လွန်ခဲ့သည့်နှစ်(၂၀)က အတွေ့အကြုံမျိုးပြန်မခံစားချင်တော့ဟု ပြင်သစ်နည်းပြပြောပြ

a.jpg

လာမည့် စနေနေ့နံနက်အစောပိုင်းတွင် ယူကရိန်းနိုင်ငံသို့သွားရောက်ကစားရမည့် ဥရောပဇုန်ခြေစစ်ပွဲ  Play-off ပထမအကျော့မတိုင်ခင်တွင် ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်ချမ့်က ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ၄င်းတွေ့ကြုံခဲ့သောခါးသီးသည့်ဖြစ်ရပ်များကို အမှတ်ရနေမိကြောင်း ပြောလာခဲ့သည်။ ပြင်သစ်မှာ ၁၉၉၄ကမ္ဘာ့ ဖလားပြိုင်ပွဲ၏ Play-off အဆင့်တွင် ဘူလ်ဂေးရီးယားအသင်းအား နှစ်ကျော့ပေါင်းအရေးနိမ့်ကာ ခြေစစ်ပွဲမ အောင်ခဲ့စဉ်အခါက ဒက်ချမ့်မှာ ကစားသမားအဖြစ်ပါဝင်ခဲ့သည်။ “ ဒီဖြစ်ရပ်က နှစ်ပေါင်း ၂၀ ကြာခဲ့ပေမယ့် လည်း ကျွန်တော့မှတ်ဥာဏ်ထဲ စွဲနစ်နေဆဲဖြစ်ပါတယ်။ ဒါမျိုး အတွေ့အကြုံကို ထပ်ပြီးမကြုံချင်တော့ပါဘူး။  ငါးရက်အတွင်းမှာ နှစ်ပွဲကစားရမှာဖြစ်ပြီး အမှတ်တွေအတွက် မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင် ဖို့အတွက်ပါ။ ဒီပွဲတွေက အရမ်းကိုထူးခြားပါတယ်။ တစ်ပတ်ထဲမှာ အသင်းတစ်သင်းနဲ့ နှစ်ကြိမ်ကစားဖို့ဆိုတာ က မကြာခဏဖြစ်တတ်တာတော့မဟုတ်ပါဘူး။ သူတို့က စုစည်းမှုအားကောင်းပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့အ သင်းတစ်သင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၁၂)လအတွင်းက ယူကရိန်းရဲ့ပွဲစဉ်တွေကို သေသေချာချာလေ့လာခဲ့ပြီးပါ ပြီ။ သူတို့ရဲ့အကောင်းဆုံးကစားသမားနှစ်ဦးကတော့ တောင်ပံကစားသမားနှစ်ဦးဖြစ်ပါတယ်။ ယက်ဗ်ဟန်ကွန် နိုပလိုင်ယန်ကာနဲ့ အန်ဒရိယာမိုလန်ကိုတို့ရဲ့ တောင်ပံတိုက်စစ်ဆင်မှုတွေကို သတိထားထိန်းချုပ်ရလိမ့်မယ်”ဟု ဒီဒီယာဒက်ချမ့်က ပြောခဲ့သည်။­­

ပြင်သစ်အသင်းမှာ ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(ခ)တွင် ဒုတိယနေရာရခဲ့သဖြင့် နောက်ဆုံး Play-off အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.