ဒီပစ္စည်းနှစ်မျိုးတည်းဖြင့် ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်

index.png

ဆားနဲ့ ပျားရည်လေးရှိရင် မနက် မူးနောက်နောက် အိပ်ရာထတာမျိုး ကင်းဝေးပြီဆိုတာ သိပါသလား။ ဆားက သောကဖိစီးမှုလျော့ပါးစေပြီး ပိုမိုကောင်းမွန်စွာအိပ်ပျော်စေနိုင်ပါတယ်။

၁။ Oxytocin ပမာဏ မြင့်တက်စေ

ဆားက ခန္ဓာကိုယ်ရှိ oxytocin ပမာဏကို မြင့်တက်စေပါတယ်။ Oxytocin ဆိုတာက သက်သောင့်သက်သာ၊ စိတ်ပြေလက်ပျောက်ဖြစ်စေပြီး ပျော်ရွှင်မှုသုခ ပိုဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။

၂။ ဆားက စိတ်ဖိစီးမှုလျော့နည်းစေ

ဆားမှာ စိတ်ဖိစီးမှုမှာ တမူထူးခြားတဲ့ အကျိုးတက်ရောက်မှုတွေရှိကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ သွေးထဲ ဆိုဒီယမ်လုံလောက်စွာ ပါရှိခြင်းက စိတ်ဖိစီးမှုဖြစ်ပေါ်မှု လျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်ဖြစ်နေကျ စိတ်ဖိစီးမှုတွေ မကြုံရတော့ပါဘူး။

ပျားရည်က မိမိအိပ်စက်ခြင်းကို ဘယ်လောက် ပိုမိုကောင်းမွန်စေလဲဆိုရင်

ပျားရည်မှာ သကြားဓာတ်သွေးထဲ ဝင်ရောက်မှုကို ထိန်းပေးသည့်ဒြပ်ဖြစ်တဲ့ အင်ဆူလင်ကို အနည်းငယ်မြင့်တက်စေနိုင်သည့် သဘာဝသကြားဓာတ် ပါဝင်ပါတယ်။ အင်ဆူလင်က tryptophan ကို ဦးနှောက်အတွင်း ဝင်ရောက်စေပြီး အမှောင်ထဲမှာ melatonin အဖြစ်ပြောင်းသွားစေကာ အိပ်မပျော်ရောဂါတွေ ကုသပေးပါတယ်။ ညမအိပ်ခင် သဘာဝပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ဆေးဘက်ဝင်ရေနွေးကြမ်း တစ်ခွက်ဖော်စပ်ပြီး နောက်တစ်နေ့ လန်းဆန်းပြီး အားအင်အပြည့်နဲ့ နိုးထနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

သဘာဝပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း

ဆား လက်ဖက်ရည်ဇွန်းနဲ့ ၄ပုံ ၁ပုံ

လမ်းညွန်ချက်

သဘာဝပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ဆား လက်ဖက်ဇွန်း ၄ပုံ ၁ပုံ ရောစပ်ပေးရမှာ ဖြစ်ပါတယ်။

Ref:1mhealthtips

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.