ကြီးနိုင်ငယ်ညှဉ်း လုပ်ခြင်းကို ရာဇဝတ်မှုဟု ဥပဒေပြဌာန်း

adultery_0.jpg

တစ်စုံတစ်ယောက်ရဲ့ နိုင်ငံကူးလက်မှတ် သို့မဟုတ် သော့တွဲကို ဘယ်မှ သွားလို့မရအောင် ဖွတ်ပေးခြင်း စတဲ့ အနိုင်ကျင့်ဗိုလ်ကျခြင်း အပြုအမူကို စော်ကား နှိပ်စက်ညှဉ်းပန်းခြင်းလို့ သတ်မှတ်လိုက်ပါတယ်။

The Serious Crime Bill မှ ရိုင်းစိုင်းစွာပြုမူခြင်း၊ ချုပ်ထိန်းခြင်း သို့မဟုတ် မိမိလက်တွဲဖော်ကို နိုင်ထက်စီးနင်းပြုခြင်းကို ရာဇဝတ်မှုတစ်ခုလို့ သတ်မှတ်ပါတယ်။ အဲဒီလို နိုင်ထက်စီးနင်းပြုခံရသူတွေအနေနဲ့ သတင်းပိုဖို့ ၆ လ မဟုတ်တော့ဘဲ အချိန် ၂ နှစ် ရရှိပါတယ်။

အရင်က သူကိုယ်တိုင် နိုင်ထက်စီးနင်းပြုကျင့်ခံရသူလို့ ဆိုတဲ့ အသက် ၆၀ အရွယ် Shireen Jamil က ဒီဥပဒေပြောင်းလဲမှုအတွက် စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။

ိအိန္ဒိယနိုင်ငံမှာ တစ်ပတ်ကို အမျိုးသမီး ၂ ယောက်က သူတို့ လက်တွဲဖော်များ၊ ခင်ပွန်းများရဲ့ သတ်ဖြတ်မှုခံရကြောင်း ကျွန်ုပ်တို့ကြားရတယ်လို့ သူမက The Express ကို ပြောပြခဲ့ပါတယ်။

အဲဒီဥပဒေပြောင်းလဲခြင်းကို ဒီနှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် အခုထိ ဥပဒေ သက်ရောက်မှု မရှိသေးတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ လမ်းညွန်အသစ်တွေ ထပ်မံလေ့လာသင်ယူနိုင်ခဲ့ပါတယ်။

ဒီဥပဒေဟာ လာမယ့် အင်္ဂါနေ့မှာ အကျိုးသက်ရောက်မှု ရှိလာတော့မှာဖြစ်ပြီး ချစ်သူစုံတွဲ လက်တွဲဖော်များအနေနဲ့ ကိုယ်ထိလက်ရောက် အကြမ်းမှု မပြုရင်တောင် စိတ်ခံစားမှုဆိုင်ရာကမ ထိန်းချုပ်မှုပြုပါက ထောင်ချခံရနိုင်ပါတယ်။ 

Ref: Metro

2 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.