ဖက်တီးမလို့ အခေါ်မခံချင်လို့ ၀ိတ်ချရင်း ၁၂၂ ပေါင်သာရှိတော့တဲ့ ပိုပို

12435615_1688463491412562_2079817590_n.jpg

အခုနောက်ပိုင်း အရမ်းကို ပိန်သွားတဲ့ ပိုပိုက ဖက်တီးမလို့ လူအများဝိုင်းခေါ်ကြတာကို မခံစားနိုင်တော့လို့ ၀ိတ်ချလိုက်ပြီဆိုတဲ့ အကြောင်း ဖွင့်ဟလာတာမို့ သူမရဲ့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ဘာတွေပြင်ဆင်လာတယ်။ ကျန်းမာရေး အစားအသောက်ပိုင်းကို အရင်ကထက် ဘယ်လိုစနစ်ကျစွာ ပြင်ဆင်နေထိုင်လာတယ်ဆိုတဲ့အကြောင်း တစေ့တစောင်း မေးကြည့်ဖြစ်တဲ့အခါ

-ပိုပိုအခု အရမ်းပိန်သွားပြီး ပိုလှလာတယ်နော်။

ဟုတ်ကဲ့။ ရေဘေးနဲ့ပတ်သက်တဲ့ ရန်ပုံငွေပွဲလုပ်တော့ သူများတွေက ပိုပိုကို ဖက်တီးမလို့ပြောကြတယ်။ အဲ့ဒီလိုပြောတဲ့ဒဏ်တွေကို မခံနိုင်လို့ဝိတ်ချလိုက်တာပါ။ Free gym ကိုအိမ်မှာဆော့တယ်။ ညပိုင်းကို အစား လုံးဝမစားဘူး။ မနက်ပိုင်းကိုလဲ အဆီမပါတဲ့ ကွေကာအုပ်သောက်တယ်။ နေ့လည်ပိုင်းကို ထမင်းကို နည်းနည်းပဲစားပြီး အသီးအရွက်တွေ အများကြီးနဲ့စားတယ်။ ညပိုင်းကို နဂါးမောက်သီးတို့ အသီးအနှံတို့ များများစားပေးတယ်။ နောက်ပိုင်း အသီးအနှံစားရတာ ရိုးသွားတော့ ဘလူးဘယ်ရီ ဖျော်ရည်သောက်တယ်။ ညပိုင်းကို ထိန်းလိုက်တယ်။ တကယ်ပိန်ချင်တဲ့ စိတ်ဖြစ်ရင်ရပါတယ်။ ပြီးတော့ ပေါင်အမြဲချိန်တယ်။ နေ့တိုင်းချိန်ပြီး တစ်နေ့ထက်တစ်နေ့ငါဝိတ်ကျကို ကျရမယ်ဆိုတဲ့စိတ်နဲ့ချိန်ဖြစ်တယ်။ ပြန်တက်သွားပြီဆိုရင်လဲ နောက်နေ့မှာ အစားကိုလျှော့စားတယ်။ ညတိုင်း အစားစားချင်လာပြီဆိုရင် ငါအခုမစားသေးဘူး။ မနက်ကျမှ အ၀စားမယ်။ ဆိုတဲ့ စိတ်ကိုသွင်းပြီး နေတယ်။ တကယ်တမ်းမနက်ကျတော့ မစားချင်တော့ဘူး။ နေ့ခင်းကို တစ်နာရီလောက်နောက်ဆုံး ထားပြီး ဘာမှမစားဖြစ်တော့ဘူး။ နေ့တိုင်းသံပုရာရည်ကို ဂျင်းနဲ့ရောပြီး ရေနွေးပူပူလေးထည့်ပြီး ညတိုင်းသောက်ဖြစ်တယ်။ အစားအသောက်နဲ့တော့ပိုဆိုင်တာပေါ့။ အားတာနဲ့ကစားဖြစ်တယ်။ မအားရင်တော့ အစားပဲလျှော့တယ်။ ဆန်ဆိုရင်လဲ ဆန်ကြမ်းပဲစားတယ်။ အရွက်တွေကြော်စားရင်လဲ နှမ်းဆီပဲသုံးတယ်။ အသုပ်သုပ်ရင် သံလွင်ဆီ သုံးတယ်။ ညပိုင်းဆို စလပ်သုပ်စားတယ်။ ကြက်သွန်အနီကလဲ ၀ိတ်ကျစေတယ်။ သံလွင်ဆီကလဲဝိတ်ကျစေတယ်။ တကယ်ကိုမှ ၀ိတ်ကျတဲ့အစားအစာတွေကိုပဲ စုပြီးစားဖြစ်တယ်။ အခုဆိုမစားတာကြာတော့ နည်းနည်းလေးစားတာနဲ့တင် လူက မစားချင်တော့ဘူး။ ဗိုက်ကပြည့်နေပြီ။ ၀ိတ်ကျသွားတဲ့လျှို့ဝှက်ချက်ကို လူတိုင်းကသိချင်နေလို့ပြောပြတာပါ။

