‘The Revenant’ ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်ခန်းမှာ ဘိုင်စင်ကျွဲရိုင်းအသည်းကို တကယ်အစိမ်းလိုက်စားခဲ့ကြောင်း Leonardo DiCaprio ဖွင့်ဟ

index.jpeg

Leonardo DiCaprio ဟာ သူ့ ရဲ့ ရုပ်ရှင်ကားတွေမှာ သဘာဝကျကျ သရုပ်ဆောင်တတ်သူအဖြစ် နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ရဲ့ ဘ၀၊ ခံစားချက်တွေကို ကိုယ်တိုင်ခံစားပြီး သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ အသက် ၄၁ နှစ်အရွယ်မင်းသား Leonardo က Variety မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဇာတ်ဝင်ပစ္စည်းအဖွဲ့ က ဖန်တီးပေးထားတဲ့ ဂျယ်လီနဲ့ လုပ်ထားတဲ့အသည်းအတုကို စားပြ သရုပ်ဆောင်ဖို့  ငြင်းခဲ့တယ်လို့  ပြောပြခဲ့ပါတယ်။

အသည်းအတုအစား၊ Leo ဟာ တကယ့် ဘိုင်စင်ကျွဲရိုင်းရဲ့အသည်းအစိမ်းကို မရမကတောင်းဆိုခဲ့တယ်လို့  ဆိုပါတယ်။ Leo ရဲ့ ဒီသဘာဝကျကျ သရုပ်ဆောင်ချက်ဇာတ်ဝင်ခန်းကို မကြာခင်ထွက်ရှိမယ့် သမိုင်းကြောင်း အခြေခံ၊စွန့် စားခန်းရုပ်ရှင် The Revenant မှာ ပရိသတ်တွေ ကြည့်ရှုရမှာဖြစ်ပါတယ်။

“ အဆိုးဆုံးကတော့ အသည်းမှာ အမြှေးပါးတွေ ရှိနေတာပဲ။ ဘောလုံးတစ်လုံးလိုပေါ့။ တစ်ချက် ကိုက်လိုက်တဲ့တာနဲ့ ပါးစပ်ထဲ ပေါက်ထွက်သွားတာပဲ” လို့ Leonardo က သူ့ ရဲ့အသည်းစားအတွေ့ အကြုံကို ပြန်ပြောပြပါတယ်။
‘The Revenant’ ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုမှုာ ဇန်န၀ါရီ ၈ ရက်နေ့ စတင်ထွက်ရှိဖို့  ရက်သတ်မှတ်ထားပြီး ခရစ်စမတ်နေ့ မှာတော့ တစ်ချို့ ရုံအနည်းငယ်မှာ အကန့် အသတ်နဲ့  ပြသွားမှာ ဖြစ်ပါတယ်။

Ref: DailyMail
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.