Frozen ထဲက မင်းသမီးလေး Elsa နဲ့ တစ်ထေရာတည်းတူတဲ့ ဘရာဇီးနိုင်ငံက ပင်ကိုယ်အလှရှင်မလေး

index.jpeg

ဘရာဇီးလ်နိုင်ငံ၊ Blumenau မြို့ က အသက် ၂၃ နှစ်အရွယ် Andressa Damiani ဟာ Elsa ရဲ့ မျက်နှာ အသွင်အပြင်နဲ့ တစ်ထေရာတည်းနီးပါး တူညီပြီး၊ အရုပ်မလေးရဲ့ ပြူးကျယ်ရွှန်းလဲ့တဲ့ မျက်လုံးပုံစံအတိုင်း ရအောင်လို့ မျက်ကပ်မှန်တပ်ထားတာကလွဲလို့  ခွဲစိတ်ပြုပြင်မှု တစ်ခုမှ မလုပ်ထားဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် သူမရဲ့ ကြွေရုပ်မလေးလို လှပတဲ့ မျက်နှာအသွင်အပြင်ကြောင့် လမ်းမှာတွေ့ တဲ့ တစ်ချို့ လူတွေ ကြောက်လန့် တကြားဖြစ်ရပြီး ညဘက် သူမလမ်းလျှောက်လာတာ မြင်တဲ့လူတွေဆိုရင် ထွက်ပြေးကြတာ မျိုး တောင်ရှိတယ်လို့ Andressa က ၀န်ခံပြောကြားခဲ့ပါတယ်။  တိရိစ္ဆာန်အထူးကုဆရာဝန်လည်း ဖြစ်တဲ့  Andressa ဟာ Disney ရဲ့ ကာတွန်းရုပ်ရှင်ကား Frozen ထဲက မင်းသမီးလေး Elsa နဲ့ တော်တော်တူတာမို့  သူမကတွေ့ တဲ့ လမ်းသွားလမ်းလာတွေက ‘Elsa’ လို့ ခေါ်ရာကနေ ဘရာဇီးနိုင်ငံမှာ နာမည်ကြီးသွားခဲ့သူ ဖြစ်ပါတယ်။

ဒီလို အရုပ်နဲ့ တူတဲ့အသွင်အပြင်ကို ရဖို့ အတွက် မိတ်ကပ်အနည်းငယ်သာ လိမ်းထားပြီး အစာလျှော့စားတာ လေ့ကျင့်ခန်းလုပ်တာတွေ တစ်ခုမျှမရှိဘူးလို့ လည်း တိရိစ္ဆာန်ဆရာဝန်မလေးက ဆိုပါတယ်။
“ ကျွန်မ မှတ်မိသလောက်တော့ အရင်ကတည်းက အရုပ်နဲ့ တူတာရှင့်။ မိတ်ကပ်တွေ အထူကြီး မလိမ်းတတ်သလို၊ အစားအသောက်ကို အတိုင်းအချင့်နဲ့ လည်း မစားတတ်ဘူး။ လေ့ကျင့်ခန်းဆိုလို့  ခွေးနဲ့ လမ်းလျှောက်တာပဲ ရှိပါတယ်။ အရုပ်မလေးနဲ့ တူတာကို ကျွန်မကြိုက်တာပေါ့။ ကျွန်မကိုချစ်တဲ့ ပရိသတ်တွေဆီက ချစ်ဖို့ ကောင်းတဲ့ မက်ဆေ့တွေ အများကြီးရတယ်။ ဒါပေမယ့် ဝေဖန်တာတွေလည်း တွေ့ ရတယ်”လို့ သူမက ပြောပါတယ်။

Andressa က သူမအနေနဲ့ ပလတ်စတစ်ဆာဂျရီ တစ်ခုမှ မလုပ်ထားဖူးလို့ ပြောတော့ လူတွေက မယုံချင်ကြဘူးလို့ ဆိုပါတယ်။ သူက အရမ်းပိန်နေတဲ့အတွက် ကိုယ့်ကိုကိုယ် အစာငတ်ခံနေတယ်လို့ လည်း လူတွေက ထင်နေကြပြီး၊ သူ့ ကို လူလိမ်လူညာ လို့ ခေါ်ကြတယ်လို့  Andressa က ဘရာဇီးနိုင်ငံက တီဗီအစီအစဉ် မှာ ပါဝင်စဉ်က ပြောပြခဲ့ပါတယ်။၂၀၁၂ ခုနှစ်မှာ Andressa ဟာ သူမရဲ့ ရုပ်ရည်နဲ့ သူမရဲ့ ဘ၀အကြောင်း Youtube video တွေ စတင်တင်ခဲ့ပြီး ဘရာဇီးနိုင်ငံမှာ ပရိသတ်အခိုင်အမာရရှိခဲ့ကာ Instagram မှာလည်း follower ပေါင်း ၈ သောင်းနီးပါး ရရှိ ထားပါတယ်။

Ref: Mirror

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.