-အခုပိန်သွားတော့ ဘယ်လိုပြန်ပြောကြလဲ။

လူတွေမှားကြတယ်။ နောက်ဆုံး ကိုဖြိုးလေးတောင် မမှတ်မိဘူး။ လူမှားနေတာတဲ့။ တော်တော်များများပါပဲ။ အရမ်းပိန်သွားတယ်။ ပိန်သွားတော့ လှတယ်လို့ပြောကြတယ်။ ကျေနပ်တယ်ပေါ့။ တော်တော်များများက ဖုန်းရဲ့ Effect ထင်နေတာ အခုကျတော့ မဟုတ်ဘူး။ တကယ်ပိန်သွားတာဆိုပြီး မတွေ့တာကြာတဲ့ သူငယ်ချင်းတွေကပြောကြတယ်။ အခုဆို ပိုပို ၁၂၂ ပေါင်ပဲရှိပါတော့တယ်။

-မျက်နှာပိုင်းရော အသားအရေပိုင်းပါပြောင်းသွားသလိုပဲ။

အရင်က Skin Care တွေကို သေချာမသုံးဖြစ်ဘူး။ ပျင်းနေတာကြောင့်လဲပါတယ်။ သုံးလိုက်မသုံးလိုက်ပေါ့။ အခုတော့ Skin Care ကိုသေသေချာချာလေးသုံးဖြစ်တယ်။ တစ်ဆက်လုံးကို သေချာ လေးသုံးဖြစ်တယ်။ ညပိုင်းကိုလဲသေချာသုံးဖြစ်တယ်။ ပိုပိုက အသားအရေလဲ Sensitive ဖြစ်လို့သေချာလေးဂရုစိုက်ဖြစ်တယ်။ အိမ်မှာ ရေသန့်စက်ပါ တစ်ခါတည်းတက်ထားလိုက်တယ်။ အသားအရေလဲ ပြန်ထိန်းဖြစ်သလိုဖြစ်သွားတယ်။ အရင်ကဆို ပိုပိုမအားဘူး။ ရန်ကုန်ကိုပြန်လာတဲ့ ရက်က ရှိုးဆိုတဲ့ ရက်လောက်ပဲ ပြန်ရောက်ဖြစ်တယ်။ နယ်တွေပဲ တောက်လျှောက်ဖြစ်နေတဲ့အတွက် အခုတော့ နယ်ရှိုးရော၊ ရန်ကုန်ရှိုးရောကို မျှပြီးလက်ခံဖြစ်တယ်။

-အခုလက်ရှိသုံးဖြစ်နေတဲ့ ပစ္စည်းလေးတွေကိုလဲသိချင်ပါတယ်။

Skin Care က SK II သုံးတယ်။ မိတ်ကပ်ကကျတော့ MAC သုံးတယ်။ Kanebo က Lunaso brand ကိုသုံးတယ်။ MAC ကထူတော့ ရှိုးအတွက် သုံးတယ်။ နှုတ်ခမ်းနီဆို MAC ရော NYX ရောသုံးတယ်။ bobby brown ကဟာတွေလဲ သုံးတယ်။ မိတ်ကပ်လဲ ကိုယ့်ဟာကိုယ်ပြင်ဖြစ်တယ်။ အခုနောက်ပိုင်းပေါ့။ အလှပြင်ပိုင်းကိုလဲ ပိုပြီးစိတ်ဝင်စားလာတယ်။

-ပိုပိုမျက်နှာကိုလဲ တချို့က ပြင်ထားတယ်လို့ထင်နေကြတယ်။

ဟုတ်တယ်။ တော်တော်များများက မျက်နှာကို ပြင်လိုက်တာမလားလို့ထင်နေကြတယ်။ အမှန်အတိုင်းပြောရင် ဆေးထိုးမှာတောင်ကြောက်တဲ့ လူစားမျိုး တက်တူးသာ ထိုးရဲတာလေ။ ဘယ်လိုမှ ခွဲစိတ်ကုသဖို့ဆိုတာလဲ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘန်ကောက်မှာ ဆေးခန်းသွားပြတယ်ဆိုတာလဲ နှလုံးမကောင်းတာကို သွားပြတာပါ။ လုံးဝခွဲစိတ်မကုသထားဘူး။ အသားအရေကောင်းဖို့အတွက်လဲဆေးမထိုးဘူး။ ပြင်တာကိုကြောက်လို့။ တကယ်လို့ပြင်မဲ့ပြင်တော့ ပိုပိုမျက်နှာပြင်မှာ မဟုတ်ဘူး။ ပေါင်တွေပဲ လှီးချပစ်မှာပါ။ ပေါင်ကအရမ်းကြီးတော့ ပိုပိုအရမ်းစိတ်ညစ်တယ်။ ဘုရားပေးတဲ့အတိုင်းပဲကောင်းပါတယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.