ဝေဖန်သူများမှာ မိမိ၏အသက်အရွယ်ကို မေ့နေသည်ဟု ၀ီလ်ရှိုင်းယားပြန်လည်တုန့်ပြန်

c1.jpg

အာဆင်နယ်ကွင်းလယ်ကစားသမားလေး ဂျက်ဝီရှိုင်းယားမှာ ယခုတလောတွင် ခြေစွမ်းကျဆင်းနေ ခြင်းကြောင့် ဝေဖန်မှုများခံယူရလျက်ရှိပြီး (၁၆)နှစ်အရွယ်တည်းက အသင်းကြီးတွင်ပွဲထွက်ခွင့်ရလာခဲ့သော ၄င်းအနေဖြင့် အာဆင်နယ်ပွဲထွက်စာရင်းမထိုက်တန်ဟု ပြောဆိုလျက်ရှိကြသည်။ ၀ီလ်ရှိုင်းယားမှာ အာဆင်နယ်အသင်းအ တွက် ပြီးခဲ့သည့်နှစ်များတွင် အကောင်းဆုံးကစားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် (၁၇)လအ ထိ အနားယူခဲ့ရပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည်။

“ ကျွန်တော်ကတော့ လူတွေက ကျွန်တော့အသက်ကို မေ့နေကြပြီထင်တယ်ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ အာဆင်နယ်မှာ အသက်ငယ်ငယ်လေးနဲ့ ပွဲထွက်ခွင့်ရလာခဲ့တာ၊ နောက်ပြီး ကလေး(၂)ယောက်ရှိနေတာကို လည်း သိထားကြတော့ အသက်ကြီးနေပြီလို့ စိတ်ထဲထင်နေကြဟန်တူပါတယ်။ အသက်(၂၁)နှစ်အရွယ်နဲ့ ကလေး(၂)ယောက်ရတာကို ဒီမှာသိပ်မကြားကြဘူးလေ။ အာဆင်နယ်အသင်းကြီးမှာ (၁၆)နှစ်အရွယ်တည်း က ကစားခဲ့တာပါ။ (၅)နှစ်ဆိုတဲ့အချိန်က ဘောလုံးလောကအတိုင်းအတာနဲ့ဆိုရင် ရှည်လျားတယ်လို့ပြော နိုင်ပါလိမ့်မယ်”ဟု ၀ီလ်ရှိုင်းယားက ပြောခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.