Avatar 2 ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမယ့် ရက်စွဲ အတည်ပြု သတ်မှတ်လိုက်ပြီ

elib_4713604.jpg

Avatar 2 ထွက်ရှိမယ့် ရက်စွဲ အပေါ် ထင်မြင်ချက်ပေးမှုတွေဟာ  ၂၀၁၄ မှာ ဖြန့်ချိခဲ့တဲ့  ပထမဇာတ်ကားနဲ့အတူ အချိန်ကာလတစ်ခုထိ ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် Montreal Gazette နဲ့ ပြောဆိုရာမှာ Cameron က နောက်ထပ်အခန်းဆက် ဇာတ်ကား သုံးခုကို တပြိုက်နက် ရိုက်ကူးဖို့ အစီစဉ်ရှိကြောင်း ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။ အခု အရင်ဟာနဲ့ ၂ နှစ်ကြန့်ကြာပြီး နောက်ထပ် တခြားဇာတ်ကားများကို ၂၀၁၈ နဲ့ ၂၀၁၉ မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ခရစ္စမတ်နေ့ကို ရက်သတ်မှတ်ထားကြောင်း သူက Avatar 2 နဲ့ ပတ်သက်ပြီး ပြောပါတယ်။

အနည်းဆုံးတော့ ဒါ ကျွန်ုပ်တို့ ကြေညာထားတာပါ။ ဒါပေမယ့် ဇာတ်ကား (၃) ခုလုံးပြီးစီးတာ သိပ်အရေးမကြီးဘူး။ တစ်နှစ်စီ ခြားပြီး ပြသသွားမှာပါ။ ဒါကို ဇာတ်ကား (၃) ကားအနက် ရှေ့ပြေး ဇာတ်လမ်းလို့ ကျွန်တော် ခေါ်ထားပါတယ်။

ဇာတ်ကားတစ်ခုချင်းက သီးခြားစီ ဆိုပေမယ့် ဇာတ်လမ်းကြောင်းကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။

ထုတ်လုပ်ပြသမယ့် အပိုင်း လုပ်ကိုင်ဆောင်ရွက်ဖို့ များစွာရှိသေးကြောင်း ထုတ်ဖော်ပြောဆိုရင်း ဇာတ်ကားဒီဇိုင်းကိုတော့ အနည်းနဲ့အများ ပြီးစီးနေပြီဖြစ်ကြောင်း သူ ဖွင့်ဟခဲ့ပါတယ်။

စတင်ဆောင်ရွက်ခဲ့တဲ့ အချိန်နဲ့ဆိုရင် နှစ်နှစ်လောက်ရှိပြီး သတ္တဝါတွေ၊ အကောင်တွေနဲ့ ရှုခင်းပုံဖော်မှုအပိုင်း အားလုံးနဲ့ Pandora ဂြိုဟ်အတွင်းရှိ ကမ္ဘာသစ်လေးတွေ ဖန်တီးမှု ပြီးစီးနေပါပြီ။

ဇာတ်လမ်းလည်း ရေးသားနေဆဲ ဆိုပေမယ့် ပြီးခါနီးနေပါပြီ။ နည်းပညာပိုင်းဆိုင်ရာ တည်ထွင်ဖန်တီးမှုလည်း ဆောင်ရွက်ပြီးစီးနေပြီ။ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်များလည်း ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမ တစ်နှစ်ပြီးစီးပြီးနောက်ပြီး လုပ်ငန်း စတင်ဆောင်ရွက်ဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်လို့ ဆိုပါတယ်။  

Avatar 2 နဲ့ ပတ်သက်တဲ့ ဇာတ်လမ်း၊ ဇာတ်ကွက် အမှန်ကို အနည်းကျဉ်းသာ သိထားပေမယ့် Sam Worthington နဲ့ Sigourney Weaver နှစ်ဦးလုံး  ပြန်လည်ပါဝင်လာကြမယ်လို့ သတင်းရှိပါတယ်။ Cameron ကတော့ ပရိသတ်တွေအနေနဲ့ အမိုက်စားလေးတွေ မျှော်လင့်နိုင်တယ်လို့ အရင်က အရိပ်အမြွတ် ပြောဆိုခဲ့ဖူးပါတယ်။

ပြောနိုင်တာ တစ်ခုက ခင်ဗျားတို့ အရမ်းမိုက်တဲ့ဟာကို မြင်တွေ့ရပါလိမ့်မယ်လို့ သူက နောက်ဆက်တွဲ ဇာတ်လမ်းများနဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။ 

Ref: Metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.