ပျက်စီးနေတဲ့ ဆံပင်တွေကို chemical တွေ ပြန်ထုတ်ပြီး အကောင်းအတိုင်းဖြစ်အောင် ၂၀၁၆ကစပြီး လုပ်ပေးသွားမယ်လို့ဆိုတဲ့ Nature Spa မှ မစိုးစိုးလွင်

12395480_1687729601485951_1193525897_n.jpg

အသက်နှစ်ဆယ် အရွယ်ကတည်းက ဆံပင်နဲ့ပတ်သက်တဲ့ လေ့လာမှုတွေ သင်တန်းတွေနဲ့ အသားကျနေခဲ့ရင်း ဆံပင်ပိုင်းနဲ့ပတ်သက်တဲ့ ဆံပင်ဆက်ခြင်း၊ ကာလာစပ်ခြင်းအစရှိတဲ့ အပြင် ဆံပင်နဲ့ပတ်သက်တဲ့ ပညာရပ်တွေကို ၊ ဆံပင်ပိုင်းဆိုင်ရာမျိုးစုံနဲ့ ပျိုမေတို့ကိုခေါင်းစခြေဆုံး အလှဆင်ပေးနေတဲ့ Nature Spa က မစိုးစိုးလွင်နဲ့တွေ့ဆုံခိုက်

-အစ်မက ဆံပင်ပိုင်းနဲ့ပတ်သက်ပြီး ကာလာတွေကို စပ်ပြီး ဆိုးပေးတာတွေ့ရတယ်။ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီး လူတော်တော်များများလဲ အခုနောက်ပိုင်းမှာ စိတ်ဝင်စားလာကြတယ်။ အဲ့ဒီအပိုင်းကိုလဲသိချင်ပါတယ်။

ကာလာစပ်တာကတော့ အဓိက အစ်မတို့စပ်တာပေါ့။ ကာလာ တက်ကနစ်က ကိုယ့်ဟာကိုယ် အရောင်တွေစပ်တာ အော်ရီဂျင်နယ်လာတဲ့ အရောင်တွေကိုမှ အမကပြန်စပ်ပြီးဆိုးပေးတာ စပ်ပြီးဆိုးတာကို လူတွေက ပိုစိတ်ဝင်စားကြတယ်။ စပ်ပြီးဆိုးတာတွေကျတော့ တစ်ယောက်နဲ့တစ်ယောက် ဆံပင်သား မတူတဲ့အခါကျတော့ ထွက်တဲ့ အရောင်မတူတာတို့ပေါ့။ ဥပမာ ဆိုကြပါစို့ red ဆိုရင်လဲ အကုန်လုံးသည် ဒီ red မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ကို နည်းနည်းလေးကွဲပြားတဲ့ red ဖြစ်သွားတော့ပိုပြီး စိတ်ကျေနပ်မှုရတာပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် အရောင်တူတာတွေကို အမကလဲမလိုချင်ဘူး။ ဒီကာလာတွေကျတော့လဲ အခြေခံ ကာလာတွေဆိုရင် တစ်ယောက်နဲ့တစ်ယောက် အရောင်တူတာများတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူချင်လို့ကာလာတွေကို စပ်ပြီး ဆိုးပေးဖြစ်တာပါ။

-ကာလာစပ်တဲ့အပိုင်းနဲ့ပတ်သက်ပြီး ဘယ်တံဆိပ်တွေကို အများဆုံးသုံးဖြစ်လဲ။

Bed head သုံးတယ်။ Affinage သုံးတယ်။

-ကာလာစပ်တဲ့အပိုင်းကျတော့ ဘယ်မှာသင်တန်းတက်ခဲ့တာလဲ။

သင်တန်းကတော့တက်ခဲ့ရတာပေါ့။ သင်တန်းကတော့ တက်ဖို့လိုတာပေါ့နော်။ အခြေခံ ကာလာတွေအကြောင်းကို သိထားဖို့လိုတယ်။ အဲ့ဒါမှလဲပြန်ပြီးစပ်တပ်မှာလေ။ ဒီဟာကလဲ အလေ့အကျင့်ပဲ။ အစ်မကတော့ အဲ့ဒီရဲ့ ကုန်ကျစရိတ်ကိုလဲ အရင်တုန်းကတည်းက မနှမြောခဲ့ဘူး။ အစ်မ၀ါသနာပါတဲ့ အရာမှန်သမျှကို အဓိကထားဖြစ်တယ်။ အဓိက ဆံပင်ဆက်တာနဲ့ကာလာဆိုးတာပေါ့။ ဆံပင်ဆက်တာဆိုလဲ ရိုးရိုးဒီအတိုင်း ဆက်တာထက် ကာလာတွေ ဟိုက်လိုက်တွေနဲ့အများကြီး လုပ်တာကို သဘောကျတယ်။ ကိုယ်ကိုတိုင်လဲ စွဲစွဲလန်းလန်းလုပ်ဖြစ်တယ်ပေါ့။

