အက်ရှင်၊ ဟာသ၊ ဒရာမာ သုံးမျိုးစလုံး ခံစားကြည့်ရှုနိုင်မယ့် Criminal Activities

criminal_activities_xlg1.jpg

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ အမေရိကန် အက်ရှင် ဟာသ ဒရာမ ရောနှောထားတဲ့ Criminal Activities ဆိုတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ရာဇ၀တ်မှု တစ်ခုထဲ ပါဝင်သွားခဲ့ရတဲ့ လူငယ် ၄ ယောက်ရဲ့ အကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ။ ဇာတ်ညွှန်းက တော့ လှည့်ကွက်တွေများစွာ သုံးထားတဲ့ အတွက် အဆုံးသတ်ရောက်မှ ဇာတ်လမ်းရဲ့ သဘော ကို နားလည် သဘောပေါက်သွားမှာပါ။

ဇာတ်လမ်းရဲ့ အစမှာတော့ Zach ၊ Warren ၊ Bryce တို့ ၃ ယောက်ဟာ သူငယ်ချင်း တစ်ယောက်ရဲ့ ဈာပန အခမ်းအနားမှာ ပြန်လည်ဆုံဆည်းခဲ့ပါတယ်။ အဲဒီမှာ ကျောင်းတုန်းက အပယ်ခံဖြစ်ခဲ့ရတဲ့ ဆေးခြောက်သမား Noah နဲ့လည်း ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ Noah က သူငယ်ချင်းတွေကို ကုမ္မဏီ တစ်ခုမှာ စတော့ ရှယ်ယာ ရင်းနှီးမြှပ်နှံဖို့ တိုက်တွန်းခဲ့ပါတယ်။ Noah က သူ့အသိ တစ်ယောက်ဆီက ပိုက်ဆံချေးပေးမယ်လို့ သဘောတူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ စတော့ရှယ်ယာ ၀ယ်ထားတဲ့ ကုမ္မဏီက ဒေ၀ါလီ ခံခဲ့ရပါတယ်။

Noah ပိုက်ဆံချေးထားတဲ့ ပိုင်ရှင် Eddie ဆိုသူက Zach က ဖမ်းခေါ်သွားပြီး သူတို့ ၄ ယောက်နဲ့ တွေ့ချင်တဲ့ အကြောင်းပြောတဲ့အတွက် သူငယ်ချင်း ၄ ယောက်နဲ့ Eddie နဲ့ တွေ့တဲ့အခါမှာ Eddie က သူ့ရဲ့ တူမလေးကို ဖမ်းထားတဲ့ မူးယစ် ဂိုဏ်းခေါင်းဆောင် တစ်ယောက် ရဲ့ တူ ကို ပြန်ဖမ်းခိုင်းပါတယ်။ အဲဒီလိုနဲ့ သူငယ်ချင်း ၄ ယောက်ဟာ Marques ဆိုတဲ့ ကပ္ပလီတစ်ယောက်ကို ဖမ်းပေးခဲ့ရပါတယ်။ အဲဒီလို ဖမ်းပြီးတဲ့နောက်မှာလည်း သူငယ်ချင်း ၄ ယောက်က ပဲ Marques ကို စောင့်ကြည့်ပြီး Eddie ကို စောင့်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူတို့ထင်ထားသလို ဖြစ်မနေပဲ Noah ကသာ ဒီဖြစ်စဉ် တစ်ခုလုံးကို လှည့်ကွက်တွေနဲ့ ထိန်းချုပ်နေခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ John Travolta လို အက်ရှင်မင်းသား တစ်ယောက်အတွက် ဟာသ အရမ်းဆန်တဲ့ ဇာတ်ကွက်တွေနဲ့ အစပိုင်းမှာ သရုပ်ဆောင်နေတာကိုတွေ့ရင် ဒီဇာတ်လမ်းကို ဟာသ ဇာတ်လမ်းတစ်ခုလို ထင်မှတ်မိသွားမှာပါ။ ဟုတ်ပါတယ် ၊ ဇာတ်လမ်းရဲ့ အစပိုင်းက ဟာသ ဇာတ်ကွက်တွေနဲ့သာ ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဇာတ်လမ်းရဲ့ အလယ်ပိုင်းမှာ အက်ရှင်ဘက် အနည်းငယ် ပြောင်းသွားကာ ဇာတ်သိမ်းပိုင်းကတော့ ဒရာမ ဆန်ဆန် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ဒီဇာတ်လမ်းကို ကြည့်တဲ့အခါမှာ ဇာတ်လမ်းရဲ့ အစပိုင်းနဲ့ တင် ကောင်းသည် ဆိုးသည် မဆုံးဖြတ်ပဲ အဆုံးထိ ဆက်လက် ကြည့်ရှုမှသာ ဇာတ်လမ်းရဲ့ သဘောတရားကို နားလည်နိုင်မှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ အဓိက ပါဝင် သရုပ်ဆောင်ထားတာတွေကတော့ John Travolta ၊ Michael Pitt ၊ Dan Stevens ၊ Christopher Abbott ၊ Rob Brown ၊ Edi Gathegi တို့ပဲ ဖြစ်ပြီး ဒါရိုက်တာကတော့ Jackie Earle Haley ပဲ ဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.