ဆောင်းတွင်း ရာသီဥတုအေးအေးလေးမှာ ခန္ဓာကိုယ်နွေးထွေးစေပြီး ကိုယ်လေးချိန်လည်း ကျစေမယ့် ဟင်းကောင်းတစ်ခွက်

eat-this-lose-weight.jpg

ခန္ဓာကိုယ်ပိန်ကျချင်တယ် ဆိုပါက အမဲသားကို ငရုတ်သီးနဲ့ ချက်ထားပြီး ထမင်းကို မြိန်ရှက်စွာ သုံးဆောင်စေမယ့် ဟင်းတစ်ပွဲဖြစ်ပါတယ်။ နောက်ပြီး အာသာပြင်းပြမှုတွေ  ပြေပျောက်စေမယ့် အောက်ပါအချက်များကဲ့သို့ ကိုယ်အလေးချိန်ကျစေတဲ့ အရာတွေလည်း အပြည့်ဝပါဝင်လို့ နေပါတယ်။

ပါဝင်ပစ္စည်းများ

မြက်ပင်သာ အများဆုံးကျွေးထားသော ကြိတ်ထားတဲ့ အမဲသား (၁) ပေါင်

လှီးပြီးသားကြက်သွန်နီ ၁/၂ ခွက်

ခရမ်းချဉ်သီး ကြိတ်ချေထားပြီး ၂ ဗူး

ကြက်သွန်ဖြူအမုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်သီးမုန့် ထမင်းစားဇွန်း (၁) ဇွန်း

ဇီရာစေ့အမုန့် လက်ဖက်ရည်ဇွန်းဖြင့် ၄ ပုံ ၃ ပုံ

သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆားလက်ဖက်ရည်ဇွန်း ၄ပုံ ၁ပုံ

ငရုတ်ကောင်းမုန့် လက်ဖက်ရည်ဇွန်းဖြင့် ၄ပုံ ၁ပုံ

ဗိုလ်စားပဲ (၁) ဗူး

ကုလားပဲ (၁) ဗူး

၁။ အမဲသားနဲ့ ကြက်သွန်နီကို လက်ကိုက်တပ်ဒယ်အိုးဖြင့် အမဲသားအညိုရောင်တမ်းလာသည့်အထိ ချက်ပြုတ်ပေးရပါမယ်။

၂။ ပဲများချန်လပ်ထားပြီး ကျန်ပါဝင်ပစ္စည်းအားလုံး ရောမွှေပေးပါ။

၃။ ဆူပွတ်လာသည့်အခါ ပြန်အအေးခံပါ။

၎။ မကြာမကြာ မွှေပေးရင်း တစ်နာရီကြာ အဖုံးပိတ် ဆူရုံကလေးတည်ပါ။

၅။ ဗိုလ်စားပေးနဲ့ ကုလားပဲကို မွှေပေးပါ။

၆။ ပွတ်ပွတ်ဆူအောင်တည်ပြီး ပြန်အအေးခံပါ။

၇။ စိတ်ကြိုက်ပျစ်ပျစ်ကလေးအခြေအနေအတိုင်းမရမချင်း ၁၀ မိနစ်ခန့် အဖုံးဖွင့်လျက် ဆူရုံသာ တည်ပြီး မကြာမကြာ မွှေပေးရပါမယ်။ ။ ဒိန်ချဉ်နဲ့ လှီးထားတဲ့ ကြက်သွန်နီတွေနဲ့  လိုသလို တွဲဖက် တည်ခင်းပေးနိုင်ပါတယ်။ 

Ref: Womenshealthmag

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.