပ်တွေကတော့ တစ်ခါမှ တွေးမကြည့်ဖူးတဲ့ လုံးဝ အသစ်အဆန်းတွေပါ။

Ref:herworldplus

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.