ဒေါ်လာ ၉.၉ မီလျံ တန် ကမ္ဘာ့ဈေးအကြီးဆုံး ကား

8a3cc00a6c3bccb2e4724dcb3839f709.jpg

၁ နာရီ ၄၃၉ ကီလိုမီတာ ခရီးမောင်းနှင်နိုင်တဲ့ စူပါကားအမျိုးအစားတစ်ခုကို ဒေါ်လာ ၉.၉ မီလျံထိ ဈေးနှုန်းသတ်မှတ်ထားကာ ကမ္ဘာ့ဈေးအကြီးမြင့်ဆုံး မော်ဒယ်သစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Koenigsegg One: 1 လို့ခေါ်တဲ့ ဒီကမ္ဘာ့ပထမဦးဆုံးကားကို  "Megacar" အဖြစ် သတ်မှတ်ကြေငြာထားပြီး ၁၃၆၀ မြင်းကောင်ရေအားဖြင့် Ford Fiesta စွမ်းဆောင်ရည်အားရဲ့ အဆ ၂၀ ပိုများပါတယ်။

ဒီဆွီဒင်ထုတ် စက်အင်ဂျင်ဟာ ၂.၆ စက္ကန့်အတွင်း 0.99kmh အရှိန်ဖြင့် စတင်မောင်းနင်နိုင်ပြီး အမြင့်ဆုံးအရှိန်ကို တစ်နာရီ ၄၃၉ ကီလိုမီတာထိ ခရီးပေါက်နိုင်ပါတယ်။ ကားကို ပုံစံ ၆ မျိုးဖြင့်သာ ထုတ်လုပ်ထားပြီး အဲဒီအနက် တစ်စီးကို Berkshire၊ Sunningdale က စူပါကား အရောင်းကုမ္မဏီတစ်ခုဖြစ်တဲ့ Supervettura ကို ရောင်းချခဲ့ပါတယ်။

၎င်းအရောင်းကုမ္ပဏီက ၉.၉ မီလျံထိ ကားကို ဈေးတင်ရောင်းချခဲ့ကာ ဈေးကွက်သို့ ဝင်ရောက်ခဲ့ဖူးသမျှထဲ ဈေးအမြင့်ဆုံး မော်ဒယ်တစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီကားကို ၂၀၁၆ ဇန်နဝါရီလထဲမှာ စတင်ရာင်းချဖို့အတွက် အဆင်သင့်ရှိနေမှာ ဖြစ်ကြောင်း သိရပါတယ်။  

Ref:news.com.au

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.