လူတိုင်းကို လစဉ်ထောက်ပံ့ကြေး ပေါင် ၆၆၀ ပေးဖို့ ကြံစည်နေတဲ့ နယ်သာလန်နိုင်ငံက မြို့ 

index.jpeg

ဟော်လန်လို့ လည်း ခေါ်ကြတဲ့ နယ်သာလန်နိုင်ငံက မြို့ တစ်မြို့ ဟာ လူတွေ အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ လစဉ်ပိုက်ဆံထောက်ပံ့သွားယ့်  ‘အခြေခံဝင်ငွေ’ (သို့ မဟုတ်) ‘နိုင်ငံသားတစ်ယောက်ရဲ့ဝင်ငွေ’ လို့ အမည်ရတဲ့စနစ်တစ်ခုကို ကျင့်သုံးသွားမယ့် နောက်မြို့ တစ်မြို့  ဖြစ်လာပါတယ်။

နယ်သာလန်က Utrechet မြို့ ဟာ လက်ရှိမှာ အစိုးရထောက်ပံ့ကြေးယူနေတဲ့ လူအနည်းငယ်ကို လစဉ်ထောက်ပံ့ငွေ စတင်ပေးအပ်သွားမှာဖြစ်ကာ၊ အောင်မြင်မှုရရှိတယ်ဆိုရင် အစီအစဉ်ကို ထပ်မံတိုးချဲ့  သွားဖို့  ရည်မှန်းထားပါတယ်။ ဒီဆန်းသစ်တဲ့နိုင်ငံရေး အကြံအစည်ဟာ ‘poverty trap’ လို့ ခေါ်တဲ့ လူတွေအနေနဲ့  အလုပ်ရတဲ့အခါမှာ အစိုးရထောက်ပံ့ကြေးလျော့နည်းလာပြီး အခွန်ပါ တိုးလာတာကြောင့် ဆင်းရဲခြင်းဝဲဂယက် ထဲက မထွက်နိုင်မှုကို တိုက်ဖျက်သွားဖို့  ဖြစ်ပါတယ်။  

Utrechet မြို့ အပြင် တခြားမြူနီစပယ် ၁၉ ခုကလည်း ဒီအပြောင်းအလဲစနစ်ကို ဖော်ဆောင်သွားဖို့ ရှိတယ်လို့  The Guardian သတင်းဌာနရဲ့သတင်းဆောင်းပါးအရ သိရပါတယ်။ ကနဦးအနေနဲ့ အစိုးရထောက်ပံ့ကြေး ရယူတောင်းခံထားတဲ့ လူအနည်းငယ်ကို တစ်လ ပေါင် ၆၆၀ ပေးအပ် စမ်းသပ်သွား မှာဖြစ်ပြီး၊ ဒီထောက်ပံ့ကြေးအပြင် အလုပ်လုပ်လို့ ရရှိတဲ့ ၀င်ငွေကိုပါ ဆက်လက် ရယူနိုင်မှာဖြစ်ပါတယ်။

အလုပ်လုပ်ဖို့ ၊မလုပ်ဖို့ ဆုံးဖြတ်တာကတော့ ဒီလူတွေအပေါ်မူတည်သွားမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုရဲ့ရလဒ်ကိုတော့ Utrechet တက္ကသိုလ်က စီးပွားရေးပညာရှင် Loek Groot က စိစစ်လေ့လာသွားမှာ ဖြစ်ပါတယ်။
UK ရဲ့ Green ပါတီကလည်း ဒီပေါ်လစီကို ဗြိတိန်မှာ စတင်မိတ်ဆက်သွားဖို့ မျှော်မှန်းထားပါပေမယ့် ဒီအတွက် ရန်ပုံငွေကိုဘယ်လိုရှာဖွေရမလဲဆိုတာ သေချာမသိသေးတာကြောင့် ပါတီရဲ့မူဝါဒကြေငြာစာတမ်းမှာ ထည့်သွင်း ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။

နယ်သာလန်ကယခုပေါ်လစီထောက်ခံသူတွေကတော့ ဒီပေါ်လစီဟာ ဘယ်သူက ထောက်ပံ့ကြေးတွေလိမ်နေတယ်၊ ဘယ်သူကဘာခံစားပိုင်ခွင့်ရှိတယ်၊ ဘယ်သူက ထောက်ပံ့ကြေး ခံစားခွင့် လိုအပ်ချက် စံနှုန်းတွေနဲ့ ပြည့်မီတယ် စတာတွေကို စုံစမ်းရဖို့ အတွက်  ဗျူရိုကရေစီစနစ်ရဲ့ လိုအပ်ချက်တွေကို ဖယ်ရှားနိုင်မှာဖြစ်လို့ ငွေတောင် ပိုသက်သာဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။  

 

Ref: Metro

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.