-အနုပညာရှင်တော်တော်များများလာလုပ်ကြတာလဲတွေ့ရတယ်နော်။

အနုပညာရှင်တော်တော်များများကတော့ အစ်မ ဒီအလုပ်စလုပ်တဲ့ ငယ်ငယ်လေးကတည်းကို ကတော်တော်လက်တွဲဖြစ်တယ်။ အစ်မက အသက်သာငယ်တာ ငယ်ငယ်လေးကတည်းက ဒီအလုပ်လုပ်တာဆိုတော့ အစ်မက အသက်၂၀လောက်ကတည်းက ဒီအလုပ်လုပ်တာ အသက်က အခု၃၂ နှစ်ဆိုတော့ ၁၂ နှစ်ရှိပြီ။ အစ်မလုပ်တာလဲ သူတို့ကကြိုက်တဲ့ အခါကျတော့ အနုပညာရှင်တော်တော်များများကိုလုပ်ပေးဖြစ်ပါတယ်။

-လာလုပ်ဖြစ်တဲ့ အနုပညာရှင်တွေကိုလဲ သိချင်ပါတယ်။

မေကဗျာ၊ အေးမြတ်သူ၊ ဂျင်းနီ၊ ခိုင်လေး၊ ဇင်ဇင်ဇော်မြင့်၊ အိုင်းရင်းဇင်မာမြင့်၊ နဒီထွဋ်ဆွေ၊ တော်တော်များများ လာလုပ်ကြတယ်။ သက်မွန်မြင့်၊ N ကိုင်ရာတို့လာလုပ်ကြတယ်။

-ဆံပင်ဆက်တဲ့ ဈေးနှုန်းကျတော့ ဘယ်လောက်ယူလဲအစ်မ။

သူ့ဆံပင်နဲ့သူပါလာတယ် ဆိုရင်တော့ ခြောက်ရာပဲ ယူပါတယ်။ ဒါပေမဲ့ ကာလာ creation တွေပြန်လုပ်ရပြီ ဆိုရင်တော့ ၆၀၀ ကနေ ၇၀၀ သို့၈၀၀ သို့ ၉၀၀ သို့ ၁၀၀၀ ထိယူရင် ယူမယ်။ ကာလာပေါ်မှာ မူတည်ပြီး ယူတာပေါ့။ ဒီကာလာလို့ပြောလိုက်ပေမဲ့ အဲ့ဒီအပေါ်မှာ စပ်ရတဲ့ ကာလာတွေက အများကြီးရှိတယ်။ အဲ့ဒါကြောင့်ပါ။

-ကာလာစပ်တဲ့ ဈေးနှုန်းတွေကျတော့ရော ဘယ်လိုယူဖြစ်လဲ။

အနည်းဆုံး သုံးသောင်းခွဲကနေ အများဆုံး တစ်သိန်းခွဲထိရှိပါတယ်။

-အစ်မ ဒီ nature spa ဆိုတဲ့ ဆိုင်လေးကို ဘယ်တုန်းက စဖွင့်ဖြစ်တာလဲ။

ဒီဆိုင်လေးက အစ်မရဲ့ ဒုတိယဆိုင်ပေါ့။ အရင်တုန်းက spa channel ဆိုတဲ့နာမည်နဲ့ ကြည့်မြင့်တိုင်မှာ ဖွင့်တယ်။ အခုမဖွင့်တော့ဘူး။ အဲ့ဒီကဟာကို ဒီဖက်ကို ရွှေ့လာပြီး နာမည်ပြောင်းပြီးဖွင့်ဖြစ်ခဲ့တာ အခုဆို နှစ်နှစ်လောက် ရှိပါပြီ။

-ဒီဆိုင်မှာ ဘာတွေလုပ်လို့ရလဲအစ်မ။

အဓိက spa channel မှာတုန်းကတော့ hair သီးသန့်ပေါ့။ ဒီမှာကျတော့ ခေါင်းစခြေအဆုံး အကုန်ရတယ်။ လူတစ်ယောက်ဆိုင်ထဲကို ၀င်လာပြီဆိုတာနဲ့လုပ်လို့မရဘူးဆိုတာ မရှိစေရအောင် အားလုံးဒီမှာလုပ်လို့ရပါတယ်။

