‘Kimoji’ လို့ ခေါ်တဲ့ ကိုယ်ပိုင် messenger ရုပ်ပုံသင်္ကေတတွေကို ထုတ်လိုက်ပြန်တဲ့ Kim Kardashian

index.jpeg

နာမည်ကျော် လက်တွေ့ ဘ၀ရုပ်သံအစီအစဉ်တင်ဆက်သူ Kim Kardashian ဟာ တနင်္ဂနွေနေ့ က သူမရဲ့ Instagram ပရိသတ်သန်းပေါင်းများစွာကို စိတ်လှုပ်ရှားစရာသတင်းတစ်ပုဒ် ကြေငြာခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် Kim ဟာ Instagram မှာ ဓာတ်ပုံတစ်ပုံ တင်ခဲ့ပြီး “ Kimoji application မနက်ဖြန် ထွက်ပါပြီ” လို့ စာရေးထားခဲ့ပါတယ်။

ဓာတ်ပုံမှာပါဝင်တဲ့ လက်ရွေးစင် emoji တွေကတော့ လက်ခလယ်ထောင်ပြနေတဲ့လက်ပုံ၊ ရေကူးဝတ်စုံနဲ့ သူမရဲ့ကာတွန်းပုံ တို့ ပါဝင်ပြီး စိတ်လှုပ်ရှားစရာအကောင်းဆုံး emoji ကတော့ ကိုယ့်တင်ပါးကို selfie ပြန်ရိုက်နေတဲ့သူမရဲ့ပုံ တို့ ဖြစ်ပါတယ်။ မကြာမီက ဒုတိယမြောက်သားလေး Saint West ကို မွေးဖွားခဲ့တဲ့ Kim ဟာ  Instagram မှာ follower ပေါင်း ၅၅ သန်းပြည့်သွားတဲ့အတွက် ပရိတ်သတ်တွေကို အနမ်းခြွေနေတဲ့သူမရဲ့ selfie ပုံ ကို တင်ခဲ့ပြီးနောက်၊ အဲဒီနေ့ မှာပဲ ‘Kimoji’ app ကို ကြေငြာခဲ့တာဖြစ်ပါတယ်။

Kim Kardashian ပရိတ်သတ်တွေရဲ့ စိတ်လှုပ်ရှားမှုက ဒီမှာတင် ရပ်မသွားပါဘူး။ အဆိုပါ တနင်္ဂနွေနေ့ မှာပဲ  ဒေါ်လာ ၈၅ သန်းလောက် ကြွယ်ဝချမ်းသာတဲ့ Kim Kardashian ဟာ သူမရဲ့ ၀က်ဘ်ဆိုဒ်မှာလည်း ခရစ်စမတ် လက်ဆောင်တွေကို အလွယ်တကူ ဘယ်လိုထုပ်ပိုးရမလဲဆိုတာကိုလည်း လမ်းညွှန်ပြသခဲ့ပါသေးတယ်။

Ref: DailyMail

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.