လက်ရှိ ချဲလ်ဆီးနည်းပြ၊ ယခင်ရီးရဲမက်ဒရစ်နည်းပြဟောင်း မော်ရင်ညိုက မိမိနည်းပြသက်တမ်းတစ်လျှောက် အမှတ်တရအရှိဆုံးအချိန်မှာ စီရော်နယ်လ်ဒိုနှင့် အတူ ရီးရဲလ်မက်ဒရစ်တွင် (၃)နှစ်ကြာ အလုပ်တွဲလုပ်ခွင့်ရခဲ့ ခြင်းပင်ဖြစ်ကြောင်း ပြောလာခဲ့သည်။ ရော်နယ်လ်ဒိုမှာ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် မော်ရင်ညိုကိုင်တွယ်ခဲ့ သည့်အချိန်များအတွင်း စုစုပေါင်း ၁၆၄ ပွဲကစားပေးခဲ့ပြီး ၁၆၈ ဂိုးအထိသွင်းပေးနိုင်ခဲ့သည်။ “ ခရစ္စတီယာနို ကို နည်းပြအဖြစ် ပြသခွင့်ရခဲ့ခြင်းဟာ ကျွန်တော့နည်းပြသက်တမ်းတစ်လျှောက် ထင်သာမြင်သာအရှိခဲ့ဆုံးပါပဲ။ ကျွန်တော်တွေ့ခဲ့ဖူးသမျှထဲမှာ သူက ပရော်ဖက်ရှင်နယ်အဆန်ဆုံးတစ်ယောက်လည်းဖြစ်ပါတယ်။ နည်းပြနဲ့ ကစားသမားအကြားမှာ ခြားနားမှုတွေဆိုတာတော့ ရှိခဲ့မှာပဲလေ။ အဲဒါတွေက စပိန်မှာ ကျန်ခဲ့ပါပြီ။ စီရော် နယ်လ်ဒိုရှိတဲ့ ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ခွင့်ရခဲ့ခြင်းက အကောင်းဆုံးဖြစ်ခဲ့ပါတယ်ဗျာ”ဟု မော် ရင်ညိုက France Football Megazine နှင့်တွေ့ဆုံခိုက်တွင် ပြောခဲ့သည်။
စီရော်နယ်လ်ဒိုမှာ ယခုနှစ်ဘောလုံးရာသီတွင် ရီးရဲလ်အတွက် (၁၇)ပွဲကစားပေးထားကာ (၂၄)ဂိုးသွင်းထားနိုင် ပြီး ၂၀၁၃ခုနှစ်အတွက် ဖီဖာရွှေဘောလုံးဆုရရန်လည်း အထူးပင်ရေပန်းစားလျက်ရှိသည်။