ရွှေဇွန်းကိုက်ပြီး ရန်ကုန်မှာ ကြီးပြင်းလာရသူ မဟုတ်တဲ့အတွက် ကြိုးစားသလောက်ရလာတဲ့ရလာဒ်ကို တန်ဖိုးထားတယ်ဆိုတဲ့ ခေးဆက်သွင်

12386499_1685862875005957_723781306_n.jpg

အနုပညာသက်တမ်း ခြောက်နှစ်အတွင်းမှာ Flowers and butterfly ၊ happy beach ၊ အိမ်နီးချင်းစတဲ့ MRTV – 4 ကစီစဉ်ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲများမှာ ခေါင်းဆောင်အနေနဲ့ရိုက်ကူးလာခဲ့ပြီး လက်ရှိမှာ MRTV -4 က စီစဉ်ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီးမှာလဲ ပါဝင်သရုပ်ဆောင်နေတယ်လို့သိရတဲ့ ခေးဆက်သွင်နဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်သမျှကတော့

"အခုရိုက်နေတဲ့ ကားလေးကို လောလောဆယ်တော့ ကွန်ယက်ကကြိုးလို့ နာမည်ပေးထားတယ်။ လူငယ်ကားလေးပါပဲ။ လူငယ်ဇာတ်လမ်းလေးပဲပေါ့။ ဖေ့စ်ဘွတ်ခ်ကို မှားယွင်းပြီး သုံးစွဲမိရင် မကောင်းတဲ့ အကျိုးကျေးဇူးကို ခံစားရမယ်ဆိုတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီထဲမှာ ညီမက အရမ်းအေးတယ်။ အရမ်းရိုးတယ်။ မြန်မာဆန်ဆန်လေးနေတတ်တယ်။ အေးအေးဆေးဆေးနေတတ်တဲ့ကောင်မလေး တစ်ယောက်ပါ။ ဒီကားကြီးအပြင် ညီမသေမင်း တည်ခင်းတဲ့ ညလယ်စာဆိုတဲ့ ကားမှာလဲ အရမ်းကို ဆက်ဆီဖြစ်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။"လို့ သူမက ဖွင့်ဟပါတယ်။

ဒါ့အပြင် ဒီကားက ကားကြီးဖြစ်တဲ့အတွက် မရိုက်ခင်ကတည်းက သူမအနေနဲ့ ပြင်ဆင်ထားပုံတွေကိုလည်း သူမက"လွန်ခဲ့တဲ့ တစ်လလောက် ဇာတ်လမ်းရကတည်းက ပြင်ဆင်ထားတဲ့အတွက် သိပ်အခက်အခဲမရှိဘူး။ အ၀တ်အစားကအစ ဒိုင်ယာလော့ခ်ပြောရမဲ့ စကားလုံး ကာရိုက်တာ အားလုံး အရမ်းကို ပြင်ဆင်ခဲ့တယ်။ ဒီကားကို မရိုက်ခင် မရေမတွက်နိုင်အောင် meeting တွေ ခဏခဏ ထိုင်ကြတယ်။ မိတ်ကပ် test တွေ ခဏခဏ လုပ်ကြတယ်။ အ၀တ်အစား နဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်"တဲ့။

ရိုက်ထားပြီးသား ဇာတ်လမ်းတွဲတွေနဲ့ပတ်သက်ပြီး ပရိသတ်အားပေးမှုကို မေးမြန်းဖြစ်တဲ့အခါမှာတော့ "Flowers and butterfly တုန်းကလဲ အားပေးကြတယ်။ ကလေးတွေကအစ အရမ်းချစ်ပြီး လက်ခံပေးကြတယ်။ happy beach ကကျတော့ လူအရမ်းများတဲ့အတွက် မသိလိုက်ဘူးလို့ထင်တယ်။ နောက် အိမ်နီးချင်းကိုလဲ အားပေးကြတယ်။ အဲ့ဒီအတွက်လဲ ၀မ်းသာကျေနပ်မိပါတယ်။ MRTV -4 မတိုင်ခင် နှစ်နှစ်ကျော်လောက်ကတည်းက Talents & Model တို့ဆီကနေ ဒီလောကထဲကို ရောက်လာခဲ့တယ်။ ပြီးတော့ MRTV -4 မှာ Talent ၀င်ပြိုင်ရင်းနဲ့ဇာတ်လမ်းတွဲတွေက တစ်ဆင့် ဒီလောကထဲကို ရောက်လာခဲ့တာပါ။ MRTV -4 နဲ့က နှစ်နှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါ ဆိုတော့ အခုဆို ၄ နှစ်ရှိပါပြီ။ စာချုပ်ကာလကတော့ အခု၎လ၊ ၅လ၊ ၆လလောက်တော့ ကျန်ပါသေးတယ်။ ထပ်ချုပ်ဖြစ်ဖို့ကတော့ အားလုံး ပြန်ညှိရဦးမှာပေါ့။ MRTV-4 နဲ့စာချုပ်ချုပ်ထားပေမဲ့ အပြင်အနေနဲ့ဆို နန်းကြီးသုပ်ကြော်ငြာ ရိုက်ဖြစ်တယ်။ Signal ကြော်ငြာ၊ အမ်တီဗီတွေများသောအားဖြင့်ရိုက်ဖြစ်ပါတယ်။ အပြင်တိုက်တွေနဲ့လဲ ကားရိုက်ဖို့ပြောထားတာတွေရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့်ပြတ်သွားတယ်ပေါ့။ ကမ်းလှမ်းလာရင်လဲ ရိုက်ကူးဖြစ်မှာပါ"လို့ သူမက ပြောပါတယ်။

လျှောက်လှမ်းလာတဲ့ အနုပညာသက်တမ်း ၆ နှစ်အတွင်းမှာ သူမရဲ့ ကြိုးစားမှုတွေနဲ့ပတ်သက်ပြီး သူမက "ကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ ညီမကရွှေဇွန်းကိုက်ပြီး ရန်ကုန်မှာကြီးလာတာမဟုတ်ဘူးလေ။ နယ်ကတက်လာပြီး ကိုယ့်ဟာကိုယ် တစ်ယောက်တည်းကြိုးစားလာရတာပါ။ ဒီနေရာထိရောက်လာဖို့ကညီမအတွက် အရမ်းကိုခက်ခဲတယ်။ အရမ်းကိုမြင့်တယ်။ ကြိုးစားသလောက်ရလာတဲ့ရလာဒ်ကိုတန်ဖိုးထားပါတယ်"တဲ့။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.