ကုမ္ပဏီဝန်းထမ်းပျိုမေတွေ ၂၀၁၆ဖက်ရှင်အတွက် ဘယ်လိုစတိုင်လ်မျိုးတွေ ပြောင်းလဲဝတ်ဆင်သင့်တယ်ဆိုတာ

power-dressing-2016-angelina-jolie-h724.jpg

သင့်အလုပ်က ကုမ္ပဏီအလုပ်မို့၊ စမတ်ကျကျ ၀တ်ဆင်ရတဲ့အလုပ်မို့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ဖက်ရှင်တွေနဲ့ နေ့တိုင်းကုန်ဆုံးနေစရာ မလိုပါဘူး။ လာမယ့် ၂၀၁၆ခုနှစ်မှာ အလုပ်အတွက် Power Dress တွေ ၀တ်ဆင်တော့မယ်ဆိုရင် ဒီလို စည်းမျဉ်းလေး (၅)ခုလောက်ချမှတ်ပြီး အမိုက်စား ၀တ်ဆင်ကြည့်လိုက်ပါ။ ဖက်ရှင်ဆိုတာ ပျင်းရိငြီးငွေ့စရာမှ မဟုတ်တာ။

၁။ပွင့်ခက်၊ဒီဇိုင်းတွေနဲ့ ရှုပ်ယှက်ခတ်အောင် ၀တ်ဆင်ဖို့ အဆင့်သင့်ဖြစ်နေပါစေ။

အပေါ်အကျီကအပွင့်၊ အောက်က စတိုင်လ်ဘောင်းဘီက အစင်းဖြစ်နေလို့ အူကြောင်ကြောင် ဖြစ်နေစရာ မရှိပါဘူး။ သင့်အမြင်မှာ အဲ့ဒီနှစ်ခုဟာ လိုက်ဖက်မှုရှိတယ်လို့ ထင်တာနဲ့ တွဲဝတ်ပစ်လိုက်ပါ။ အပေါ်က အစင်း၊ အောက်က အစင်းဖြစ်နေလို့၊ အပေါ်က အ၀ိုင်းတွေ၊ အစက်တွေ၊ အောက်က အစင်းဖြစ်နေလို့ ကြောင်တောင်တောင် ဖြစ်လိုက်တာ ဆိုတဲ့ ခေတ်က နောက်မှာ ကျန်ခဲ့ပါပြီ။

၂။သင်အပေါ်က ထပ်ဝတ်နေကျ suit ဒီဇိုင်းတွေက အမိုက်စားဖြစ်နေဖို့ လိုပါတယ်။

သင့်အကျီနဲ့ဘောင်းဘီ ဘယ်လောက်မိုက်နေပါစေ။ အပေါ်က ထပ်ဝတ်ထားတဲ့ suit ဒီဇိုင်းက ဂွမ်းနေမယ်ဆိုရင် ၀တ်စုံတစ်ခုလုံး ဘာမှထူးခြားနေမှာ မဟုတ်ပါဘူး။ ဒီတော့ သင်အပေါ်က ထပ်ဝတ်မယ့် ကုတ် ဒါမှမဟုတ် suit ဒီဇိုင်းတွေက ဆန်းနေရပါလိမ့်မယ်။

၃။ဘောင်းဘီဒီဇိုင်း ခပ်မိုက်မိုက်လေးတွေကို စုဆောင်းပါ။

ရုံးတက်၊ ကုမ္ပဏီသွားရတာမို့ စတိုင်ဘောင်းဘီကလွဲပြီး ဘာမှဝတ်လို့မရဘူးလား။ ဒါဆိုရင်လည်း စတိုင်ဘောင်းဘီကိုမှ ဒီဇိုင်းဆန်းလေးတွေ ရှာကြည့်ပါ။ အဆင်ခပ်မိုက်မိုက်လေးတွေ၊ ဒါမှမဟုတ် ဘောင်းဘီဒီဇိုင်းကို ကွန့်ထားတဲ့ ပုံလေးတွေပေါ့။

၎။ကာလာလေးတွေလည်း ၀တ်ပေးပါ။

သင်ဟာ မီးခိုးရောင်၊အနက်တွေလို အမှိုင်းတွေချည်း ၀တ်နေတတ်သူဆိုရင် လာမယ့် ၂၀၁၆မှာ သင့်ဝတ်စုံအတွက် ကာလာအမိုက်စားလေးတွေ ဖြည့်ပေးဖို့ လိုလာပါပြီ။ လွင်တဲ့ကာလာလေးတွေက သင့်ကို လန်းဆန်းတက်ကြွစေတယ်ဆိုတာ မမေ့ပါနဲ့။

၅။ကာလာအဖြူ ၀တ်ဖို့လည်း မကြောက်ပါနဲ့။

အဖြူဟာ ဂန္တ၀င်ဆန်တဲ့အရောင်တစ်ရောင်ပါ။ ဒါ့အပြင် ခေတ်ရှေ့ပြေးတဲ့အရောင်ဆိုရင်လည်း မမှားပါဘူး။ အဖြူရောင်ကို စကတ်၊ ဘောင်းဘီ ၀တ်ရဲတဲ့သူနည်းပါတယ်။ တကယ်တော့ အဖြူဟာ စွဲဆောင်မှုရှိတဲ့အရောင်ဖြစ်သလို အဖြူရောင်နဲ့ မလိုက်တဲ့သူဆိုတာလည်း မရှိပါဘူး။

Ref:glamour

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.