၂၀၁၅ ခုနှစ်အတွက် စိတ်ခြောက်ခြားစရာအကောင်းဆုံး ဇာတ်ကား (၅) ကား

best-horror-movies-2015.jpg

နှစ်တစ်နှစ်ကုန်ဆုံးတော့မယ်ဆိုရင် အဲ့ဒီနှစ်ရဲ့ အကောင်းဆုံး၊ အမိုက်ဆုံး၊ အတော်ဆုံး ရုပ်ရှင်၊ ဂီတ ၊ အနုပညာရှင်စာရင်းတွေ ပေါ်ထွက်လာစမြဲပါ။ ဒါ့ကြောင့် ရုပ်ရှင်ချစ်သူတွေ အထူးသဖြင့် ကြောက်စရာနဲ့ စိတ်ခြောက်ခြားစရာကောင်းတဲ့ ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၅ခုနှစ်ရဲ့ စိတ်ခြောက်ခြားစရာအကောင်းဆုံး ဇာတ်ကား (၅) ကား စာရင်းပေါ်ထွက်ခဲ့ပါတယ်။ အဲ့ဒီကားတွေကတော့

၁။ The Visit

၂။ It Follows

၃။ The Nightmare

၎။ Creep 

၅။ Crimson Peak

ဒီဇာတ်ကားတွေထဲက Crimson Peak ဇာတ်ကားဟာဆိုရင် သင့်ကိုစိတ်မလုံမခြုံ မသက်မသာ ဖြစ်သလို ခံစားလာရမှာ ဖြစ်ပြီး The Visit ထဲက ဇာတ်ဝင်ခန်းတစ်ချို့ကလည်း သင့်စိတ်ထဲ အချိန်အတော်ကြာ သတိရမှတ်မိနေလောက်အောင် စိတ်ခြောက်ခြားစေဦးမှာပါ။ It Follows ဇာတ်ကားမှာ အဓိက ဇာတ်ကောင်ကို သင်မြင်ရ ကြည့်နေရတဲ့ ရှုထောင့်ဟာ ထူးခြားနေမှာဖြစ်ပြီး The Nightmare ဇာတ်ကားကျပြန်တော့ documentary ဖြစ်နေတဲ့အတွက် တကယ်ဆိုတဲ့ စိတ်ကြီးနဲ့ ဇာတ်ကားကြီးပြီးလို့ အိပ်စက်ချိန်ထိ သင့်စိတ်ထဲ တစ်မျိုးတစ်မည်ခံစားနေရပါလိမ့်မယ်။ ကဲ တုန်လှုပ်ခြောက်ခြားဖွယ် ဇာတ်ကားကြိုက်သူတွေအတွက်တော့ အမိုက်စား ဇာတ်ကားတွေမို့ ကြည့်လိုက်ကြပါဦးလို့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.