အသဲက မကွဲပေမဲ့ ခံစားခဲ့ရတာတွေ ရှိပါတယ်လို့ဆိုလာတဲ့ ပိုပို

1624692_1688463414745903_116592161_n.jpg

မကြာသေးခင်ကမှ မင်းကို မချစ်လို့မဟုတ်ဘူးဆိုတဲ့ သီချင်းကို ဂစ်တာတီးသီဆိုကာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ် တင်ခဲ့တဲ့ ပိုပိုက လက်ရှိ သူ့အချစ်ရေးနဲ့ပတ်သက်ပြီး ပွင့်လင်းစွာပြောပြလာသလို သူကြိုးစားပုံဖော်ဖြစ်နေတဲ့ ဂီတအကြောင်းနဲ့ သူပြင်ဆင်နေတဲ့ အခွေတွေအကြောင်းကို ပြောပြလာတဲ့အခါ

-ဟိုတလောကလဲ မင်းကိုမချစ်လို့မဟုတ်ဘူးဆိုတဲ့ သီချင်းလေးကို ဂစ်တာတီးပြီးတင်တာတွေ့ရတယ်။ အဲ့ဒီအကြောင်လေး စပြောပြပါလား။

အမှန်အတိုင်းပြောရရင် အဲ့ဒီနေ့က စိတ်ကနည်းနည်းလေး အုံ့နေတာပေါ့နော်။ FM ကနေပြီးတော့ ကိုဖော်ကာ သီချင်းဖွင့်တာ ကိုနားထောင်ပြီး အိမ်ရောက်ရင် ငါသီချင်းတော့ရေးမယ်ဆိုပြီး ရေးရင်းရေးရင်းနဲ့ ခံစားချက် အစစ်ဖြစ်သွားရော ရိုးရိုး Record လုပ်ရင်းနဲ့ Video Record ဖြစ်သွားတာ။ တင်ရင်ကောင်းမလား။ မတင်ရင်ကောင်းမလားဆိုပြီး စဉ်းစားသေးတယ်။ ဒါပေမဲ့ တင်မယ်ဆိုပြီး တင်လိုက်တာပါ။ ဘာပဲပြောပြော ကြည့်တဲ့သူက နှစ်သိန်းကျော်သွားပြီဆိုတော့ ကျေနပ်ပါတယ်။

-အဲ့ဒါကိုကြည့်ပြီး တချို့ ပရိသတ်တွေက ပိုပို့ကို အသည်းကွဲနေတာလားလို့သိချင်နေကြတယ်။

အသဲကမကွဲပါဘူး။ ခံစားခဲ့ရတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေပါတယ်။ ကိုယ့်ရဲ့ အနာဂတ်အသစ် အသစ်တွေနဲ့ပဲ ရှေ့ဆက်ပြီးပျော်နေတယ်။ တခါတလေတော့ သတိရတာရှိပါတယ်။ အခုအချိန်မှာ ပျော်နေပါတယ်။ အသည်းမကွဲပါဘူးလို့။

-အခုလက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေ လုပ်ဖြစ်နေလဲ။

အခုက သင်္ကြန်ခွေလုပ်နေတယ်။ အတွဲခွေတစ်ခွေကိုလဲ သီချင်းရေးတာရော ဆိုတာရော လုပ်နေတယ်။ နောက်ပြီးတော့ နယ်ရှိုးတွေရှိတယ်။ ရန်ကုန်ပွဲတွေလဲ လက်ခံထားတယ်။

-အတွဲခွေကဘယ်သူတွေနဲ့လဲ။

ပိုပိုရယ်၊ ကိုဆောင်းဦးရယ်၊ NG2K ရယ်က သေချာပြီ။ ကျန်တာတွေက မသေချာသေးဘူး။

-သင်္ကြန်ခွေကရော ဘယ်သူတွေနဲ့လုပ်နေတာလဲ။

သင်္ကြန်ခွေက Mini သဘောမျိုးလေးပဲ။ ၆ ပုဒ်လောက်ပဲပေါ့။ သင်္ကြန်ခွေ လုပ်ဖြစ်တယ်ဆိုတာကလဲ သင်္ကြန်ကို ငယ်ငယ်လေးကတည်းကကြိုက်တယ်။ လျှောက်လည်တာမျိုးမဟုတ်ပဲ သင်္ကြန်သီချင်းတွေကြားနေရရင်ကိုပျော်တာ။ ငယ်ငယ်လေး ကတည်းကလဲ ယိမ်းကတဲ့သူတွေ ကိုသဘောကျတယ်။ သွားသွားချောင်းကြည့်တယ်။ ဒါပေမဲ့လဲ လက်တောင်သေချာ မချိုးတတ်ပါဘူး။ အဲ့ဒီသင်္ကြန်ကို ချစ်တဲ့စိတ်တွေကြောင့် သင်္ကြန်ခွေလုပ်ဖြစ်တာပါ။ သင်္ကြန်ဆို ရေပက်ရတာ  မဏ္ဍပ်ထိုင်ရတာ အရမ်းကြိုက်ပါတယ်။ တစ်ပုဒ်ကို ကိုထွန်းထွန်းနဲ့ဆိုဖို့ရှိတယ်။ မိန်းကလေးထဲမှာဆို စုစန္ဒီထွန်းပါမယ်။

-New Year ကရော ဘယ်မှာရှိမလဲ။

ရန်ကုန် ဆီဒိုးနားမှာရှိမယ်။ နောက်ပြီးတော့ cocacola ရှိုးမှာရှိမယ်။

-အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုအခွေကရော အမ်တီဗီကဘယ်တော့လောက်မှန်းထားလဲ။

နောက်နှစ် ကိုးလပိုင်းလောက်မှ ထွက်ဖြစ်မယ်ဆိုတော့ ဖြေးဖြေးချင်းပဲ လုပ်နေတယ်။ ရိုက်ထားတာကလဲ ၄ပုဒ်လောက်ပဲပြီးပါသေးတယ်။ ကိုမြင့်မြတ်ပါမယ်။ ကိုထွန်းထွန်းပါမယ်။ ကိုနေတိုး၊ ကိုနိုင်းနိုင်း၊ ကိုပြေတီဦး ၊ ထွန်းကိုကို ၊ ရဲရင့်အောင် အများကြီးပဲပေါ့။ ခင်ဝင့်ဝါလဲ ပါမယ်။ ကျန်တာကတော့ ပိုပိုပဲဖြစ်ဖို့များတယ်။ ကိုးလပိုင်းထိရွှေ့လိုက်တယ် ဆိုတာကလဲ ချိတ်ထားတာက မင်းသားကြီးတွေပဲ ဆိုတော့ အချိန်က သူတို့ကလဲ မပေးနိုင်ဘူး။ ကိုပြေတီဦးနဲ့ ရိုက်ထားတာတောင် မရိုက်ခင် ခြောက်လလောက်ကတည်းကကြိုပြောရတာ မထွက်ခင်ကတည်းက ကြိုပြောထားလို့ရိုက်ရက်ရတာ။ ကိုမြင့်မြတ်တို့၊ ကိုနေတိုးတို့ကိုလဲ ပြောထားတယ်။ သူတို့ကလဲ မပေးနိုင်သေးဘူး။ အဲ့ဒါကြောင့် ရွှေ့ရင်းရွှေ့ရင်းနဲ့ ၉လပိုင်းကိုရွှေ့လိုက်ရတာပါ။

-လက်ရှိ အချစ်ရေး က တစ်ယောက်တည်းပဲလား။

တစ်ယောက်တည်းပါပဲရှင်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.