ကင်ညာအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုမှာ မူဆလင်ဘာသာဝင်တွေက ခရစ်ယာန် ဘာသာဝင်တွေကို အသက်နဲ့ ရင်း အကာအကွယ်ပေးခဲ့

index.jpeg

ကင်ညာနိုင်ငံက အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုမှာ ဘတ်စ်ကားတစ်စီးပေါ် ပါလာတဲ့ မူဆလင် ခရီးသည်တွေဟာ အကြမ်းဖက်သမားတွေရဲ့ ခရစ်ယာန်တွေကို ခွဲထုတ်ပေးဖို့ တောင်းဆိုချက်ကို ရဲဝံ့စွာ ငြင်းဆိုကာ ခရစ်ယာန်တွေကို အကာအကွယ် ပေးသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ ၊ တနင်္လာနေ့ က ကင်ညာနိုင်ငံမြောက်ပိုင်းမှာ မောင်းနှင်လာတဲ့ဘတ်စ်ကားတစ်စီးကို Al-Shabaab လက်နက်ကိုင် ၁၀ ဦးက ၀င်စီးကာ၊ ကားပေါ်ပါလာတဲ့ မူဆလင်ခရီးသည်တွေကို ခရစ်ယာန်တွေနဲ့  ခွဲထွက်ကာ သက်သက်နေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မူဆလင်ခရီးသည်တွေဟာ ရဲဝံ့စွာငြင်းဆိုခဲ့ပြီး အတူပါလာတဲ့ ခရစ်ယာန်ခရီးသည်တစ်ချို့ ကို ခွဲခြားမရအောင်လို့  မူဆလင်ဝတ်စုံတွေတောင် ပေးဝတ်ဆင်စေခဲ့တယ်လို့  သိရပါတယ်။

ဘတ်စ်ကားပေါ်ပါလာတဲ့ခရီးသည်တွေထဲက တစ်ဦးဖြစ်သူ မူဆလင်ဘာသာဝင် Abdi Mohamud Abdi က အကြမ်းဖက်သမားတွေဟာ ကားကို သေနတ်နဲ့ တရစပ်ပစ်ကာ ၀င်စီးခဲ့တာကြောင့် ခရီးသည်နှစ်ဦး သေဆုံး ခဲ့ရတယ်လို့ ပြန်လည်ပြောပြပါတယ်။ “ မူဆလင်မဟုတ်တဲ့တစ်ချို့ ခရီးသည်တွေကို ကျွန်တော်တို့ မူဆလင်အ၀တ်အစားတစ်ချို့  ကို ဘတ်စ်ကားပေါ်မှာ ပေးဝတ်ပြီး အကြမ်းဖက်သမားတွေခွဲလို့ မရအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့  အားလုံး တင်းတင်းကြပ်ကြပ်ပူးကပ်နေခဲ့ကြတယ်” လို့ Reuters သတင်းဌာနကို ပြောပြခဲ့ပါတယ်။

“ ဒီလက်နက်ကိုင်စစ်သွေးကြွတွေက ကျွန်တော်တို့ ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် ကျွန်တော်တို့ က မူဆလင်မဟုတ်တဲ့ ခရီးသည်တွေကို ခွဲထုတ်ပေးဖို့ ငြင်းဆိုခဲ့ပြီး ကျွန်တော်တို့ ရဲ့ ညီအစ်ကိုမောင်နှမ ခရီးသည် တွေကို ကာကွယ်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ လက်လျှော့ပြီး ပြန်သွားကြတယ်။ နောက်တစ်ခါ ပြန်လာဦးမယ်လို့ လည်း ခြိမ်းခြောက်သွားတယ်ဗျ” အရင်တုန်းကတိုက်ခိုက်မှုတွေမှာ၊ Al-Shabaab တွေဟာ မူဆလင်တွေကော မူဆလင်မဟုတ်သူတွေကိုပါ သတ်ဖြတ်လေ့ရှိပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်တုန်းက၊ Al Qaeda အဖွဲ့ အစည်းကြီးရဲ့ အဖွဲ့ ဝင်တစ်ဖွဲ့ အဖြစ် အရှေ့ အာဖရိကမှာ လှုပ်ရှားနေတဲ့  Al-Shabaab လက်နက်ကိုင်တွေဟာ အဆိုပါဧရိယာမှာပဲ Nairobi မြို့ သွား ဘတ်စ်ကား တစ်စီးကို ၀င်စီးကာ ကားပေါ်ပါလာတဲ့ ဘာသာခြား ၂၈ ဦးကို ကွပ်မျက်သတ်ဖြတ်ခဲ့ပါတယ်။ ထို့ နောက်မှာတော့၊ Mandera မြို့ က ထွက်လာတဲ့ ခရီးသည်ပါ ဘတ်စ်ကားတိုင်းကို ရဲအစောင့်အရှောက်တွေ နဲ့ လိုက်လံပေးခဲ့ပေမယ့်၊ ယခုအဖြစ်အပျက်မှာတော့ ဘတ်စ်ကားဟာ ရဲအတားအဆီးကို ပတ်ရှောင်ကာ တခြား လမ်းကို အသုံးပြုခဲ့တာကြောင့် အခုလိုအတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Ref: DailyMail

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.