ကိုယ်အနောက်တစ်ပိုင်းလုံး ပုပ်ဆွေးပြတ်ကျခဲ့ပေမယ့် အသက် ဆက်ရှင်နေနိုင်ခဲ့တဲ့ ငါးကလေး

index.jpeg

အင်္ဂတေအနားသတ်ကိုင်ထားတဲ့ ရေကန်ကနေ ခုန်ထွက်ဖို့ ကြိုးစားချိန်မှာ ဒဏ်ရာရပြီး အမြီးရော၊ ကိုယ်ထည်တစ်ဝက်လောက်ပါ ဆုံးရှုံးခဲ့ရတဲ့ ငါးလေးတစ်ကောင်ဟာ ထူးခြားစွာပဲ ဆက်လက်အသက်ရှင် နိုင်ခဲ့ပါတယ်။
အဆိုပါ ငါးလေးကို ထိုင်းနိုင်ငံက၊ ဈေးဆိုင်တစ်ဆိုင်ရဲ့ကန်ထဲမှာ ထည့်ထားတာကို အမျိုးသားတစ်ယောက်က မြင်ကာ သနားစိတ်ဝင်ပြီး အိမ်ခေါ်မွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ Ratchaburi ခရိုင်က Watchara Chote ဆိုသူအမျိုးသားဟာ သူ့ ရဲ့ငါးလေးကို I-Half လို့ အမည်ပေးခဲ့ပါတယ်။ ရွှေငါးအမျိုးအစား ငါးလေးဟာ ရေကန်ထဲက ခုန်ထွက်ရာမှာ အရိုးတွေ ကျိုးသွားခဲ့ပြီး ခန္ဓာကိုယ်အနောက်ပိုင်း ပုပ်ဆွေးကာ အမြှီးပိုင်း နဲ့ ကိုယ်တစ်ခြမ်းလောက် ပဲ့ကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Chote နဲ့ ငါးလေး I-Half တို့ ဟာ ခြောက်လလောက် တူတူနေထိုင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Chote ဟာ ရွာတွေအနှံ့  သူ့ ရဲ့ထူးဆန်းတဲ့ငါးလေးကို လိုက်ပြနေစဉ်မှာလည်း I-Half ဟာ သေဆုံးသွားခဲ့ပြီး စေတနာရှင်ရွာသားတွေက အခေါင်းလေးသေးသေးလေးဝယ်ဖို့ အတွက် Chote ကို ငွေကြေးတွေ ပေးအပ် ခဲ့ကြတယ်လို့ သိရပါတယ်။ Hypsibarbus wetmorei ငါးမျိုးတွေဟာ သဘာဝပေါက်ပင်တွေပေါများတဲ့ ရေကန်မျိုးကို ပိုနှစ်သက်ပြီး ငါးကန်တွေထဲမှာ ပျော်လေ့မရှိပါဘူး။

Ref: DailyMail
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.