-ဈေးအနည်းဆုံးကနေ အများဆုံး ခန့်မှန်းခြေကို ပြောပြပေးပါလား။

ဈေးက ၅၅၀၀ ကနေ ၁၀၅၀၀၀ ထိရှိပါတယ်။

-အစ်မရဲ့ လက်ဦးဆရာတွေကရော ဘယ်သူတွေများဖြစ်မလဲ။

ဂျပန်ကဆရာမတစ်ယောက်ရယ်၊ ထိုင်ဝမ်ကတစ်ယောက်ရယ်။ အဲ့ဒါကဟိုးငယ်ငယ်လေးကတည်းက အစ်မရဲ့ လက်ဦးဆရာမပေါ့။ သူကဟောလီးဝုဒ်မှာတောင်ဆံပင်နဲ့ပတ်သက်ပြီး အကြံပေးလုပ်ခဲ့တာပေါ့။ သူ့ရဲ့မူတွေကိုလဲ အစ်မရခဲ့တာပေါ့။ နောက်ထိုင်ဝမ်က တစ်ယောက်ပေါ။ နောက်မြန်မာပြည်က ဆိုရင်တော့ ကိုတာယာတို့၊ Fancy  house တို့၊ မမီတို့ပေါ့။ အစ်မလက်ဦးဆရာပြီးရင် Fancy house မှာအလုပ်ဝင်ဖူးတယ်။ မမီဆီမှာ အလုပ်ဝင်ဖူးတယ်။ ဒါတွေဆိုလဲ အစ်မရဲ့သင်ဆရာမြင်ဆရာတွေပေါ့။

-spa ပိုင်းနဲ့ပတ်သက်ပြီး ဘယ်တံဆိပ်တွေကိုအဓိကသုံးဖြစ်လဲ။

DERMAIOGICA ကိုပဲ မိန်းသုံးတယ်။ DEMAIOGICA ဆို ငါးသောင်းခွဲရှိမယ်။ တစ်သိန်းနဲ့ရှစ်ထောင်ရှိမယ်။ Harbel နဲ့သုံးရင်တော့ သုံးသောင်းခွဲရှိမယ်။ ခုနစ်သောင်းခွဲရှိမယ်။

-ဒီဇင်ဘာအတွက် ပရိုမိုးရှင်းတွေရော ပေးထားတာရှိမလား။

Spa ပိုင်းနဲ့ပတ်သက်ပြီး ၂၂ ၊ ၂၃ ၊ ၂၄၊ ၂၅ လေးရက်ကို နှစ်ဆယ်ရာခိုင်နှုန်းထပ်လျှော့ထားတယ်။ ၂၈၀၀၀ နဲ့တစ်ကိုယ်လုံးပေါင်းတင်လို့ရတယ်။ ၂၈၀၀၀ ကနေ ၈၀၀၀၀ ကျော်လောက်ထိပဲ ရှိပါတော့တယ်။

-တခြား အသစ်တီထွင်ဖန်တီးမှုအနေနဲ့ရော ဘာတွေလုပ်ဖို့ရှိမလဲ။

Care လုပ်တဲ့အပိုင်းကိုပြန်ပြီး လုပ်ဖြစ်နေတယ်ပေါ့။ အစ်မတို့ကဆံပင်တွေကို ဆေးဆိုးတယ်။ ကောက်တယ်။ ဖြောင့်တယ်။ ဆံပင်တွေက အရမ်းနာကုန်ပြီ။ ဆံပင်ကလဲ မညှပ်ချင်ဘူးဆိုရင် ဆံပင်မှာရှိနေတဲ့ chemical တွေကိုပြန်ထုတ်တာပေါ့။ သူ့ရဲ့ effect က ဘာကိုတွေ့ရလဲဆိုတော့ ချက်ချင်းကြီးကိုပြန်ကောင်းသွားတာ။ အဲ့ဒီ chemical တွေကိုလဲ ထုတ်လိုက်ရော ဆံပင်က ချက်ချက်ပြီး အော်ရီဂျင်နယ် ဆံပင်လိုပြန်ကောင်းသွားတာမျိုးရှိတယ်။ အဲ့ဒါကိုနောက်ပိုင်း အစ်မမိန်းလုပ်မယ်။ အခုမကြော်ငြာသေးဘူးဆိုတာက ဒီဇင်ဘာလကုန်လောက်မှ ပစ္စည်းက အလုံလောက်ရမှာဆိုတော့ နောင်နှစ်ထဲမှာစပြီး အဓိကထားလုပ်သွားမှာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.